ကော့သောင်းတွင် ဆိုင်ကယ် ကယ်ရီသမား သတ်၍ ထွက်ပြေးသူ ဖမ်းမိပြီ

0
452

ကော့သောင်းမြို့နယ် ဆီအုန်းခြံ အတွင်း ဆိုင်ကယ်ကယ်ရီမောင်းသူကို သတ်ကာ ဆိုင်ကယ်ယူ အလောင်းဖျောက် ၍ ထွက်ပြေးတိမ်းရှောင်နေသည့် အမျိုး သားကို နိုဝင်ဘာ ၂၃ရက်က ဖမ်းဆီးနိုင် ခဲ့ကြောင်း ကော့သောင်းမြို့မ ရဲစခန်းထံ မှ သိရသည်။

ပြီးခဲ့သည့် ၃ ပတ်ခန့်က လုံးဖော ကျေးရွာသို့ ကယ်ရီအငှားလိုက်သွား သည့် ကယ်ရီမောင်းအား လူပြတ်သည့် ဆီအုန်းခြံအတွင်း သတ်ဖြတ်ပြီး ဆိုင် ကယ်နှင့်ပစ္စည်းများ ယူဆောင်ထွက်ပြေး သွားသူကို ကော့သောင်းမြို့ အေးရိပ်ငြိမ် ရပ်ကွက်ရှိ ၎င်း၏ အဒေါ်အိမ်တွင် ဖမ်းမိ ခဲ့ခြင်း ဖြစ်သည်။
“ကွင်းဆက်တွေကို လိုက်စုံစမ်းရင်း ကနေ ပထမဆုံးငှားတဲ့ ကယ်ရီသမား ဂိတ်ထိုးတဲ့ အရှေ့စတိုးဆိုင်ရဲ့CCTVကင်မရာကနေ တရားခံကို ဖမ်းနိုင်ခဲ့တာ ဖြစ်တယ်”ဟု မြို့မရဲစခန်း တာဝန်ရှိသူ က ဆိုသည်။

ပြစ်မှုကျူးလွန်သူမှာ ခမောက်ငယ် ကျေးရွာမှ အသက် ၁၉ နှစ်အရွယ် အမျိုး သားတစ်ဦးဖြစ်ပြီး ငွေကြေးအခက်အခဲ ကြောင့် ယခုကဲ့သို့ ကျူးလွန်ခဲ့ခြင်းဖြစ် ကြောင်း ထွက်ဆိုသည်ဟု ဆိုသည်။
ပြစ်မှုကျူးလွန်သူကို ဥပဒေအရ အရေးယူဆောင်ရွက်ရန် စီစဉ်လျက်ရှိ ကြောင်း သိရသည်။