ကျွန်းစုရေပြင်တွင် ဘိန်းစာမှုန့် သယ်သည့်လှေတစ်စီး ဖမ်းမိ

0
465

ကျွန်းစုမြို့နယ်၊ မော်ခေါင်းတုံး ကျေးရွာအနီးရေပြင်တွင် နိုဝင်ဘာလ ၃၀ ရက်က ဘိန်းစာမှုန့် သယ်ဆောင်လာ သည့် လှေတစ်စီး ဖမ်းမိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရသည်။

အဆိုပါ ရေပြင်တွင် မူးယစ်ဆေး များ သယ်ဆောင်ရောင်းချနေကြောင်း သတင်းအရ စောင့်ဆိုင်းနေစဉ် မော်ခေါင်း တုံးကျေးရွာမှ မဲတောကျေးရွာဘက်သို့ မောင်းနှင်လာသည့် အလျား ၁၈ ပေ ၊ အနံ ၃ ပေခွဲခန့်ရှိ သစ်သားလှေတစ်စီးကို ရပ်တန့်စစ်ဆေးခဲ့ကြောင်း ရဲမှတ်တမ်း အရ သိရသည်။

အဆိုပါလှေပေါ်တွင် မော်ခေါင်းတုံး ကျေးရွာနေ အသက် ၃၅ နှစ်အရွယ် အမျိုးသား တစ်ဦးတွေ့ရပြီး ဘိန်းစာမှုန့် ၇၀ ကီလိုဂရမ်တင်ဆောင်လာသည်ကို တွေ့ရကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

ဘိန်းစာမှုန့်များဖမ်းမိမှုနှင့် ပတ်သက် ၍ အထက်ပါ အမျိုးသားကို မူးစိတ် ပုဒ်မ- ၁၉(က)ဖြင့် ကံမော်နယ်မြေရဲ စခန်းတွင် အမှုဖွင့်ထားကြောင်း တိုင်း ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

Dawei Watch