ထားဝယ်တွင် အမှိုက်စွန့်ပစ်မှု ဆောင်ရန်ရှောင်ရန်နှင့်ပတ်သက်သည့် အသိပညာမရရှိဟု စစ်တမ်းတွင် ဖော်ပြ

0
874

ထားဝယ်မြို့တွင် အမှိုက်စွန့်ပစ်မှု နှင့်စပ်လျဉ်း၍ ဆောင်ရန်၊ ရှောင်ရန်၊ ဥပဒေနှင့် ပတ်သက်သည့် အသိပညာ မရရှိကြောင်း Clean Dawei အဖွဲ့က ကောက်ယူခဲ့သည့်စစ်တမ်းတွင် ဖော်ပြ သည်။

Clean Dawei အဖွဲ့က ယခုနှစ် မေလမှ ဇူလိုင်လအထိ ထားဝယ်မြို့ပေါ် ရပ်ကွက်ငါးခုတွင် ကောက်ယူခဲ့သည့် စစ်တမ်းတွင် ဖြေဆိုသူအားလုံးနီးပါးက ယင်းကဲ့သို့ ဖြေဆိုကြကြောင်း အထက်ပါ အဖွဲ့၏ တာဝန်ခံ ခုနစ်ဦးအနက် တစ်ဦး ဖြစ်သည့် ဦးအောင်နိုင်ဦးက ဆိုသည်။

စစ်တမ်းကို ဖြေဆိုသူ (အိမ်အရေ အတွက်) ၇၁၈ ဦးအနက် အမှိုက်နှင့် ပတ်သက်သည့် အသိပညာမရရှိဟု ဖြေဆိုသူ ၇၀၃ ဦးရှိသည်ဟု ဖော်ပြထား သည်။

ထားဝယ်မြို့ပေါ်ရှိ ဇရစ်၊ ဒေါင်းငူ၊ အိုးလုပ်၊ ပိန်္နဲတော၊ မြို့တွင်းရပ်ကွက် များတွင် ကျပန်းစနစ်ဖြင့် စစ်တမ်း     ကောက်ယူခဲ့ခြင်းဖြစ်ကြောင်း ဦးအောင်နိုင်ဦးက ရှင်းပြသည်။

“ငါးရပ်ကွက်က တစ်သံတည်း ထွက်တာက အမှိုက်နဲ့ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန် ဥပဒေနဲ့ပတ် သက်ပြီး အသိပေးတာမရှိဘူးလို့ ထွက် တယ်” ဦးအောင်နိုင်ဦးက ပြောသည်။

အမှိုက်စွန့်ပစ်မှုနှင့် ပတ်သက်၍ အသိပညာပေး လက်ကမ်းစာစောင် ငါး ထောင်ခန့်ကို လမ်းဆုံလမ်းခွများ၊ စာသင် ကျောင်းများတွင် ဝေငှဖူးသော်လည်း ပြည်သူများ စိတ်ဝင်စားမှု နည်းနေ ကြောင်း ထားဝယ်မြို့နယ် စည်ပင်သာ ယာရေးအဖွဲ့ အမှုဆောင်အရာရှိက ဆိုသည်။

ထို့အပြင် အမှိုက်စွန့်ပစ်မှုနှင့်ပတ် သက်သည့် ဟောပြောပွဲများကို စာသင် ကျောင်းများတွင် ပြုလုပ်ခြင်း၊ ယခင်က ရပ်ကွက် အတွင်းရှိ အမှိုက်ကန်များတွင် ဗီနိုင်းပြားများချိတ်ပေးခြင်းများ လုပ် ဆောင်ခဲ့ဖူးကြောင်း ၎င်းက ပြောသည်။

ထိုကြောင့် အမှိုက်နှင့်ပတ်သက်ပြီး ပြည်သူများသိရှိလာစေရန် အသိပညာ ပေးထားသည့် အချက်များကို ဂျာနယ် တွင် ထည့်သွင်း ကြော်ငြာခြင်း၊ သီချင်း စပ်ဆိုကာ အမှိုက်သိမ်းယာဉ်များတွင် ဖွင့်ခြင်းများ လုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

Clean Dawei စစ်တမ်းတွင် အမှိုက်ကို ချောင်းမြောင်းအတွင်း စွန့် ပစ်သူ ၂၃ ဦးရှိပြီး ကျန်သူများမှာ အမှိုက်သိမ်းယာဉ်နှင့် အမှိုက်ပုံးများတွင် စွန့်ပစ်ကြသည်ဟု ဖြေဆိုကြသည်။

Clean Dawei က ကောက်ယူ သည့် စစ်တမ်းရလဒ်ကို စည်ပင်သာ ယာရေးအဖွဲ့၊ ပုဂ္ဂလိကအမှိုက်သိမ်းလုပ် ငန်း၊ တိုင်းအစိုးရ၊ တိုင်းလွှတ်တော်တို့သို့ ပေးပို့ပြီး ယင်းအစုအဖွဲ့များပါဝင်သည့် ဆွေးနွေးပွဲတစ်ခုဆက် လုပ်ရန်ရှိကြောင်း ဦးအောင်နိုင်ဦးက ဆိုသည်။

ဆွေးနွေးပွဲကို လာမည့် လေးလ တာကာလအတွင်း ကျင်းပမည်ဖြစ်ပြီး အခြားရပ်ကွက်ငါးခုတွင်လည်း စစ် တမ်းကောက်ယူမည်ဖြစ်ကြောင်း ၎င်းင်းက ပြောသည်။

ထားဝယ်မြို့ သန့်ရှင်းသပ်ရပ် စေရန်နှင့် ပြည်သူများ အမှိုက်နှင့် ပတ် သက်သည့် အသိပညာရရှိစေရန် ရည် ရွယ်၍ Clean Dawei အဖွဲ့ကို လူထုအခြေပြုအဖွဲ့အစည်းများ၊ မြို့နယ် စည်ပင်ကော်မတီ၊ စည်ပင်သာယာရေး အဖွဲ့ စသည့် အဖွဲ့အစည်းများပါဝင်ပြီး ဧပြီနှောင်းပိုင်းက စတင်ဖွဲ့စည်းခဲ့ ကြောင်း အထက်ပါအဖွဲ့ထံမှ သိရ သည်။

Dawei Watch