ကျောက်ထုရွာ ရော်ဘာစိုက်ပျိုးခွင့်ရထားသည့်နေရာ ပြန်လည်ရုပ်သိမ်း ပေးရေး ဝန်ကြီးချုပ်ထံ တောင်းဆို

0
594

ထားဝယ်မြို့နယ်၊ ပျားသားချောင်း ကျေးရွာအုပ်စုအတွင်းရှိ ကျောက်ထုရွာ တွင် လုပ်ငန်းရှင်တစ်ဦးအား ရော်ဘာ စိုက်ပျိုးခွင့် ပြုထားသည့် နေရာအား ပြန်လည်ရုပ်သိမ်းပေးရန် တနင်္သာရီတိုင်း ဒေသကြီး ဝန်ကြီးချုပ်ထံ အောက်တိုဘာ လ ၁၆ ရက်က တင်ပြ တောင်းဆိုထား ကြောင်း စာတင်ရာတွင် ကူညီပေးခဲ့သူ များထံမှ သိရသည်။

စာကို ကျောက်ထုကျေးရွာဒေသခံ ငါးဦးက လက်မှတ်ထိုး တင်ပြခဲ့ခြင်း ဖြစ်သည်။
ကျောက်ထုကျေးရွာတွင် စိုက်ပျိုး ရေး (နှစ်ရှည် ရော်ဘာစိုက်ပျိုးရန်)အတွက် ၂၀၁၅ ခုနှစ် အောက်တိုဘာလက မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံ ခန့်ခွဲရေးဗဟိုအဖွဲ့က လုပ်ငန်းရှင်တစ်ဦး အား ခွင့်ပြုပေးခဲ့ကြောင်း တိုင်းလယ်ယာ မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီး ဌာန ထံမှသိရသည်။
အဆိုပါနေရာက သစ်တောထူထပ် ကာ ရေအရင်းအမြစ်ထွက်ရှိသည့် နေရာ ဖြစ်နေပြီး ဒေသခံများ ဟင်းသီး ဟင်း ရွက်၊ ငါးနှင့် ရိုးရာပရဆေးပင်များ ထုတ် ယူသုံးစွဲသည့် နေရာတစ်ခုဖြစ်ကာ ကျေး ရွာပိုင်ဘုံ သစ်တောလည်းဖြစ်နေကြောင်း စာတင်ရာတွင် ကူညီပေးခဲ့သည့် ကထောင်းနီရွာနေ အသက် ၅၀ ဝန်းကျင် ရှိ အမျိုးသားတစ်ဦးက ဆိုသည်။

“အပြောင်ရှင်းပြီး ရော်ဘာစိုက်ရင် ထိန်းသိမ်းထားတဲ့ သစ်တောတွေ ပြုန်း တီးသွားမှာ၊ အဓိက ကတော့ ရော်ဘာ စိုက်ဖို့ထက် သစ်ခုတ်ချင်လို့ ထင်တယ်”ဟု အထက်ပါ အမျိုးသားက ပြောသည်။
ဒေသအတွက် အရေးပါသည့်နေရာ တစ်ခုတွင် သစ်တောများကို အပြောင် ရှင်းကာ ရော်ဘာစိုက်ပျိုးမည့်အပေါ် အနီးအနား ဝန်းကျင်ရွာများ အပါအဝင် ကျောက်ထုရွာသား အများစုကလည်း လက်မခံကြောင်း ကျောက်ထုကျေးရွာ အနီးရှိ ကွမ်းချောင်းကြီး ကျေးရွာနေ အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသမီး တစ်ဦးက ပြောသည်။

ဒေသခံများ၏ ကန့်ကွက်မှုနှင့် အခြားအကြောင်းအရာများကြောင့် လက်ရှိအချိန်ထိ လုပ်ငန်းအကောင် ထည်မဖော်သေးကြောင်း ၎င်းက ဆို သည်။
သစ်တောအား အပြောင်ရှင်းကာ ရော်ဘာပင် စိုက်ပျိုးမည့်နေရာက ကျောက်ထုရွာနှင့် မိနစ် ၃၀ ခန့် ခြေကျင် ခရီးသွားရသည့် နေရာတွင် ရှိကြောင်း အဆိုပါ အမျိုးသမီးက ပြောသည်။
လုပ်ငန်းရှင်ဘက်ကလုပ်ငန်းအ ကောင်အထည်ဖော်ရန်အတွက် ယခုနှစ် အောက်တိုဘာလတွင် ကျောက်ထုရွာ သားအချို့၏ ဆန္ဒသဘောထားကောက် ယူခဲ့ကြောင်း အထက်ပါ အမျိုးသမီးက ပြောသည်။

“ရွာကလူတွေက ကြောက်လန့်နေ ကြတာပေါ့၊ ဒါကြောင့် ကူညီပေးဖို့ တိုင်း အစိုးရကို တင်ပြတာ”ဟု အဆိုပါ အမျိုး သမီးက ပြောသည်။
ဒေသခံများက ပေးပို့ထားသည့်စာ ကို ဝန်ကြီးချုပ်ထံ တင်ပြထားဆဲဖြစ် ကြောင်း ဝန်ကြီးချုပ်၏ ကိုယ်ရေးအရာရှိ က အောက်တိုဘာလ ၁၉ ရက် ညနေ ပိုင်းတွင် တနင်္သာရီအပတ်စဉ်ကို ပြော သည်။

ရော်ဘာစိုက်ပျိုး လုပ်ကိုင်ခွင့်ရ သည့် မြေနေရာအပါအဝင် ယင်းဒေသရှိ ဧက ၃ သောင်းနီးပါးကို ကျေးရွာပိုင်ဘုံ သစ်တောအဖြစ် ကရင်အမျိုးသားအစည်း အရုံး(KNU) က ၂၀၁၇ ခုနှစ် ဇွန်လတွင် အသိအမှတ်ပြုလက်မှတ်ပေးအပ်ထား ကြောင်း ဝန်ကြီးချုပ်ထံ တင်ပြထားသည့် စာတွင် ဖော်ပြထားသည်။
ဒေသခံဌာနေ တိုင်းရင်းသား ရိုးရာ ဓလေ့အရ ထိန်းသိမ်းထားသည့် နေရာ များကို တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေအရတောင်းဆိုခြင်းဖြစ်ပြီး အလေး ထားကူညီဆောင်ရွက်ပေးရန် တောင်းဆို ကြောင်း တင်ပြသည့်စာတွင် ပါရှိသည်။