ထားဝယ်ဆိပ်ကမ်းသို့ တစ်နှစ်အတွင်း ကုန်တင်သင်္ဘော လေးရာနီးပါးသာဝင်

0
710

ထားဝယ်ဆိပ်ကမ်းသို့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် တစ်နှစ်တာကာလအတွင်း ကုန်သင်္ဘောဝင်ရောက်မှုမှာ အစီးရေ လေးရာခန့်သာရှိကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရုံး (ထားဝယ်)ထံမှ သိရ သည်။

မြိတ်နှင့် ကော့သောင်းမှ ဝင်ရောက် မှုအများဆုံးဖြစ်ပြီး အများဆုံး ကုန်တန် ချိန် ၁၅၀၀ခန့်ရှိ သင်္ဘောများသာ ဝင်ရောက်လေ့ရှိကြောင်း အထက်ပါရုံးမှ တာဝန်ရှိသူက ဆိုသည်။

အဆိုပါကုန်သင်္ဘောများက သွင်းကုန် အဖြစ် ဘိလပ်မြေနှင့် စက်သုံးဆီကို အဓိကထား တင်ဆောင်လာပြီး ပြန်ထွက် ချိန်တွင် ပို့ကုန်မရှိသလောက် နည်းပါးသည့်အတွက် မည်သည့်ပစ္စည်းမှမပါဘဲ (ခါလီ) ပြန်ထွက်ရကြောင်း ၎င်းက ပြောသည်။

“ပို့ကုန်မရှိတာက ကြာပြီ”ဟု မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်ရုံး (ထားဝယ်)မှ ယင်းတာဝန်ရှိသူက ဆိုသည်။

ရန်ကုန်ဘက်မှ ဝင်လာသည့် ကုန် သင်္ဘောအနည်းငယ်ရှိပြီး အများစုမှာ စားသောက်ကုန်နှင့် ကုန်မာပစ္စည်းများ ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာန ထားဝယ်မြို့နယ်ဦးစီးမှူး ဦးမင်းသန်း ထိုက်က ပြောသည်။

မြိတ်နှင့် ကော့သောင်းမှ လာသည့် ကုန်သင်္ဘောများက မြိတ် သို့မဟုတ် ကော့သောင်းရှိ စစ်ဆေးရေးဂိတ် (ချက်ပွိုင့်) များတွင် အခွန်ဆောင်ပြီး ဝင်ရောက်လာ ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

လက်ရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် နိုဝင်ဘာလကုန်အထိ ကုန်သင်္ဘော ၅၆ စီးဝင်ရောက်ခဲ့ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရုံး (ထားဝယ်)ထံမှ သိရသည်။

ထားဝယ်ဒေအတွက် လိုအပ်သည့် ကုန်ပစ္စည်းများကို ရေကြောင်းမှ သင်္ဘော ဖြင့် သာမက ကုန်းလမ်းမှ ကားဖြင့် တင်သွင်းမှုလည်း ရှိသည်။

ကိုဇော်