ဆီဘောက်ဆာကား ယာဉ်မောင်းကို လူရှစ်ဦးက သံတုတ်ဖြင့်ရိုက်

0
512

ထားဝယ်မြို့၊ ဆင်ဆိပ်ရပ်ကွက် တွင် ဆီဘောက်ဆာကားတစ်စီး၏ ယာဉ်မောင်းကို လူရှစ်ဦးခန့်က အသင့် ပါလာသည့် သံတုတ်များဖြင့် ဝိုင်းဝန်း ရိုက်နှက်မှုတစ်ခု နိုဝင်ဘာလ ၁၂ ရက် ညက ဖြစ်ပွားခဲ့ကြောင်း တနင်္သာရီ တိုင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

ည ၁၀ နာရီခွဲခန့်က ထားဝယ် အဝေးပြေးကွင်းဘက်မှ မောင်းနှင်နေ သည့် ဆီဘောက်ဆာကားကို ဆင်ဆိပ် ရပ်ကွက် အဝေးပြေးလမ်းရှိ နတ်စင်အနီး အရောက်တွင် Light Truk အမျိုးအစား ကားက ကျော်တက်ကာ အရှေ့မှ ပိတ် ရပ်ခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရ သည်။ ယင်းနောက် Light Truk ပေါ်မှ လူ ၈ ဦးခန့်ဆင်းလာသည့်အတွက် အသက် ၄၇ နှစ်အရွယ်ရှိ ဆီဘောက်ဆာ ယာဉ်မောင်းအမျိုးသားက ကားပေါ်မှ ဆင်းလိုက်ရာ အထက်ပါ လူအုပ်စုက မည်သို့မျှပြောဆိုခြင်းမရှိဘဲ သံတုတ်ဖြင့် ဝိုင်းရိုက်ခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော် ပြသည်။

သံတုတ်ဖြင့် ဝိုင်းရိုက်ခြင်းကြောင့် ဆီဘောက်ဆာယာဉ်မောင်းအမျိုးသား တွင် ဦးခေါင်းနောက် ပေါက်ပြဲဒဏ်ရာ ရရှိပြီး စိုးရိမ်ရကာ ထားဝယ်ဆေးရုံကြီး တွင် ဆေးကုသနေရကြောင်း ရဲမှတ်တမ်း အရ သိရသည်။ Light Truk ကားဖြင့် လိုက်လာ ကာ သံတုတ်ဖြင့် ရိုက်နှက်ခဲ့သည့် လူ ၈ ဦးခန့်ကို စုံစမ်းနေဆဲဖြစ်ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။ ဆီဘောက်ဆာယာဉ်က ဝဲကျွန်း မြို့သစ်ရှိ မှန်လုံကားကို ဆီဖြည့်ရန် သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ် တမ်းအရ သိရသည်။