အိမ်ထောင်ရေး အနုပညာ

0
1372

အိမ်ထောင်ပြုခြင်းသည် မတူညီ သည့်ဘ၀နှစ်ခုကို ပေါင်းစပ်ခြင်းဖြစ် သောကြောင့် တစ်ဦးကိုတစ်ဦးအပြစ် မမြင်ပဲ ခွင့်လွှတ်ခြင်းများစွာဖြင့် ချစ် တတ်ဖို့ လိုအပ်သည်။ လူတိုင်းလူတိုင်း တွင် အားနည်းချက် အားသာချက် ကိုယ် စီရှိသောကြောင့် အရာရာကို ကိုယ်ချင်းစာ နာစိတ်ဖြင့် ခွင့်လွှတ်နားလည်ပေးနိုင်ပါ က သာယာလှပသည့် အိမ်ထောင်တစ်ခုကို တည်ဆောက်နိုင်ပေမည်။

လူသားတို့သည် ပုထုဇဉ်များပီပီ နေရာတိုင်းတွင် မာန်မာန ပြိုင်ဆိုင်မှုများ ရှိသောကြောင့် အသေးအဖွဲ ပြဿနာလေး တစ်ခုကို “နင်ကဘာလဲ ငါကဘာလဲ”ဟူသည့် မထားအပ်သည့် မာနကိုယ်စီ ထားကြသောကြောင့် ဘာမှမဟုတ်သည့် ကိစ္စတစ်ခုမှသည် ဘ၀တစ်လျှောက်လုံး နာကြည်းဝမ်းနည်းစရာများ ဖြစ်သွား တတ်ပါသည်။ ထိုကြောင့် အိမ်ထောင် တစ်ခု ရေရှည်တည်မြဲစေရန် တစ်ဦးကို တစ်ဦး ကိုယ်ချင်းစာနာစိတ်ဖြင့် ခွင့်လွှတ် နားလည်မှုရှိရန် အရေးကြီးလှပေသည်။

လောကတွင် ငွေရှိလျှင်မည်သည့် အရာမဆို ဖန်တီး၍ရနိုင်သည် ဆိုသော် လည်း စစ်မှန်သော ချစ်ခြင်းမေတ္တာတရား သည် ငွေဖြင့်ဖန်တီး၍ မရနိုင်ပါ။ တချို့ မှာ ချစ်ခြင်းမေတ္တာကို ငွေဖြင့်ဖန်တီး၍ ရနိုင်သည်ဟု ထင်မှတ်တတ်ကြသည်။ ငွေပေး၍ရသည့် ချစ်ခြင်းမေတ္တာဆိုသည် မှာ ငွေရှိနေသည့်အချိန်တွင်သာ သာယာ ချမ်းမြေ့နိုင်ပြီး ငွေမရှိသည်နှင့် ဇာတိ သရုပ်အမှန် ပေါ်လာတတ်ပေသည်။ ထိုကြောင့် အချစ်စစ်အချစ်မှန်ကို ငွေဖြင့် ဝယ်၍မရဘဲ တူညီသည့် ချစ်မေတ္တာအစစ် ပေးမှသာ ရှိနိုင်ပါသည်။ ထိုကြောင့်အိမ် ထောင်တစ်ခုတွင် ငွေရှာပေးရုံဖြင့် အရာ ရာပြည့်စုံနေပြီဟု မထင်မှတ်သင့်ပေ။
ငွေရှာရတာ ပင်ပန်းသည်ဟု အကြောင်းပြချက်ဖြင့် အိမ်ကိုနောက်ကျမှ ပြန်၊ အိမ်ရောက်သည့်အခါ စကားတစ် ခွန်းမှမဆိုဘဲ အိပ်ရာဝင်ခဲ့လျှင်၊ အိပ်မော ကျနေသည့် ခင်ပွန်းသည်၏ ကျောပြင်ကို ကြည့်ပြီးဇနီးဖြစ်သူ မည်မျှလောက်ခံစား နေရမည်ကို ကိုယ်ချင်းစာနာစိတ်ဖြင့် တွေးတောတတ်လျှင် အိမ်ထောင်တစ်ခု တွင် ချစ်ခြင်းမေတ္တာ နှင့် ကြင်နာယုယမှု သည် မည်မျှလောက် အရေးပါသည်ကို စဉ်းစားသင့်ပေသည်။

