လွန်ခဲ့သည့် အနှစ်သုံးဆယ်ကNLDရုံးခန်းဖွင့်လှစ်ခဲ့ဖူးသည့် အဆောက်အအုံကို အန္တရာယ်ရှိသည့် အဆောက်အအုံအဖြစ် သတ်မှတ်

0
428

လွန်ခဲ့သည့် အနှစ်သုံးဆယ်ကNLDရုံးခန်း ဖွင့်လှစ်ခဲ့ဖူးသည့် အဆောက် အအုံကို အန္တရာယ်ရှိ အဆောက်အအုံ အဖြစ် ဩဂုတ်လက သတ်မှတ်ခဲ့ကြောင်း မြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။ ယင်းအဆောက်အအုံသည် ထား ဝယ်မြို့၊ အာဇာနည်လမ်းမပေါ်ရှိ ထား ဝယ်ကူးသန်းရောင်းဝယ်ရေးရုံးနံဘေး လမ်းကြားငယ်တစ်လမ်းခြားတွင် တည် ရှိသည်။

အဆိုပါကူးသန်းရောင်းဝယ်ရေး ရုံးနံဘေးရှိ အဆောက်အအုံသည် ၁၉၈၈ ခုနှစ် စက်တင်ဘာလက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ရုံးခွဲအဖြစ် ဖွင့်လှစ်ခဲ့သည့် အဆောက်အအုံဖြစ်ပြီး နောက်ပိုင်းတွင် ထားဝယ်မြို့နယ်ရုံးပါ တွဲဖက်ဖွင့်လှစ်ခဲ့ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ထားဝယ်မြို့နယ် ဥက္ကဋ္ဌဟောင်း ဦးဘစိန်ထံမှ သိရသည်။

၁၉၉၉ ခုနှစ်တွင် အာဏာပိုင်များက ရုံးဆိုင်းဘုတ်ကို ညဘက်လာရောကဖြုတ်သိမ်းခဲ့ချိန်မှ စ၍ ရုံးဆက်မဖွင့်ဖြစ် တော့ကြောင်း ဦးဘစိန်ထံမှ သိရသည်။ လူနေထိုင်ရန်မသင့်လောက်အောင် ပျက်စီးယိုယွင်းနေခြင်းကြောင့် ယင်းသို့ သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး အန္တရာယ်ရှိ အဆောက်အအုံများတွင် လူနေထိုင်ခွင့် ကို တရားဝင်စာထုတ်ကာ တားမြစ်လေ့ရှိ ကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာ ရေးအဖွဲ့ အမှုဆောင်အရာရှိက ပြောသည်။

ယင်းကဲ့သို့ သတ်မှတ်ရာတွင် အဆောက်အအုံ အခြေအနေအပေါ်မူ တည်ကာ ဖြိုဖျက်ပြီး အသစ်တည်ဆောက် စေခြင်း၊ ခိုင်ခံ့မှု ရှိစေရန် တိုင်၊ ယက်မ၊ ထုပ်တန်းများ လဲလှယ်တပ်ဆင်စေခြင်း အစရှိသည့် အဆောက်အအုံ အစိတ်အပိုင်း များ ခိုင်ခံ့မှုရှိစေရန် လုပ်ဆောင်စေ ကြောင်း အမှုဆောင်အရာရှိက ပြောသည်။ “အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်ပြီးချိန်ကစပြီး နေထိုင်သူတွေ အသက်အန္တရာယ်ဖြစ်မှာစိုးလို့ မနေခိုင်း တော့ဘူး”ဟု မြို့နယ်စည်ပင်မှ အမှု ဆောင်အရာရှိက ပြောသည်။

၂၀၁၅ ခုနှစ်ခန့်က ထားဝယ်မြို့ ရွှေပလောင်လမ်းဆုံအနီးရှိ လူနေအိမ် တစ်လုံးကို အန္တရာယ်ရှိ အဆောက်အအုံ ဖြစ် သတ်မှတ်ခဲ့ဖူးကြောင်း ၄င်းက ဆို သည်။ အဆိုပါ အဆောက်အအုံကို ဖြို ဖျက်ကာ အသစ်တည်ဆောက်စေခဲ့ပြီး ယခုနှစ်သတ်မှတ်ခဲ့သည့် အဆောက် အအုံမှာမူ တိုင်၊ ယက်မ၊ ထုပ်တန်း အစ ရှိသည့် အစိတ်အပိုင်းများကို လဲလှယ် ရမည်ဖြစ်ကြောင်း အမှုဆောင်အရာရှိက ပြောသည်။ စည်ပင်သာယာရေးဥပဒေအရ အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း ထားဝယ် မြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။