မြိတ်ကုန်စိမ်းဈေးပြောင်းရွှေ့ ပြီးနောက် ရောင်းအားထက်ဝက်ကျဟုဆို

0
790

မြိတ်ကုန်စိမ်းဈေးကို ကန်ဖျားရပ် ကွက်မှ ရှမ်းချောင်းရပ်ကွက်သို့ ရွှေ့ပြောင်း ခဲ့ပြီးနောက် ရောင်းအား ထက်ဝက်ကျ ဆင်းသွားကြောင်း ဈေးသူဈေးသားအချို့ က ပြောသည်။

ကန်ဖျားရပ်ကွက်ရှိ ကုန်စိမ်းဈေးကို ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက်က ရှမ်းချောင်းရပ်ကွက်သို့ ပြောင်းရွှေ့ခဲ့သည်။

ယင်းသို့ပြောင်းရွှေ့ခဲ့ပြီးနောက် မြို့တွင်းရပ်ကွက်များမှ လာရောက် ဝယ်ယူသူနည်းပါးသွား သည့်အတွက် ရောင်းအားထက်ဝက် ကျသွားခဲ့ရကြောင်း ဈေးသူဈေးသားအချို့က ဆိုသည်။

“ကန်ဖျားမှာရောင်းတုန်းက ငရုပ်သီးစိမ်း တစ်နေ့ဆယ်ပုံးကုန်တယ်။ ဒီမှာ ငါးပုံးတောင် မကုန်တော့ဘူး”ဟု ကုန်စိမ်းရောင်းသူ ဒေါ်သန်းဝင်းက ပြောသည်။

ဈေးအပြောင်းအရွှေ့ကာလပြီးစတွင် ယင်းသို့ ရောင်းအားကျလေ့ရှိ သည်ဟု ဈေးသုံးကြိမ်ရွှေ့ပေးခဲ့ရဖူးသည့် အသက် ၆၀နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

ဈေးနေရာထိုင်ခင်းမှာမူ ယခင်ဈေး ထက်ပိုမိုအဆင်ပြေလာသည်ဟု ဈေးသူဈေးသားအချို့က ဆိုသည်။

လက်ရှိရှမ်းချောင်းဈေးသစ်တွင် ဆိုင်ခန်းပေါင်း ၁၇၁ ခန်းရှိပြီး ဆိုင်ခန်းအားလုံးတွင် ဈေးရောင်းချသူများ ရှိနေကြကြောင်း ဈေးသူဈေးသားများထံမှ သိရသည်။

ကိုဆန်း