သင့်မှာ အလုပ်ကိစ္စ (သို့မဟုတ်) အခြားလူမှုရေးကိစ္စများတွင်ပြောစရာ ရင်ဖွင့်စရာစကားများရှိသလို သင့်ဇနီး တွင်လည်း အိမ်တွင်းရေးနှင့်ပတ်သက်၍ လည်းကောင်း သားရေးသမီးရေးနှင့် ပတ်သက်၍ လည်းကောင်း ပြောစရာ တိုင်ပင်စရာ စကားများ ရှိနိုင်ပါသည်။ သင့်မှာက ပြောစရာစကားများစွာကို ပြင်ပတွင် သူငယ်ချင်းအပေါင်းသင်းများ နှင့် ပြောဆိုနိုင်သော်လည်း အိမ်ထောင်မှု ကိစ္စများစွာဖြင့် ချာလပတ်ယမ်းနေသည့် သင့်ဇနီးမှာ ရင်ဖွင့်တိုင်ပင်စရာ သင့်တစ် ယောက်သာရှိသည်ကို သတိပြုသင့်ပါ သည်။
အိမ်မှာကျန်နေသည့် သင့်ဇနီးက သင့်လောက်မပင်ပန်းဘူး၊ သင့်မှာကတစ် နေ့ကုန် အပြင်မှာ စိတ်ပင်ပန်း လူပင်ပန်း ခြင်းများစွာဖြင့် ပိုပြီးမောပန်းသည်ဟု အထင်မရောက်ပါနှင့်။ သင်မယုံလျှင် အိမ်ထောင်ထိမ်းသိမ်းမှုအလုပ် မလွယ်ကူ လှသည်ကို တစ်ရက်တာမျှအိမ်တွင်နေ ကြည့်ရုံဖြင့် သိနိုင်ပါသည်။ ထိုကြောင့် အလုပ်မှပြန်လျှင် မည်မျှပင် မောပန်းနေ စေကာမူ ကိုယ့်မိသားစုအတွက် ဆွေးနွေး တိုင်ပင်ရန် အချိန်ပေးသင့်ပါသည်။ အလုပ်အားလပ်ရက်များတွင် မိသားစုနှင့် အတူ အလည်အပတ်ထွက်ခြင်း အတူ တကွ ချက်ပြုတ်စားသောက်ခြင်းများ လည်း ပြုသင့်ပေသည်။

တချို့သော အချက်အပြုတ် ဝါ သနာပါသည့် အိမ်ရှင်မများသည် ကိုယ့် မိသားစုကို ကိုယ်တိုင်ချက်ပြုတ်ကျွေး မွေးမှအားရ ကျေနပ်တတ်ပေသည်။ ခင်ပွန်းယောက်ျ;များ အနေဖြင့်လည်း မိမိ ဇနီးကိုယ်တိုင်ချက်ပြုတ်ထားသည်များကို အလဟဿ မဖြစ်အောင်စား သောက်သင့်ပါသည်။
ဥပမာအနေဖြင့်ပြောရလျှင် ကျွန် တော်၏ဇနီးသည် ပိုက်ဆံချွေတာရာ လည်းရောက်ပြီး ကျန်းမာရေးနှင့်လည်း ညီညွတ်စေရန်အတွက် မနက်ဖြန် ဘာစားချင်လဲ ဆိုသည်ကို ညက တည်းကမေးပြီး မနက်ခင်းတိုင်းစားချင် သည့် အရာတစ်ခုခုကို ပြုလုပ်ပေးကာ အိမ်တွင် မိသားစု အတူတကွ စားသောက် တတ်ပါသည်။ အများအားဖြင့် ကျွန်တော် က ထမင်းကြော် ကြိုက်တတ်သဖြင့် ထမင်းကြမ်းကို ပဲပြုတ်ဖြင့် ကြော်ပေး တတ်ပါသည်။ တစ်ခါတစ်ရံထမင်းကြော် စားခါနီး သူငယ်ချင်း အပေါင်းသင်းများ က လက်ဖက်ရည်ဆိုင်ခေါ်လျှင် သူ အပင်ပန်းခံပြီး ကြော်ထားသည့်ထမင်း ကြော်ကို မစားဖြစ်လျှင် မျက်နှာမကောင်း တော့ပေ။
ထိုအခါ ကျွန်တော့်မှာ သူစိတ်ကျေ နပ်စေရန် သူငယ်ချင်းများနှင့် အတူ လက်ဖက်ရည်တစ်ခွက်သာ သောက်ပြီး၊ အိမ်ပြန်ရောက်သောအခါ ထမင်းကြော်ကို အားပါးတရ စားပြရပေသည်။ သူကြော် ထားသည့် ထမင်းကြော်သည် စား သောက်ဆိုင်များမှ ရောင်းချသည့် ထမင်း ကြော်များလောက် အရသာမကောင်းသော် လည်း စေတနာမေတ္တာ အပြည့်ဝထားပြီး ကြော်ပေးထားသဖြင့် စားမြိန်လှပေသည်။

