မွန်ပြည်နယ် မြို့နယ်အချို့ သောက်သုံးရေ စပြတ်

0
541

မွန်ပြည်နယ်အတွင်းရှိ မြို့နယ် အချို့တွင် သောက်သုံးရေ စတင်ပြတ် လပ်နေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ပေါင်မြို့နယ်နှင့် ဘီးလင်းမြို့နယ် အတွင်းရှိ ကျေးရွာအချို့တို့တွင် မတ်လ ဆန်းမှစကာ သောက်ရေ ရှားပါးမှုနှင့် ရင်ဆိုင်ကြုံတွေ့နေသည်ဟု ဒေသခံ အချို့က ပြောသည်။

“နွေဆိုရင် ရေကန်က ရေတွေ နည်းလာတော့ အနည်တွေဖြစ်လာတယ် သောက်ဖို့အတွက် အဆင်မပြေတော့ဘူး၊ သောက်ရေအတွက်တော့ အခက်အခဲဖြစ် လာတာပေါ့၊ ဒီအချိန်ဆို သောက်ရေက ၀ယ်သုံးတယ်၊ ရေလာလှူတဲ့သူတွေဆီ ကနေ ယူသုံးကြတယ်၊ ရေက နှစ်တိုင်း အခက်အခဲ ဖြစ်တယ်”ဟု ပေါင်မြို့နယ် အလှပ်ကျေးရွာမှ ဦးအောင်စိုးက ပြော သည်။

ကျိုက်မရောမြို့နယ်အတွင်း၌လည်း မြို့ပေါ်ရပ်ကွက်အချို့နှင့် ကျေးရွာအချို့တို့တွင် ရေတွင်းရေ စတင်ခမ်း ခြောက်နေပြီဖြစ်ပြီး လက်ရှိတွင် အ၀ီစိ တွင်းရေကို အားကိုးနေရသည်ဟု ဒေသခံအချို့က ဆိုသည်။

 “ရာသီဥတု ပူလာတဲ့အချိန်မှာ ရေ တွင်းရေတွေက ခမ်းကုန်တယ်၊ ရေတွင်း ရေတွေ ခမ်းသွားရင် ကျွန်မတို့က အ၀ီစိ တွင်းမှာ သွားခပ်ရတယ်”ဟု အသက် ၅၀ ၀န်းကျင် ကျိုက်မရောဒေသခံတစ်ဦးက ပြောသည်။

မွန်ပြည်နယ်အတွင်း ရေတွင်း ရေကန်များ တူးဖော်၍မရသည့် ပင်လယ် ကမ်းခြေနှင့် နီးစပ်သည့် ကျေးရွာများ တွင် နှစ်စဉ် သောက်သုံးရေပြတ်လပ်မှု နှင့် ကြုံတွေ့ရလေ့ရှိပြီး အထူးသဖြင့်  ပေါင်မြို့နယ်၊ ဘီးလင်းမြို့နယ်နှင့် သထုံမြို့နယ်တို့တွင် ရေရှားပါးမှုနှစ်စဉ် ဖြစ်ပေါ်လေ့ ရှိသည်။

သောက်သုံးရေ ပြတ်လပ်လေ့ရှိ သည့် နွေရာသီတွင် ရေအခက်အခဲဖြစ်ပွား လာပါက သက်ဆိုင်ရာ မြို့နယ်မီးသတ် တပ်ဖွဲ့များထံသို့ အကူညီတောင်းခံနိုင် သကဲ့သို့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဦးစီးဌာနသို့လည်း အကူအညီတောင်းခံ နိုင်သည့်အပြင် လူမှုအဖွဲ့အစည်းများ၊ ပရဟိတအဖွဲ့အစည်းများကလည်း ရေအခက်အခဲကို ကူညီဖြေရှင်းပေးနိုင်ရန် ကြိုတင်ပြင်ဆင်ထားကြောင်း ယင်းဌာန၊ အဖွဲ့အစည်းများထံမှ သိရသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့်လည်း သောက် သုံးရေ ပြတ်လပ်မှုမဖြစ်ပေါ်စေရေး စီစဉ် ဆောင်ရွက်ထားပြီး သောက်သုံးရေပြတ် လပ်မှု ဖြစ်ပေါ်လာပါကလည်း သောက် သုံးရေ ဖြန့်ဝေပေးနိုင်ရေး စီစဉ်ထား ကြောင်း ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနထံမှ သိရ သည်။

ယဉ်စနိုင်း