သင်္ချိုင်း

0
248

“သင်္ချိုင်း”ဟု ဆိုလိုက်လျှင် ချောက် ချားဖွယ်ရာများဖြင့် တွဲမြင်တတ်ကြသည်။ အသံကြားရုံဖြင့် တွေးတော ကျော့စိမ့် တတ်ကြသည်။

အသုဘပို့ မဟုတ်ပါဘဲ သင်္ချိုင်းသို့ တစ်ယောက်တည်း မဆိုထား အဖော်သုံး လေးယောက်နှင့်ပင် မသွားလိုတတ်ကြ ပါ။ တချို့ဆိုလျှင် သင်္ချိုင်းထဲဝင်ဖို့နေနေ သာသာ သင်္ချိုင်းနှင့် နီးကပ်သော လမ်းမှ ပင် မဖြတ်သန်းချင်ကြပါ။

မလွှဲမရှောင်သာဘဲ ညဘက် လူချိန် တိတ်ချိန် သချိုင်းရှေ့က ဖြတ်ရလျှင် ကြက်သီး ထပြီး စက်ဘီးဆိုက အသားကုန်နင်း၊ ဆိုင်ကယ်ဆိုက လီဗာမသိမသာတင် ခြေကျင် ဆို အပြေးတစ်ပိုင်း။ ထိုသို့ ဖြတ်လာပြီးပါ ကလည်း ကျောမလုံဖြစ်ကာ နောက်သို့ ကြောက်ကြောက်ဖြစ် လှည့်ကြည့်တတ် ကြသည်။

သင်္ချိုင်းရှေ့မှ ညဘက်ဖြတ်ခြင်းနှင့် ပတ်သက်၍ လူတိုင်းနီးပါးတွင် အနည်း နှင့်အများ အတွေ့အကြုံ ကိုယ်စီ ရှိကြပါ လိမ့်မည်။

ငယ်ငယ်က မိုးအလင်းပြသည့် ဗွီဒီယို သွားကြည့်ပြီး သင်္ချိုင်းဘေးလမ်းက ဖြတ် အပြန်၊ “၀ုန်း””ခနဲ အသံကြားသဖြင့် သူငယ်ချင်းများ အသားကုန်ပြေးခဲ့ကြရ သည်ကို ခုထိ မှတ်မိနေဆဲဖြစ်ကြောင်း ကော့သောင်း အေးရိပ်ငြိမ်ရပ်ကွက်နေ အသက် ၃၅ နှစ်ကိုမျိုးဝင်းမင်းက ပြော သည်။

“နောက်မှသိရတာက သစ်ကိုင်း ကျိုးကျတာ။ ညနေတွေညတွေတော့ လန့်တာပဲ စိတ်က၊ မဖြတ်ရဲဘူး”ဟု ကိုမျိုးဝင်းမင်းက ပြောသည်။

လောင်းလုံးမြို့နယ်၊ ကမြောကြီးကျေး ရွာမှ လက်ရှိ အသက် ၇၀ ရှိပြီဖြစ်သော ဒေါ်စန်းမြင့် ငယ်စဉ်ကဆိုလျှင် ရွာသင်္ချိုင်း အလောင်းများ မြှုပ်ထားသည့် မြေပုံများ၊ အုတ်ဂူများဖြင့် ကြည်လိုက်လျှင် ကြောက် စရာ ကောင်းလှပြီး သင်္ချိုင်းမြေအတွင်း ပေါက်နေသည် မှိုများ၊ မာလကာချည်သီး ကြီးများကို မည်သူမျှ ၀င်မခူးရဲကြကြောင်း ပြောသည်။

“သင်္ချိုင်းရှေ့ကဖြတ်လို့ချုံထဲက တစ်ခုခု အသံကြားရင် မြှုပ်ထားတဲ့ အသုဘတွေပဲ ထွက်လာလားဆိုပြီး အသံပြိုင်အော်ပြီး ပြေးကြတယ် ဖွားတို့ငယ်ငယ်ကလေ။ကလေးတွေကိုဆို သင်္ချိုင်းကုန်း မခေါ်သွား ရဲဘူး။ မကောင်းဆိုးဝါးတွေ ဖမ်းစား မှာကြောက်လို့”ဟု ဒေါ်စန်းမြင့်က ပြော သည်။

