အင်္ကျီနှင့် ဘောင်းဘီ အတိုအပြတ်ဝတ်က တိုင်းအစိုးရရုံးသို့ ဝင်ခွင့်မပြု

0
411

အင်္ကျီ၊ ဘောင်းဘီ အတိုအပြတ်ဖြင့် တနင်္သာရီတိုင်းအစိုးရအဖွဲ့ရုံးသို့ ဝင် ရောက်ခွင့်မပြုကြောင်း နိုဝင်ဘာလ ၈ ရက်က ဗီနိုင်းပြားဖြင့် စတင်ကြေညာ လိုက်သည်။

ပုခုံးသိုင်းကြိုးမပါသည့်အင်္ကျီ၊ ကြိုးတစ်လုံးအင်္ကျီ၊ ဘောင်းဘီတို၊ စကတ်တို၊ ဂါဝန်တို ဝတ်ဆင်ထားက ဝင်ရောက်ခွင့်မပြုကြောင်း တိုင်းအစိုးရ အဖွဲ့ရုံးဝင်ပေါက်ဝတွင် ရေးသားထား သည်။ တိုင်းအစိုးရအဖွဲ့ရုံးက အဓိကကျသည့် နေရာတစ်ခုဖြစ်သည့်အတွက် ယင်းသို့တားမြစ်ခြင်းဖြစ်ကြောင်း တိုင်း အစိုးရအဖွဲ့ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးလှိုင်က ပြောသည်။

ပြီးခဲ့သည့် နှစ်ပတ်ခန့်က နိုင်ငံခြား သားနှစ်ဦး ကိုယ်ကြပ်ဂျိုင်းပြတ်အင်္ကျီနှင့် ဘောင်းဘီတိုဝတ်ဆင်ကာ တိုင်းအစိုး ရရုံးအတွင်း ဝင်ရောက်လာပြီးနောက် ယင်းကဲ့သို့ တားမြစ်လိုက်ကြောင်း ၄င်း က ဆိုသည်။ “ဒီလိုဝတ်လာရင် အဝတ်အစားပြန် လဲဖို့ပြောပြီး လဲဝတ်ပြီးမှပဲ ဝင်ခွင့် ပြုမယ်”ဟု ဦးစိုးလှိုင်က ပြောသည်။

တိုင်းအစိုးရအဖွဲ့ရုံးသို့ ယခင်က စာရင်းသွင်းစရာမလိုဘဲ လွတ်လပ်စွာ ဝင်ထွက်ခွင့်ပြုနေရာမှ ယမန်နှစ် နှစ် လယ်ပိုင်းခန့်မှ စတင်ကာ မှတ်ပုံတင် သို့မဟုတ် အထောက်အထားတစ်ခုခုပေး ကာ စာရင်းသွင်းပြီး ဧည့်ကတ်ပြားဖြင့် သာ ဝင်ရောက်ခွင့်ပြုခဲ့သည်။