ပြောချင်တာတွေ

0
632

အခုတလော ကျွန်တော်လည်း စိတ်ကျ နေသလားပဲ။ စာတွေဖတ်လိုက် လက်တွေ့ နဲ့ချိန်ထိုးကြည့်လိုက် မဖြစ်လာလိုက် ပြောဆိုရမယ့်သူတွေရှိရင် ပြောကြည့် လိုက်နဲ့ တဖြည်းဖြည်းစိတ်တွေ လေလာတယ်။


သက်ဆိုင်ရာဌာနတွေကို ကျွန်တော် တို့ ရွေးချယ်ထားတဲ့ ဝန်ကြီးတွေက ပြတ်ပြတ် သားသား မကိုင်တွယ်သမျှ ခံနေရဦးမှာပါ လေ။ စာတွေ ရောက်သလား။ သက်ဆိုင် ရာ ဝန်ကြီးချုပ်တွေ ဝန်ကြီးတွေဆီ စာ တစ်စောင်ရောက်ဖို့ ဘယ်လောက်ကြာ သလဲ။ ရောက်တဲ့စာတွေကကော ပြည့်စုံ လား စတဲ့အချက်အလက်တွေကို တွေးမိ နေတုန်းပါ။ ကျွန်တော်ဆို ကျွန်တော့် အီးမေးလ် ပေးထားပါတယ်။ ရုံးကိုလည်း စာပို့ခိုင်းတယ်။ ဒီတော့ ရုံးရောက်တဲ့ စာမှန် မမှန် သိရတာပေါ့။

ရွာကလူတွေက အီးမေးလ် မသုံးတတ်ဘူးလို့ ဆိုလာကြတော့ “ဒီ Facebook Messengerကနေ့ ပို့ပေး ပါဗျာ”လို့ မေတ္တာရပ်ခံထားရင် အဆင်ပြေ ပါတယ်။

ပေးပို့တဲ့သတင်း၊ တိုင်လာတဲ့ တိုင်ကြား စာတိုင်းတော့ ဘယ်မှန်မလဲလေ။ လူတိုင်း အတ္တ ကိုယ်စီနဲ့ပဲ။ ဟုတ် မဟုတ်ကိုတော့ သေချာအောင် ထပ်စုံစမ်းရသေးတာပ။ လူလွှတ်သင့်ရင်လွှတ်၊ ကိုယ်တိုင်သွားသင့် သွား၊ ဖုန်းဆက်သင့်ရင်ဆက်ပေါ့။ အခု က ကျွန်တော်တို့ဝန်ကြီး တချို့ပေါ့လွန်း တယ်။ ဘာသတင်းအချက်အလက်မှ မသိရှာ။ ရတဲ့ သတင်းအချက်အလက်က ဘယ်အရင်းအမြစ်ကလည်းမသိ။ အနီးဆုံး က လူတွေ ပြောသမျှ ခေါင်းညိတ်။ ထွက်လာ တဲ့အဖြေက အပေါ်ကညွှန်ကြားချက်ကို စောင့်နေတယ်ဆိုတာမျိုးလောက်နဲ့ အလုပ်မဖြစ်တော့။
ဝန်ကြီးတွေဆိုတာ တော်မှတတ်မှ ဖြစ်မှာပါ။ တချို့ဆို ဝန်ကြီးကို တိုက်ရိုက် တိုင်ချင်တယ်။

ဝန်ကြီးချုပ်ကို တိုက်ရိုက် တိုင် ချင်တယ်။ ပလက်ဖောင်းမရှိ လမ်း ကြောင်းမရှိ။ ယုတ်စွအဆုံး အစိုးရနဲ့ လွှတ်တော်ကြားမှာတောင် သတင်းအချက် လက် ပြတ်နေတာ ရှိလာတယ်။ ဒါမကောင်း ဘူး။ အထူးသဖြင့် ဌာနတစ်ခုနဲ့တစ်ခု ကြား ပေါင်းစပ်ညှိနှိုင်းရမယ့် ကိစ္စရပ်တွေ၊ ဌာနတစ်ခုနဲ့ တစ်ခုကြား ပဋိပက္ခဖြစ်နေ တဲ့ ဥပဒေတွေ ပြင်ရမယ်ဆိုတော့ ဘယ်လိုလုပ်ကြမတုန်း။

“ဟာ စိတ်မပူနဲ့။ ဒါတွေကို ပြည် ထောင်စုက လုပ်လိမ့်မယ်”လို့ လွယ်လွယ် လေး မပြောပါနဲ့။ ပြည်နယ်နဲ့တိုင်း ဒေသကြီးက တင်ပြချက်တွေ မရှိဘဲ ဘယ်ဟာစပြင်ရမလဲဆိုတာ တွေးသင့် ပါတယ်။

ပြည်နယ်နဲ့ တိုင်းဒေသကြီးအတော် များများ အခမ်းအနားတွေနဲ့ ပိတ်မိနေ တယ်။ ဖွင့်ပွဲတွေ ပိတ်ပွဲတွေနဲ့ လုံးလည် လိုက်နေတယ်။ ဒီလိုနဲ့ လာမယ့် ရွေးကောက် ပွဲ နီးလာလိုက်တာ အသက် ၇၀ ကျော် အမေအို ခမျာ ရုန်းရ ကန်ရဆဲ။

