တနင်္သာရီရှိ ကျောက်မိုင်းတွင် အလုပ်သမားအချင်းချင်း စကားများရာမှ ၁၄ ပေါင်တူဖြင့် ထုသတ်

0
395

တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေး ရွာအုပ်စုရှိ ကျောက်မိုင်းတွင် အောက်တို ဘာလ ၃၀ ရက်က အလုပ်သမားအချင်း ချင်း စကားများရာမှ ၁၄ ပေါင်တူဖြင့် ထုသတ်ခဲ့ကြောင်း တနင်္သာရီတိုင်းဒေသ ကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

အဆိုပါ ကျောက်မိုင်းတွင် အလုပ် သမားနှစ်ဦး အရက်အတူသောက်ပြီး စကားများရာမှ အသက် ၃၉ နှစ်အရွယ်ရှိ အမျိုးသားက လက်ထဲတွင် ကိုင်ဆောင် ထားသည့် ၁၄ ပေါင်တူဖြင့် အခြားအလုပ် သမား၏ ဇက်ပိုးနှင့် ဦးခေါင်းကို ထု သတ်ခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှတ်တမ်း အရ သိရသည်။
၁၄ ပေါင်တူဖြင့် ထုသတ်မှုကြောင့် အသက် ၃၅ နှစ်အရွယ်ရှိ အမျိုးသားတွင် ဦးခေါင်းဒဏ်ရာနှင့် မျက်လုံးပေါက်ပြဲ ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း ရဲ မှတ်တမ်းတွင် ဖော်ပြထားသည်။

တူဖြင့် ထုသတ်သည့် အလုပ်သမား ကို ဖမ်းဆီးခဲ့ပြီး အဆိုပါအမျိုးသားကို ရာဇသတ်ကြီးပုဒ်မ- ၃၀၂ (လူသတ်မှု) ဖြင့် မောတောင်နယ်မြေရဲစခန်းတွင် အမှု ဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့မှတ် တမ်းအရ သိရသည်။