ခုနစ်ရက်သားသမီးများအတွက် တစ်ပတ်စာဗေဒင် ဟောကိန်း

0
1393

၇ – ၁၀ -၂၀၁၉ မှ ၁၃ – ၁၀ -၂၀၁၉ ထိ

တနင်္ဂနွေ

ငွေကြေးများစွာ သင့်ထံ ဝင်မည်။ ဘာပဲလုပ်လုပ် အဆင်ပြေမည်။ ချီးမြှင့်မြောက်စားခြင်း ခံရမည့် ကာလဖြစ်သည်။ ကျန်းမာရေး ဂရုပြုရမည်။ အပြိုင်အဆိုင်ပြောဆိုရမည့် ကိစ္စများ အဆင်ပြေမည်။ မိမိရောင်းမည့် လယ်၊ ခြံ၊ မြေကွက်များ ထွက်မည်။ ပညာရေး အဆင်ပြေမည်။ မေတ္တာရေးသည်ကား အဆင်မပြေသလိုလိုနှင့် အဆင်ပြေသွားမည်။

အကျိုးပေးသော အရောင်             – ခရမ်းရောင်၊ အဖြူရောင်

အကျိုးမပေးသော အရောင်           – အဝါရောင်၊ ပန်းရောင်

အကျိုးပေးသော ဂဏန်း   – ၁၊ ၀၊ ၇၊ ၄ ပါသောဂဏန်းများ

ယတြာ                          – ပဲဌာပနာမုန့်ဆွမ်းတော် ဘုရားကပ်လှူပါ။

တနင်္လာ

အဓိဋ္ဌာန်ပြုက ထူးထူးခြားခြားအောင်မြင်မည့် ကာလဖြစ်သည်။ လုပ်ငန်းသစ်များ ဆောင်ရွက်ရန် ဆန္ဒရှိလျှင် ယခုအချိန်၌ သင့်တော်သည်။ ဈေးဆိုင်ဖွင့်ခြင်း၊ ရောင်းခြင်းကိစ္စများ ကောင်းသည်။ ပညာရေးကိစ္စများ အဆင်ပြေမည်။ ကျန်းမာရေး ဂရုပြုရမည်။ လုပ်ငန်းများအောင်မြင်အဆင် ပြေမည်။ ကျန်းမာရေး ဂရုပြုရမည်။ လုပ်ငန်းများ အောင်မြင်အဆင်ပြေမည်။ မေတ္တာရေး သည်ကား အိပ်မက်နှင့် ဘ၀ မကြာခင်နီးစပ်မည်။

အကျိုးပေးသော အရောင်             – အစိမ်းရောင်၊ အနက်ရောင်

အကျိုးမပေးသော အရောင်           – ခဲပုပ်ရောင်၊ လိမ္မော်ရောင်

အကျိုးပေးသော ဂဏန်း   – ၆၊ ၁၊ ၃၊ ၀ ပါသောဂဏန်းများ

ယတြာ                          – နဂါးမောက်သီးကိုခွဲစိတ်ပြီး ဘုရားဆွမ်းတော် ကပ်လှူပါ။

အင်္ဂါ

ယခုလ၌ စကားပြောဆိုမမှားစေရန် အထူးဂရုစိုက်သင့်သည်။ လုပ်ငန်းများ အောင်မြင်နေမည်။ ပညာသင်၊ အင်တာဗျူးကိစ္စများ အဆင်ပြေမည်။ မတော်တဆထိခိုက်မှု ဖြစ်တတ်သည်။ အလှူအတန်း၊ မင်္ဂလာကိန်းများ ဖြစ်ပေါ်တတ်သည်။ မေတ္တာရေးသည်ကား စိတ်ချမ်းသာ ကြည်နူးရမည်။

အကျိုးပေးသော အရောင်             – အပြာရောင်၊ ပြောက်ကျား

အကျိုးမပေးသော အရောင်           – အနီရောင်၊ လိမ္မော်ရောင်

အကျိုးပေးသော ဂဏန်း   – ၄၊ ၀၊ ၇၊ ၆ ပါသောဂဏန်းများ

ယတြာ                          – ခွေးလေခွေးလွင့်များကို အစာကျွေးပါ။

ဗုဒ္ဓဟူး

ရွှေထည်ပစ္စည်းများ ဝင်မည်။ သားသမီးရတနာရတတ်သောအခါ ဖြစ်သည်။ ငွေကြေးအလုံး အရင်း ဝင်မည်။ ဒူးနာ၊ ခါးနာ ဖြစ်တတ်သည်။ ပညာရေး ကောင်းပါသည်။ ခရီးအသွားအလာ သတိထားပါ။ မေတ္တာရေးသည်ကား အစစအရာရာအဆင်ပြေပါမည်။

