LNG စီမံကိန်း အကောင်အထည်ဖော်မည့် တိုတယ်ကုမ္ပဏီကို အချက် လေးချက် တာဝန်ယူရန် ဒေသခံများ တောင်းဆို

0
447

ကံပေါက်ဒေသရှိ LNG လျှပ်စစ်စီမံကိန်းကို အကောင်အထည်ဖော်မည့်
တိုတယ်ကုမ္ပဏီထံ ပသျှူးရေကျေးရွာဒေသခံများက တောင်းဆိုချက် လေးချက်ကို ဒီဇင်ဘာလ ၁၃ ရက်က တောင်းဆို
လိုက်သည်။ကုမ္ပဏီအနေဖြင့် စီမံကိန်းများလုပ်ဆောင်ပါက ဒေသခံများ၏ အသက်မွေးဝမ်းကျောင်းနှင့် ဒေသခံအခွင့်အရေး
ကို လေးစားရန်နှင့် သဘောတူညီမှုရယူပြီးမှ လုပ်ဆောင်ရန်၊ လက်ရှိအစိုးရ၏မူဝါဒအတိုင်း ပွင့်လင်းမြင်သာမှုနှင့် တာ
ဝန်ယူမှု တာဝန်ခံမှုရှိစွာ ဆောင်ရွက်ရန်အပါအဝင် အချက်လေးချက်ကို သဘော
ထားထုတ်ပြန်ချက် ထုတ်ပြန်ကာ တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ကုမ္ပဏီသင်္ဘော၏ ကနဦးရေလမ်းတိုင်းတာရေးလုပ်ငန်းဆောင်ရွက်မှုများကြောင့် ငါးဖမ်းပိုက်များဆုံးရှုံးခြင်း၊ ငါးဖမ်းဆီးရမိမှုနည်းပါးလာခြင်း၊ သင်္ဘောမောင်းသူများက ငါးဖမ်းပိုက်များကို
ဖယ်ရှားစေခြင်း၊ ရေတပ်နှင့် ခြိမ်းခြောက်ခြင်း၊ ငါးများ အစုလိုက်အပြုံလိုက်သေ
ဆုံးခြင်းများ ဖြစ်ပေါ်နေခြင်းတို့ကိုဆွေးနွေးရှင်းလင်းပေးရန် ဒေသခံများက
တိုတယ်ကုမ္ပဏီ၏LNG To PowerProeject မှ လူမှုဆက်ဆံရေးအရာရှိထံဒီဇင်ဘာလ ၃ ရက်က စာပို့ခဲ့ကြသည်။
ဒီဇင်ဘာလ ၅ ရက်နေ့တွင်LNG To PowerProeject  မှ လူမှုဆက်ဆံရေးတာဝန်ခံ ဦးစိုးမိုးက ပသျှူးရေရွာဒေသခံများနှင့် လာရောက်တွေ့ဆုံပြီးနောက် တစ်ပတ်ကျော်အကြာတွင် အချက်လေးချက်ပါ တောင်းဆိုချက်ကို ဒေသခံ
များက ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ပသျှူးရေရွာသို့LNG To PowerProeject မှ လူမှုဆက်ဆံရေးတာဝန်ခံလာရောက်ဆွေးနွေးစဉ်က ပျက်စီးဆုံးရှုံးနစ်နာမှုများကို တစ်ပတ်အတွင်း ညှိနှိုင်းဖြေရှင်းပေးမည်ဟု ပြောဆိုခဲ့သော်လည်း လက်ရှိအချိန်ထိ တိကျစွာဖြေရှင်းပေးခဲ့ခြင်းမရှိခဲ့ကြောင်း ပသျှူးရေကျေးရွာနေ ဒေါ်ခင်ပြုံးဝင်းက ဆိုသည်။ဒီဇင်ဘာလ ၁၂ ရက်တွင် တိုတယ်ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦး လာရောက်ခဲ့သော်လည်း နစ်နာမှုများအတွက် မည်သည့်နေ့ရက်တွင် ဖြေရှင်းပေးမည်ကိုတိကျစွာပြောကြားခဲ့ခြင်းမရှိကြောင်း၎င်းက ပြောသည်။”လာပြီးတော့ ဝေ့လည်ကြောင်ပတ်ပဲ လုပ်သွားတယ်၊ ရွာသားတွေအပေါ်လည်း မလေးစားဘူးပေါ့။ဒါကြောင့်အချက် လေးချက်ကို တောင်းဆိုလိုက်တာပါ”ဟု ဒေါ်ခင်ပြုံးဝင်းက ဆိုသည်။နိုဝင်ဘာလ ၂၇ ရက်မှ စတင်ကာသင်္ဘောငယ်တစ်စီးဖြင့် ဟိန္ဇဲချောင်းအတွင်း တိုင်းတာရေးလုပ်ငန်းများ လုပ်
ဆောင်နေသည့်အတွက် ငါးဖမ်းလုပ်ငန်းရပ်နားထားရခြင်း၊ သင်္ဘောနှင့် ငါးဖမ်း
ပိုက် ချိတ်မိကာ ရေလုပ်သားသုံးဦး၏ငါးဖမ်းပိုက် ဆုံးရှုံးမှု များဖြစ်ခဲ့ရကြောင်း
ပသျှူးရေရွာနေ ရေလုပ်သားများက ဆိုသည်။

၁၂၃၀ မဂ္ဂါဝပ်ထွက်ရှိမည့် သဘာဝဓာတ်ငွေ့ရည်သုံး လျှပ်စစ်စီမံကိန်းကိုကံပေါက်ဒေသ၊ အုန်းပင်ကွင်းကျေးရွာ
တွင်အကောင်အထည်ဖော်မည်ဖြစ်ပြီးလက်ရှိတွင် ကနဦးတိုင်းတာရေးလုပ်ငန်းများ လုပ်ဆောင်နေခြင်းဖြစ်သည်။