ကျေးရွာ ၁၀ ရွာတွင် စနစ်တကျ အမှိုက်စွန့်ပစ်တတ်ရန် စည်းရုံးမည်ဟုဆို

0
491

ယခုဘဏ္ဍာနှစ်တွင် တနင်္သာရီတိုင်း အတွင်းရှိ ကျေးရွာ ၁၀ ရွာတွင် အမှိုက် စနစ်တကျစွန့်ပစ်တတ်စေရန် စည်းရုံးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း တိုင်း ဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေး ဦးစီးဌာနထံမှ သိရသည်။
မြို့နယ်တစ်ခုလျှင် တစ်ရွာနှုန်းဖြင့် ကျေးရွာ ၁၀ ရွာကို ရွေးချယ်ထားပြီး အမှိုက်ကင်းစင်ကျေးရွာများအဖြစ် ယခု ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော် မည်ဖြစ်ကြောင်း အထက်ပါဌာန ဒုတိယ ညွှန်ကြားရေးမှူး (နည်းပညာ) ဦးကျော် ကျော်အောင်က ဆိုသည်။

“ပြန်ပြီးတော့ အသုံးပြုလို့ရတဲ့ အမှိုက်တွေ ဥပမာ ပလပ်စတစ်ဘူးတွေဆို ရင် တစ်နေရာပစ်၊ အသား၊ ငါး အညစ် ကြေးဆိုရင် ဘယ်လိုစွန့်ပစ်ရမလဲဆိုတာ တွေ သိလာအောင် စည်းရုံး လုပ်ဆောင် သွားဖို့ရှိတယ်”ဟု ဦးကျော်ကျော်အောင် က ဆိုသည်။
မြို့ပြနှင့်ကျေးလက်သန့်ရှင်းမှု ကွာဟချက် ကျဉ်းမြောင်းလာပြီး ဟန်ချက် ညီညီ ဖွံ့ဖြိုးတိုးတက်လာစေရန် အတွက် ယင်းကဲ့သို့ အမှိုက်ကင်းစင်ကျေး ရွာများ ဖော်ဆောင်ခြင်းဖြစ်ကြောင်း ၎င်း ကပြောသည်။

ထားဝယ်ခရိုင်တွင် အမှိုက်ကင်းစင် လုပ်ဆောင်မည့် အချို့ကျေးရွာများတွင် မြစိမ်းရောင် စီမံကိန်း အတိုးရငွေဖြင့် အမှိုက်သိမ်းထော်လာဂျီ၊ အမှိုက်ပုံးများ ဝယ်ယူပြီး ကျေးရွာအတွင်း အမှိုက်သိမ်း ခြင်းများ စတင်လုပ်ဆောင် နေကြပြီဖြစ် သည်။

“ကျွန်တော်တို့ရွာမှာတော့ တစ် ပတ်သုံးရက်လောက် အဖွဲ့လိုက်အမှိုက် လိုက်သိမ်းမယ်လို့ စီစဉ်ထားတယ်။ မြစိမ်းရောင်ကရတဲ့ ရန်ပုံငွေနဲ့ ဝန်ထမ်း လည်းခန့်ဖို့ လုပ်နေတယ်”ဟု အမှိုက် ကင်းစင်ရွာ လုပ်ဆောင်မည့်ထားဝယ်မြို့ နယ် ဇဟာကျေးရွာ အုပ်ချူပ်ရေးမှူး ဦးလွင်မိုးက ဆိုသည်။
နောက်ပိုင်းတွင် ယင်းအမှိုက်ကင်း စင်ကျေးရွာများကို တစ်မြို့နယ်လျှင် ကျေးရွာငါးရွာခန့်အထိ တိုးမြှင့်လုပ် ဆောင်မည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနထံမှ သိရသည်။

အမှိုက်ကင်းစင် ကျေးရွာလုပ် ဆောင်မည့် ကျေးရွာများစာရင်း
စဉ် မြို့နယ် ကျေးရွာ
၁ ထားဝယ် ဇဟာ
၂ ရေဖြူ ညင်းထွေး
၃ သရက်ချောင်း သင်းကျွန်း
၎ လောင်းလုံး ကမြောကင်း
၅ မြိတ် ကင်းတပ်
၆ ပုလော မြို့ဟောင်း
၇ ကျွန်းစု ကတ္တလူ
၈ တနင်္သာရီ အရှေ့မော်တုန်း
၉ ကော့သောင်း ဆယ်မိုင်
၁၀ ဘုတ်ပြင်း ထောင်ငါးသိုင်း