“သားဆိုးအမေ တစ်ပေပေ”တဲ့ တွေးတိုင်း မောမိပါတယ်။

တိုင်းနဲ့ပြည်နယ်တော်တော်များများ မှာ အမှန်တကယ်ကြုံနေရတာ ဗျူရို ကရေစီ ယန္တရားကို အစိုးရက မောင်းနှင် ရမယ့် အစား၊ အစိုးရကို ဗျူရိုကရေစီ ယန္တရားက မောင်းနှင်နေတာကလည်း လက်တွေ့။ လက်သုံးစကားက အတွေ့ အကြုံ မရှိလို့ပါတဲ့။ လေးနှစ်ကျော်လုပြီ၊ ကိုယ့်အောက်ဌာနတွေအကြောင်းကို ထောင်းလမောင်းကြေအောင်သိသင့်ပြီ။ အစိုးရ အဖွဲ့အတွက် R & D (သုတေသန) ကို သေချာပြုလုပ်သင့်ပြီ။ အရည်အချင်း ရှိသူကို နေရာပေးတဲ့ စနစ်ရှိသင့်ပြီ။ ပြည်သူနဲ့အစိုးရကြား ယုံကြည်မှု ပြန်တည် ဆောက်ရမယ့်အချိန်ပါ။

အခုတလော တွေ့ဆုံပွဲတွေ ဆက်တိုက် လုပ်နေတယ်။ ပြည်သူ၊ အစိုးရ၊ လွှတ်တော် သုံးပွင့်ဆိုင်တွေ့ဆုံပွဲတွေ ဆက်တိုက် လုပ်နေတယ်။ ဘယ်သူစီစဉ်လဲတော့မသိ။ ပါတီယူနီဖောင်းချွတ်ပြီး ပြည်သူလို့ ပြောနေတာမျိုး မဖြစ်ဖို့ လိုတယ်။ တွေ့ဆုံ ပွဲတွေမှာ မကျေနပ်တာရော ကျေနပ်တာ ပါ ပြောရင် သည်းခံရမှာပါ။ ကျွန်တော် ဖြစ်စေချင်တာက ပြည်သူကို အလွန်အမင်း ဒုက္ခပေးနေသော အရာရှိဆိုးများကို တိတိ ကျကျ အရေးယူစေလိုတာပါ။ ပြီးတော့ ပြည်သူကတင်ပြတဲ့ အချက်အလက် တွေကို ကွင်းဆင်းစစ်ဆေး။ ဟုတ်ရင်လည်း အရေးယူ၊ မဟုတ်ရင်လည်း မဟုတ် ကြောင်းတင်ပြသူတွေဆီ အကြောင်းပြန် သင့်ပါတယ်။

အခုက တိုင်တဲ့ ပြည်သူတွေကိုပဲ အပြစ်တင်နေသံတွေ ပြန်ကြားရတာတော့ စိတ်မကောင်းလှ။ ဝန်ထမ်းတွေ လုပ်သမျှ အစိုးရခေါင်းပုံကျနေတာလည်းမဆန်း။ စာရွက်လေးတစ်ခုရဖို့ စားပွဲပေါင်းများစွာ ရုံးပေါင်းများစွာသွားနေရတဲ့အဖြစ်ကို ဖြေလျှော့ဖို့ One Stop Service ကလည်း တကယ်အကောင်ထည်မပေါ်လာ။ ညွှန် ချုပ်တွေ ညွှန်မှူးတွေစကားက ဝန်ကြီး တွေစကားထက်ပိုပြီး စူးရှနေတော့ ကိုယ့် အစိုးရကို လူမလေးတော့။ ဒီတော့ ပြင်မလား၊ ဒီအတိုင်းဆက်သွားမလား စဉ်းစားပါ။

နိုင်ငံတော်အကျိုးစီးပွားကို အမှန် တကယ် ထိခိုက်နေတဲ့ကိစ္စတွေ ဖြစ်တဲ့ မြေယာဥပဒေချိုး ဖောက်မှု၊ အခွန်ရှောင်မှု၊ တရားမဝင်ကုန်သွယ်မှု သယံဇာတ ထုတ်ယူသုံးစွဲမှုတွေနဲ့ ရင်းနှီးမြှုပ်နှံမှု ကိစ္စရပ်တွေမှာ တရားဥပဒေနဲ့ အညီ ဆောင်ရွက်သင့်ပြီ။ လိပ်ခဲတည်း လည်းကိစ္စရပ်များ ရှင်းသင့်ပါပြီ။

အခမ်းအနား ပေါင်းစုံတက်နေမယ့် အစား ပြည်သူအတွက် လုပ်သာကိုင်သာ ဖြစ်စေမယ့် public service (ပြည်သူ့ ဝန်ဆောင်မှု) စစ်စစ်ဖြစ်အောင် ကြိုးစားမောင်းနှင်သင့်ပါကြောင်း။

ခိုင်ဦး