အကျိုးပေးသော အရောင်             – အပြာရောင်၊ ပြောက်ကျား

အကျိုးမပေးသော အရောင်           – အနက်ရောင်၊ အစိမ်းရောင်

အကျိုးပေးသော ဂဏန်း   – ၁၊ ၃၊ ၆၊ ၉ ပါသောဂဏန်းများ

ယတြာ                          – မိခင်(သို့မဟုတ်) အဒေါ်အား အဝတ်အထည် ပေးလှူပါ။

ကြာသပတေး

နိုင်ငံရပ်ခြား ခရီးများသွားရတတ်သောကာလ ဖြစ်သည်။ ရပ်ဝေးဧည့်သည်များ မိမိထံ လာမည်။ ထီ ကံစမ်းပါ။ ထီ(သို့) ထီနှင့်အလားတူ ငွေဝင်မည်။ ပရိဘောဂပစ္စည်းများ ဝင်မည်။ လုပ်ငန်းများ အောင်မြင်မည်။ မေတ္တာရေးသည်ကား ရွှေလမ်းငွေလမ်းပေါက်မည်။

အကျိုးပေးသော အရောင်             – အပြာရောင်၊ အဝါရောင်

အကျိုးမပေးသော အရောင်           – ဇီးရောင်၊ ပြောက်ကျား

အကျိုးပေးသော ဂဏန်း   – ၁၊ ၄၊ ၀၊ ၂ ပါသောဂဏန်းများ

ယတြာ                          – သစ္စာပန်းဘုရားကပ်လှူပါ။

သောကြာ

ပညာရေးကိစ္စများ အဆင်ပြေမည်။ ရတနာပစ္စည်းများ ဝင်မည်။ မိတ်ဆွေကောင်းများကြောင့် အကျိုးကျေးဇူးခံစားရမည်။ ငွေကြေး အထွက်များနေတတ်သည်။ ကောင်းကောင်း အနားယူရန် လိုအပ်သည်။ မေတ္တာရေးသည်ကား စိန်ပြေးတမ်းကစားသလို ဖြစ်နေတတ်သည်။

အကျိုးပေးသော အရောင်             – အဝါရောင်၊ အနက်ရောင်

အကျိုးမပေးသော အရောင်           – အဖြူရောင်၊ ဇီးရောင်

အကျိုးပေးသော ဂဏန်း   – ၃၊ ၆၊ ၂၊ ၁ ပါသောဂဏန်းများ

ယတြာ                          – ဆီထမင်းဘုရားကပ်လှူပါ။

စနေ

မြေ ဝင်မည်။ ငွေကြေးများစွာ ဝင်မည်။ နိုင်ငံရပ်ခြားခရီး သွားရတတ်သည်။ ယခုတလော စိတ်သွားတိုင်းကိုမပါ ဖြစ်နေတတ်သည်။ ပညာရေး အဆင်ပြမည်။ မေတ္တာရေးသည်ကား အချစ်သည် သင့်အတွက် အားဆေးတစ်ခွက်ဖြစ်ပေလိမ့်မည်။

အကျိုးပေးသော အရောင်             – အနီရောင်၊ ပြောက်ကျား

အကျိုးမပေးသော အရောင်           – အဝါရောင်၊ အစိမ်းရောင်

အကျိုးပေးသော ဂဏန်း   – ၁၊ ၆၊ ၃၊ ၀ ပါသောဂဏန်းများ

ယတြာ                          – ဘုရားတစ်ဆူဆူ၌ ရွှေသင်္ကန်းအတွက် ရည်စူးငွေ

                                       လှူဒါန်းပါ။

                                                                လိုရာဆန္ဒပြည့်၀နိုင်ပါစေ

                                                           ဆရာရွှေစင်မြတ်(Geology)

                                                                 ဝေဒလက္ခဏသုတေသီ