တချို့ မလွှဲမရှောင်သာ၍ သွားရပါက လည်း အပေါင်းအဖော်များများ ခေါ်သွား တတ်ကြသည်။

လူအတော်များများက အသုဘပို့ သည့်ကိစ်္စမှလွဲ၍ မသွားလိုကြ။ သင်္ချိုင်း သည် မကောင်းဆိုးဝါးတို့ ခိုအောင်းရာ အဖြင့် သတ်မှတ်ထားကြလေသည်။

အသုဘ ပို့ပြီး ပြန်လာလျှင်လည်း မကောင်းဆိုးဝါးများ ပါလာမည်စိုး သဖြင့် အသုဘအိမ်သို့ အရောက်ပြန်ကာ နနွင်း၊ ကင်ပွန်းသီး စသည်တို့ဖြင့် အထူး စီမံထားသော လက်ဆေးရည်ဖြင့် ဆေးတတ်ကြသည်။

“သင်္ချိုင်းထဲကပြန်လာရင် ခြေလက် ဆေးရတာနဲ့၊ ခေါင်းလျှော်ခိုင်းရတာနဲ့၊ လက်ကို မီးကင်ခိုင်းရတာနဲ့။ မကောင်း ဆိုးဝါးတွေ ပါလာမှာ စိုးလို့ဆိုပြီး အသုဘပို့တဲ့ လှည်းတွေဆို မဖြစ်မနေ ရေဆေးကြရ တယ်”ဟု ဒေါ်စန်းမြင့်က ပြောသည်။

ယခုကား သင်္ချိုင်း အတော်များများ သန့်ရပ် ရှင်းလင်းလာကြပြီ။ ယခင်လို ညှဉ်းသိုးသိုး မဟုတ်ကြတော့။ ကျက်သရေ ရှိအောင် ပြင်ဆင်လာကြ၊ မွမ်းမံလာကြ သည်။

ထို့အတူ လူဦးရေ ထူထပ်များပြား လာသည်နှင့်အမျှ လူတို့နေထိုင်၊ စိုက်ပျိုး၊ လုပ်ကိုင်မှုကလည်း သင်္ချိုင်းမြေနှင့် ပိုမို နီးကပ်လာကာ သင်္ချိုင်းများက ယခင်ကဲ့ သို့ မြို့စွန်ရွာစွန်တွင် အထီးတည်း မဟုတ် တော့ပေ။

“ခုကသင်္ချိုင်းအနီးအနားမှာ လူတွေ နေလာကြပြီ။ တရားပွဲလည်း သချိုင်းထဲ မှာ ကျင်းပနေပြီဆိုတော့ သိပ်မကြောက် တော့ဘူး”ဟု မြိတ်မြို့ မြို့သစ်ရပ်နေ အသက် ၃၆ နှစ်ရှိ မဖြူက ပြောသည်။

လူတို့၏ သင်္ချိုင်းအပေါ်ထားသည့် သဘောထားသည်လည်း ပြောင်းလဲလာ ကြပြီ။

တချို့က အေးအေးလူလူ နားနေရာ အဖြင့်ပင် အသိအမှတ်ပြုလာကြသည်။

“သင်္ချိုင်းက သရဲမှ မရှိတာ၊ အခုနောက် ပိုင်းကျတော့ နေ့ဘက်တွေဆို သူငယ်ချင်း တွေစုပြီး သင်္ချိုင်းထဲ ထန်းရည်ခါး သောက်ကြ၊ လက်ဖက်ရည်ထိုင်သောက်ပြီး စကားစုပြီး ထိုင်ပြောကြတယ်”ဟု ပလောက် မြို့နယ်ခွဲ၊ ကျောက်တောင်ရွာမှ ကိုချစ်ရင်ထူး က ပြောသည်။

ထို့အတူ ယခင်ကကဲ့သို့ သင်္ချိုင်းမှ ပစ်္စည်းတစ်ခုခု အိမ်သို့မယူလာရဲသည့် ခေတ်က ကျန်ခဲ့ခြေပြီ။

