မြို့နယ်ငါးခုတွင် ကြက်ခြေနီကော်မတီ ရွေးကောက်ပွဲကျင်းပနိုင်မည် မဟုတ်

0
462

တနင်္သာရီတိုင်းတွင်းအတွင်းရှိ မြို့နယ်ကြက်ခြေနီကော်မတီငါးခုကိုဖွဲ့ စည်းရန်အတွက် ရွေးကောက်ပွဲကျင်းပနိုင်မည်မဟုတ်ကြောင်း တိုင်းကြက်ခြေနီ ကြီးကြပ်အုပ်ချုပ်မှုကော်မတီဥက္ကဋ္ဌ ဒေါ်မမလေးက ပြောသည်။

တိုင်းအတွင်း တိုင်းအဆင့်၊ ခရိုင် အဆင့်နှင့် မြို့နယ်အဆင့်ကော်မတီများကို ဖွဲ့စည်းရန် ရွေးကောက်ပွဲပြုလုပ်ရမည်ဖြစ်သော်လည်း ကော့သောင်းခရိုင် ကော်မတီနှင့် လောင်းလုံး၊ ရေဖြူ၊ ကျွန်းစု၊ ဘုတ်ပြင်း၊ ကော့သောင်းမြို့နယ်ကော်မတီများအတွက် ရွေးကောက် ပွဲကျင်းပနိုင်မည်မဟုတ်ကြောင်း ဒေါ်မမလေးက ဆိုသည်။

အထက်ဖော်ပြပါခရိုင်နှင့် မြို့နယ်များတွင် ရွေးကောက်ပွဲ မကျင်းပနိုင်ခြင်းမှာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် အရပ်ဘက် ကိုယ်စားလှယ်လောင်း ခြောက်ဦး မပြည့်သောကြောင့်ဖြစ် ကြောင်း ဒေါ်မမလေးက ပြောသည်။

“ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ နေရာတွေမှာက မဲပေးမယ့် (ကြက်ခြေနီ) တပ်ဖွဲ့ဝင်တွေ၊ အသင်းဝင်တွေရှိတယ်။ ရွေးကောက်ပွဲပါမယ့် အရပ်ဘက် ကိုယ်စားလှယ်တွေ့မရှိတာ။ အချိုနေရာ တွေမှာတော့ရှိတယ်။ ဒါပေမယ့် သတ်မှတ် တဲ့ အရေအတွက်မပြည့်ကြဘူး” ဟု ၎င်းက ဆိုသည်။

ကြက်ခြေနီကော်မတီအဆင့်ဆင့် တွင် အရပ်ဘက်ကိုယ်စားလှယ်ငါးဦး၊ အစိုးရဌာနဆိုင်ရာမှာ ကိုယ်စာလှယ် ငါးဦး၊ ကြက်ခြေနီတပ်ဖွဲ့ဝင် သုံးဦး၊ လူမှုရေးအဖွဲ့အစည်းမှ ကိုယ်စားလှယ် နှစ်ဦး စုစုပေါင်း ၁၅ ဦးဖြင့်ဖွဲ့စည်းပြီး အရပ်ဘက်ကိုယ်စားလှယ် ၅ ဥိးကို ရွေးကောက်ပွဲဖြင့် ရွေးချယ်ရမည်ဖြစ်ကြောင်း ဒေါ်မမလေးက ဆိုသည်။

တနင်္သာရီတိုင်း ကြက်ခြေနီကော် မတီအဆင့်ဆင့်ကို ၂၀၁၆ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ယင်းအချိန်က ကော်မတီ အဆင့်ဆင့် ဥက္ကဋ္ဌရာထူးကို တိုင်း၊ ခရိုင်၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးမှူးများက တာဝန်ယူကြောင်း ဒေါ်မမလေးက ပြောသည်။

တနင်္သာရီတိုင်း ကြက်ခြေနီ ကော်မတီအဆင့်ဆင့်ကို အောက်တိုဘာလ ဒုတိယအပတ်တွင် ကျင်းပမည်ဟု ခန့်မှန်းထားကြောင်း တနင်္သာရီတိုင်း ကြက်ခြေနီကြီးကြပ်အုပ်ချုပ်မှုကော်မတီ ထံမှ သိရသည်။

Dawei Watch