ထားဝယ်ဘာသာစကားသင်ရိုး ပြည်ထောင်စုတွင် နှစ်ချီသောင်တင်ဆဲ

0
989

မူလတန်းကျောင်းများတွင် သင်ကြားရန် ပြုစုရေးဆွဲပြီးဖြစ်သည့် ထားဝယ်ဘာသာစကား သင်ရိုးစာအုပ် များ နေပြည်တော်တွင် နှစ်ချီသောင်တင် လျက်ရှိသည်။
ထားဝယ်ဘာသာစကား သင်ရိုးစာ အုပ်များကို ၂၀၁၅ ခုနှစ် မေလကတည်း က ပညာရေးဝန်ကြီးဌာနထံ တင်ပြ ထားရာ လက်ရှိအချိန်အထိ ပြန်လည် အကြောင်းကြားလာခြင်း မရှိသေးကြောင်း တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်က ပြောသည်။

သူငယ်တန်း၊ ပထမတန်းနှင့် ဒုတိယတန်းတို့အတွက် ထားဝယ်စကား အခြေခံဖတ်စာ ဆရာကိုင်နှင့် ကျောင်း သားကိုင် ၆ အုပ် (မူကြမ်း)ကို ထားဝယ် စကား သင်ရိုးပြုစုရေးလုပ်ငန်းကော်မတီ က ၂၀၁၅ ခုနှစ်တွင် ရေးဆွဲကာ ပြည် ထောင်စုသို့ တင်ပြထားခြင်း ဖြစ်သည်။

“ဒီ(ထားဝယ်ဘာသာစကား)သင်ရိုးတွေနဲ့ ပတ်သက်ပြီး ပြည်ထောင် စုက တစ်စုံတစ်ရာ အကြောင်းပြန်လာတာ မရှိသေးပါဘူး” ဟု ဝန်ကြီး ဦးဟိုပင်က ဆိုသည်။
တနင်္သာရီတိုင်းအတွင်း မွန်၊ ပိုးကရင်နှင့် စကောကရင် ဘာသာစာပေ များကို လွန်ခဲ့သည့် ၂၀၁၄ ခုနှစ်ခန့်မှစ သင်ကြားလျက်ရှိပြီး တိုင်းအတွင်း ကျောင်း ၁၃ ကျောင်းတွင် သင်ကြား လျက်ရှိကြောင်း တိုင်းပညာရေးညွှန်ကြား ရေးမှူးရုံး တာဝန်ရှိသူက ၂၀၁၆ ခုနှစ်က ပြောဆိုဖူးသည်။