တိုင်းလွှတ်တော်အစည်းအဝေး စက်တင်ဘာလနောက်ဆုံးအပတ်တွင် ကျင်းပမည်

0
478

တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ပုံမှန်အစည်းအဝေးကို စက်တင်ဘာ လ နောက်ဆုံးအပတ်တွင် ကျင်းပမည် ဖြစ်ကြောင်း တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌက ပြောသည်။

ဒုတိယအကြိမ်တနင်္သာရီတိုင်း လွှတ်တော်၏ ၁၄ ကြိမ်မြောက်ပုံမှန် အစည်းအဝေးကို စက်တင်ဘာလ ၂၅ ရက်မှ ၂၇ ရက်အထိ သုံးရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောသည်။

လွှတ်တော်ကိုယ်စား လှယ်များက ကြယ်ပွင့်ပြနှင့် ကြယ်ပွင့် မပြမေးခွန်း များကို စက်တင်ဘာလ ၁၅ ရက်နေ့ နောက်ဆုံးထားကာ လွှတ်တော်သို့ ပေးပို့ရမည် ဖြစ်သည်။

အဆိုပါ အစည်းအဝေးတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်ကို အတည်ပြုမည်ဖြစ်ကြောင်း ဦးခင်မောင် အေးက ပြောသည်။ မြေယာအခွန်ဥပဒေ မူကြမ်းကိုလည်း အတည်ပြုရန် စိုင်း ပြင်းနေကြောင်း ၎င်းက ဆိုသည်။

ကိုဇော်