သရက်ချောင်းမြို့ပေါ်တွင် အမှိုက်ပုံး အလုံးငါးဆယ် ထားမည်

0
388

သရက်ချောင်းမြို့ပေါ် ရပ်ကွက် တစ်လျှောက် လိုအပ်သည့်နေရာများတွင် ဘီးတပ် ပလပ်စတစ်အမှိုက်ပုံးအလုံး ၅၀ ထားရှိသွားမည်ဖြစ်ကြောင်း သရက်ချောင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

အမှိုက်ပုံးတစ်လုံးလျှင် ငွေကျပ် ၁ သိန်းဖြင့် အလုံးရေ ၅၀ ဝယ်ယူရန် တင်ဒါ ခေါ်ယူထားကြောင်း သရက်ချောင်း စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိ ဦးတင်စွမ်က ပြောသည်။

အမှိုက်ပုံးများ လုံလောက်အောင် မထားပေးနိုင်သဖြင့် အမှိုက်များကို ပလပ်စတစ်အိတ်များဖြင့် ထားကြရာ ထိုအိတ်များအတွင်းမှ ထမင်းကျန်ဟင်းကျန်အနံ့အသက်များရပါက ခွေးများ ဆွဲသဖြင့် အမှိုက်များပြန့်ကျဲနေလေ့ရှိ ကြောင်း ၎င်းက ပြောသည်။

“လက်ရှိပုံးတွေနဲ့ မလောက်ဘူး။ အဲတော့ အခု ပလပ်စတစ်အမှိုက်ပုံး အလုံးငါးဆယ်လောက် ရလာပြီဆိုရင် တော့ အလုံအလောက်ဖြစ်သွားမှာပေါ့။ ကြွပ်ကြွပ်အိတ်နဲ့ လာထားရင် ခွေးက လာဆွဲ ပလူပျံ၊ အမှိုက်တွေ ပွသွားတာ ပေါ့။ ပုံးနဲ့ဆိုတော့ ခွေးက ဆွဲမရတော့ဘူး”ဟု ဦးတင်စွမ်က ပြောသည်။

သရက်ချောင်းမြို့ပေါ်ရပ်ကွက်များ တွင် အမှိုက်နှင့်ပတ်သက်၍ ပြောစရာ မရှိသော်လည်း မော်ရှည်ကုန်းရပ်ကွက် တွင် ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဓာတ်မီး တိုင်တွင် ချိတ်ထားသည့် ရော်ဘာခြင်း အချို့မှာ ပျက်စီးလာကြောင်း သရက်ချောင်း မြို့နယ် မော်ရှည်ကုန်းရပ်ကွက် အုပ်ချုပ် ရေးမှူး ဦးနေဝင်းက ပြောသည်။

မြို့ပေါ်ရပ်ကွက်ရှိ ပြည်ထောင်စု လမ်းတစ်လျှောက်တွင် တိုင်ကီပုံး၊ ဘီးတပ် ပလပ်စတစ်အမှိုက်ပုံးများနှင့် အခြား ရပ်ကွက်များတွင် ဓာတ်မီးတိုင်၌ ကော် ခြင်းများထားပေးထား၍ အတွင်းရပ်ကွက်များကိုမူ တစ်ရက်ခြားတစ်ခါ ကားဖြင့် ပတ်၍ အမှိုက်သိမ်းပေးကြောင်း မြို့နယ် စည်ပင်သာယာရေးကော်မတီထံမှ သိရ သည်။

မိုးမြင့်