၂၀-၅-၂၀၁၉ မှ ၂၆-၅-၂၀၁၉ထိ
တနင်္ဂနွေ
ပညာသင်သူများ၊ ပညာရပ်ရှာဖွေသူများ အခွင့်အရေးကောင်းများ ရရှိမည်။ ကွဲကွာနေသော မောင်နှမ သားချင်းများနှင့် ပြန်လည်ဆုံစည်းရမည်။ ဖခင်၊ ဦးကြီး ကျန်းမာရေးသတိထားပါ။ အလုပ်အကိုင်နှင့် ပတ်သက်၍ စိတ်အလိုမကျ ဖြစ်ရတတ်ပါသည်။ ခရီးထွက်ရမည်။ မေတ္တာရေးသည်ကား စိတ်ဘ၀င်မကျ ဖြစ်ရတတ်သည်။
အကျိုးပေးသော အရောင် – အနီရောင်၊ ပြောက်ကျားရောင်
အကျိုးမပေးသော အရောင် – ပန်းရောင်၊ လိမ္မော်ရောင်
အကျိုးပေးသော ဂဏန်းများ – ၆၊ ၇၊ ၉ ပါသော ဂဏန်းများ
ယတြာ – သင်္ဘောသီးမှည့်ကို အစိတ်စိတ်ပြု၍ ဘုရားဆွမ်းတော်ကပ်လှူပါ။
တနင်္လာ
အလှူမင်္ဂလာပြုရတတ်သည်။ စက်ပစ္စည်းများ ၀င်မည်။ ငွေကတော့ ၀င်လာလိုက် ပြန်ထွက်လိုက် ဖြစ်နေတတ်သည်။ သွား၊ ခံတွင်းနှင့် ပတ်သက်၍ ကျန်းမာရေး ဂရုစိုက်ရမည်။ လုပ်ငန်းနှင့်ပတ်သက်၍ အောင်မြင်တိုးတက်မှုကြုံရမည်။ မေတ္တာရေးသည်ကား အခုရန်ဖြစ်လိုက်၊ အခုပြန်ချစ်လိုက် ဖြစ်နေရ တတ်သည်။
အကျိုးပေးသော အရောင် – အ၀ါရောင်၊ အနက်ရောင်
အကျိုးမပေးသော အရောင် – အဖြူရောင်၊ လိမ္မော်ရောင်
အကျိုးပေးသော ဂဏန်းများ – ၃၊ ၆၊ ၉ ပါသော ဂဏန်များ
ယတြာ – သရက်သီးမှည့်ကို အစိတ်စိတ်ပြု၍ ဘုရားဆွမ်းတော် ကပ်လှူပါ။
အင်္ဂါ
တန်ခိုးကြီးဘုရားများ လက်ဝယ်ပူဇော်ခွင့်ရခြင်း၊ တရားစခန်းဝင်ခြင်း ပြုရတတ်သည်။ သူများနှင့် ရင်ဆိုင်ယှဉ်ပြိုင်ရသော ကိစ္စများ၌ မိမိအနိုင်ရမည်။ ထီကံစမ်းသင့်သည်။ လုပ်ငန်းထဲ၌ မိမိစိတ်သွားတိုင်း ကိုယ်မပါ ဖြစ်ရတတ်သည်။ စီးပွားဥစ္စာတိုးမည်။ အရိုး၊ အကြောနှင့်ပတ်သက်၍ ကျန်းမာရေး သတိထားပါ။ မေတ္တာရေးသည်ကား တစ်ခါမလွဲ အဆင်ပြေပါမည်။
အကျိုးပေးသော အရောင် – အပြာရောင်၊ ပြောက်ကျားရောင်
အကျိုးမပေးသော အရောင် – အနီရောင်၊ လိမ္မော်ရောင်
အကျိုးပေးသော ဂဏန်းများ – ၆၊ ၄၊ ၉ ပါသော ဂဏန်းများ
ယတြာ – ဆီထမင်းနှင့် စားတော်ပဲ ဘုရားဆွမ်းတော်ကပ်လှူပါ။
ဗုဒ္ဓဟူး
သင်လုပ်ငန်းသစ်များ၊ ဆောင်ရွက်ခြင်း၊ အလုပ်လျှောက်ခြင်း ကိစ္စများ အဆင်ပြေမည်။ စားသောက်ဖွယ်ရာ များကို လက်ဆောင်ရမည်။ မင်္ဂလာကိစ္စတစ်ခု ဖြစ်မည်။ ခြေထောက်အနာတရ ရရှိတတ်သည်။ မေတ်္တာရေးသည်ကား သူနှင့် သင့်ကြားမှာ လက်တလောအခက်အခဲ ရှိနေတတ်သည်။