တချို့မြို့ရွာများတွင် သင်္ချိုင်း နယ်နမိတ်အတွင်း ၀င်ရောက်နေထိုင် ခြင်း၊ စိုက်ပျိုး လုပ်ကိုင်ခြင်းတို့အထိ ရှိလာ ပြီ ဖြစ်သည်။

သင်္ချိုင်းဆိုလျှင် မည်သူမျှ အရေး တယူပြု မွမ်းမံပြင်ဆင်လေ့မရှိသည့် ခေတ်မှ သင်္ချိုင်းအတွက် လှူဒါန်းသူများ၊ ကူညီသည့်အဖွဲ့များ အသီးသီး ပေါ်ပေါက် လာနေပါပြီ။

ယင်းသို့ ပေါ်ပေါက်လာခြင်းသည် နာမည်ကျော် ရုပ်ရှင်မင်းသား ဦးကျော်သူ ကြောင့်လည်း ပါသည်ဟု ထားဝယ်မြို့ ရှမ်းမ်္မလည်ဆွဲရပ်နေ ကိုဟန်ကျော်ဇောက ရှုမြင်သည်။

“အရင်ကဆိုရင် သင်္ချိုင်းအတွက် လှူရကောင်းမှန်းလည်း မသိဘူး။ အခုနောက်ပိုင်းက သင်္ချိုင်းအတွက် လှူရတန်းရမှန်း သိလာကြတယ်။ အဲဒါ ဦးကျော်သူရဲ့ ကျေးဇူးတွေပေါ့။ သူက အရင်စပြီး သင်္ချိုင်းဆိုတာ ကြောက်စရာ မဟုတ်ဘူး၊ လူသေကောင်ဆိုတာ ကြောက်စရာ မဟုတ်ဘူးဆိုပြီး လုပ်ပြခဲ့ လို့ပဲ”ဟု ကိုဟန်ကျော်ဇောက ဆိုသည်။

တောထူကာ လူသေမြေပုံရာများဖြင့် ချောက်ချားစရာ ကောင်းလှပါသည်ဆို သော ကမြောကြီးရွာ သင်္ချိုင်းသည်လည်း ရှင်းလင်းနေပြီ။ မီးသင်္ဂြိုဟ်စက်နှင့် ဖြစ် နေပြီ။

ထိုကမြောကြီးသင်္ချိုင်းတွင် သွားထိုင်အနားယူသူများ၊ သင်္ချိုင်းနားနီး ခြံပိုင်ရှင်များက သင်္ချိုင်းထဲ ထမင်းဝင်စား နေခြင်းများ ညဘက် လူငယ်များစုဝေး ခြင်းများဖြင့် စည်ကားနေတတ်ကြောင်း ဒေါ်စန်းမြင့်က ပြောသည်။

“အခုခေတ်ကလေးတွေကတော့ မကြောက်ကြတော့ဘူး။ ညဖက်ဆို သင်္ချိုင်းမှာ စည်နေရော။ ဘယ်ရောက် ကုန်ပြီလဲ မသိဘူး အဲဒီသရဲတွေ”ဟု  ဒေါ်စန်းမြင့်က ပြောသည်။

တချို့ သင်္ချိုင်းများကား စိတ်ချောက် ချားဖွယ် အနေအထားတွင် ရှိနေပါသေး သည်။

ထို့အတူ သင်္ချိုင်းဟု အသံကြားလျှင် စိတ်ထဲ ထင့်ခနဲ ဖြစ်ကာ ကျောချမ်းနေသူ တို့လည်း ရှိပါသေးသည်။

“သင်္ချိုင်းထဲတော့ ညဘက်တွေ အခုထိ ဘယ်သူမှ မ၀င်ရဲကြဘူး၊ ဖြတ်သွား ချိန်ဆိုလည်း တစ်ချက်တော့ ရှိန်တယ်၊ ရှိန်းခနဲတော့ ဖြစ်တယ်”ဟု ထားဝယ်၊ ရှမ်းမ်္မလည်ဆွဲရပ်မှ ကိုဟန်ကျော်ဇောက ပြောသည်။

 

          Dawei Watch