တနင်္သာရီငှက်သိုက် လုပ်ငန်းရှင်များ အသင်းစဖွဲ့

0
601

မြိတ်ဒေသအတွင်းရှိ ဇီ၀ဇိုးငှက် သိုက်လုပ်ငန်းရှင်များ စုပေါင်း၍ တနင်္သာရီငှက်သိုက် လုပ်ငန်းရှင်များ အသင်းကို စတင်ဖွဲ့စည်းလိုက်သည်။

မြိတ်ခရိုင်အတွင်းရှိ ငှက်သိုက် လုပ်ငန်းရှင် ၄၀ ဦးကျော်ဖြင့် နိုဝင်ဘာလ ၃၀ ရက်က အသင်းကိုဖွဲ့စည်းခဲ့ကြောင်း အလုပ်အမှုဆောင် တစ်ဦးဖြစ်သည့် ငှက် သိုက်လုပ်ငန်းရှင် ကိုဟန်မင်းစိုးက ပြောသည်။

ဒေသတွင်းရှိ လုပ်ငန်းရှင်အချင်း ချင်း ချိတ်ဆက်ကာ နည်းပညာနှင့်ပတ်သက် ပြီး အကူအညီပေးသွားရန်၊လုပ်ငန်းရှင် များ၏ အခက်အခဲနှင့် လိုအပ်သည့်အကူ အညီများ အစိုးရသို့တင်ပြသွားရန်၊ အစိုးရမှ ပံ့ပိုးပေးမည့် နည်းပညာများဖြင့် ကုန်ကြမ်းမှ ကုန်ချောအဖြစ်သို့ ပြောင်း လဲထုတ်လုပ်သွားနိုင်ရန် ရည်ရွယ်ချက်ဖြင့် အသင်းကိုဖွဲ့စည်းခဲ့ခြင်းဖြစ်သည် ဟု ၎င်းက ဆိုသည်။

လက်ရှိမြိတ်ဒေသတွင်း ငှက်သိုက် လုပ်ငန်းရှင် တစ်ထောင်နီးပါးရှိနေပြီး လုပ်ငန်းလိုင်စင် ရရှိထားသူရာဂဏန်းသာ ရှိနေသေးသည့်အတွက် လိုင်စင်ရရှိ ရေးအတွက်လည်း လုပ်ဆောင်သွားရန် ရှိကြောင်း ကိုဟန်မင်းစိုးက ဆိုသည်။

ယင်းအသင်းအနေဖြင့် လာမည့် ဒီဇင်ဘာ ၁၅ ရက်နေ့တွင် အစည်းအဝေး တစ်ရပ်ပြုလုပ်ကာ ရုံးခန်းနေရာသတ် မှတ်ရေးနှင့် အသင်း တာဝန်များခွဲဝေသွား မည်ဖြစ်ပြီး ငှက်သိုက်လုပ်ငန်းရှင် မည်သူ မဆို လာရောက် ပူးပေါင်းဆောင်ရွက်နိုင် ကြောင်း ယင်းအသင်းထံမှသိရသည်။

မြင့်မိုရ်(မြိတ်)