အကျိုးပေးသော အရောင် – ရွှေရောင်၊ အပြာရောင်
အကျိုးမပေးသော အရောင် – အနက်ရောင်၊ ဇီးရောင်
အကျိုးပေးသော ဂဏန်းများ – ၆၊ ၄၊ ၀ ပါသော ဂဏန်းများ
ယတြာ – ကိတ်မုန့်ကို အစိတ်ငယ်များစိတ်၍ ဘုရားဆွမ်းတော်ကပ်လှူပါ။
ကြာသပတေး
ပရိဘောဂပစ္စည်းများ ၀င်မည်။ သင့်အိမ်၌ မင်္ဂလာကိန်းတစ်ခု ရှိသည်။ ရွှေထည်ပစ္စည်းများဝင်မည်။ ကျန်းမာရေးဂရုစိုက်ရန် လိုအပ်သည်။ ခရီးဝေးတစ်ခု သွားရမည်။ စက်ပစ္စည်းများ မ၀ယ်ပါနှင့်။ မေတ္တာရေးသည်ကား အတ္တဆန်သော အပြုအမူမျိုး ရှောင်ကြဉ်ပါ။
အကျိုးပေးသော အရောင် – အ၀ါရောင်၊ အနီရောင်
အကျိုးမပေးသော အရောင် – အပြာရောင်၊ ဇီးရောင်
အကျိုးပေးသော ဂဏန်းများ – ၂၊ ၁၊ ၄ ပါသော ဂဏန်းများ
ယတြာ – သရက်သီးမှည့်ကို အစိတ်စိတ်ပြု၍ ဘုရားဆွမ်းတော် ကပ်လှူပါ။
သောကြာ
ထီ(သို့) ထီနှင့် အလားတူ ၀င်ငွေမည်။ သင့်ဘ၀၌ ပုံဖော်ထားသော စိတ်ကူးများ ယခုအခါ ဆန္ဒပြည့်ဝမည်။ ကျန်းမာရေးအညံ့ မရှိပါ။ မြေရောင်းမည့် ကိစ္စများ အဆင်ပြေမည်။ စကားအပြောအဆို ဆင်ခြင်သင့်သော ကာလဖြစ်သည်။ မေတ္တာရေးသည်ကား သင်နှင့် သင့်ချစ်သူအကြားမှာ လက်ထပ်မင်္ဂလာပြုရမည့် အခါဖြစ်သည်။
အကျိုးပေးသော အရောင် – ဇီးရောင်၊ အပြာရောင်
အကျိုးမပေးသော အရောင် – လိမ္မော်ရောင်၊ အဖြူရောင်
အကျိုးပေးသော ဂဏန်းများ – ၄၊ ၀၊ ၇ ပါသော ဂဏန်းများ
ယတြာ – နှင်းဆီအ၀ါ ၇ ပွင့် ဘုရားပန်း ကပ်လှူပါ။
စနေ
တရားစခန်းခြင်း၊ ဘာသာရေးကိစ္စများ ဆောင်ရွက်ခြင်း ပြုရတတ်သည်။ လာဘ်လာဘများ ၀င်မည်။ လူချစ်လူခင် ပေါများမည်။ ပညာသင်ခြင်း၊ ပညာရေးကိစ္စများအဆင်ပြေမည်။ အစားမှား၊ ဆေးမှား ဖြစ်တတ်သည်။ မေတ္တာရေးသည်ကား မကြာခင် အဆင်ပြေပါမည်။
အကျိုးပေးသော အရောင် – အပြာရောင်၊ ပြောက်ကျားရောင်
အကျိုးမပေးသော အရောင် – အ၀ါရောင်၊ ဇီးရောင်
အကျိုးပေးသော ဂဏန်းများ – ၁၊ ၄၊ ၀ ပါသောဂဏန်းများ
ယတြာ – နှင်းဆီအ၀ါ ၇ ပွင့် မွေးနေ့နံ၌ ဘုရားပန်း ကပ်လှူပါ။
လိုရာဆန္ဒပြည့်ဝနိုင်ပါစေ
ဆရာရွှေစင်မြတ်(Geology)
ဝေဒလက္ခဏသုတေသီ