မည်သူမဆို မိမိအပင်ပန်းခံပြီး စေတနာဖြင့် ပြုလုပ်ထားသည့်အရာ များကို အသိမှတ်ပြု အလေးထားခံရလျှင် သဘောမကျသောသူ မည်သူမှရှိလိမ့် မည်မဟုတ်ပေ။ အိမ်ထောင်တစ်ခုတွင် တစ်ဦးကိုတစ်ဦး အသိမှတ်ပြု လေးစား ခြင်းသည်လည်း အရေးကြီးလှပေသည်။
တစ်ခါတစ်ရံ သူငယ်ချင်းအပေါင်း သင်းများနှင့် သောက်စားပျော်ပါးနေ သဖြင့် အိမ်ပြန်နောက်ကျမည်ဆိုလျင် သင့်ဇနီးကို ကြိုတင်ဖုန်းဆက်ပြီး အကြောင်းကြားသင့်ပါသည်။ ခေတ်မီ လွတ်လပ်ပွင့်လင်းသော တချို့အိမ် ထောင်စုများတွင် တစ်ဦးကိုတစ်ဦး ခွင့်လွှတ်နားလည်ပေးမှုများရှိ တတ်ပါ သည်။
ဥပမာအားဖြင့် ကိုယ့်ယောက်ျ; အရက်သောက်လျှင် အတူသောက်ပေး ခြင်း၊ မသောက်တတ်လျှင်လည်း အမြည်း စားပေးခြင်း၊ မည်သည့်အရာပဲလုပ်လုပ် အကောင်းအဆိုး အပြစ်တင်မဝေဖန်ဘဲ အကျိုးအပြစ်ကိုသိအောင် ဆွေနွေးတိုင် ပင်ခြင်းဖြင့် အိမ်ထောင်ရေးကို နားလည် မှုရှိရှိဖြင့် သာယာအောင်ဖန်တီးတတ်ကြ ပေသည်။ ထိုနည်းစနစ်သည် မြန်မာ့ယဉ် ကျေးမှု အသိုင်းအဝိုင်းနှင့် အံမဝင်လှသော် လည်း ခေတ်ကာလအခြေအနေတစ်ခုအရ နားလည်ပေးသင့်သည်ဟု ယူဆမိပါ သည်။

အာဏာရှင်စနစ်ဆန်သော အိမ် ထောင်ရေးသည် ပွင့်လင်းနားလည်မှု ရှိသော အိမ်ထောင်ရေးထက် ပို၍ပြိုကွဲ လွယ်ပါသည်။ ထိုကြောင့် တစ်ဦး လွတ်လပ်ခွင့်ကို တစ်ဦးက နားလည် မှုရှိရှိဖြင့် ခွင့်လွှတ်ပေးပြီး အရာရာကို တစ်ဖက်စွန်းမရောက်အောင် အသိတရား ဖြင့် ထိန်းချုပ်သင့်ပေသည်။
အိမ်ထောင်တစ်ခုပြုကြရာတွင် ချစ်ခြင်းမေတ္တာကို အခြေခံပြီးပြုကြခြင်း ဖြစ်သည့်အတွက် ပြဿနာဖြစ်လာခဲ့လျှင် လည်း ချစ်ခြင်းမေတ္တာကိုသာ အခြေခံပြီး နားလည်ခွင့်လွှတ်သင့်သည်များကို ခွင့် လွှတ်နားလည်ပေး၍ ကိုယ်ဖြစ်စေချင် သည်များကို တစ်ဖက်သတ် မပြင်ခိုင်းဘဲ သူမ မကြိုက်သည့်အချက်များကိုလည်း ကိုယ်ကပြင်ပြီး ကိုယ်မကြိုက်သည့် အချက်များကိုလည်း သူမအားပြင်စေ ခြင်းဖြင့် အပေးအယူမျှတသည့် အိမ် ထောင်ရေးတစ်ခုကို ဖန်တီးသင့်သည်။
အိမ်ထောင်တစ်ခုပြိုကွဲရာတွင် ရာခိုင်နှုန်းအတော်များများသည် မိဘညီ အစ်ကိုများ၏ ပယောဂမကင်းသည်ကို တွေ့မြင်ရပါသည်။

တချို့သောမိဘများ သည် မိမိသမက် သို့မဟုတ် ချွေးမများကို မိမိတို့ ချစ်မ၀သေးသည့် သားသမီးများကို ရင်ခွင်ထဲမှ ရက်စက်စွာ ဆွဲထုတ်လုယူ သွားသည့် အချစ်ပြိုင်ဖက်များသဖွယ်သဘောထားလိုက်ပါသည်။ ထိုအခါ လင်မယား အဆင်မပြေသဖြင့် မိဘအိမ်ဆင်းလာသည်နှင့် နှစ်ဦးနှစ်ဖက် ပြေလည်အောင်မညှိနှိုင်းပေးဘဲ တဖက် သတ်စွပ်စွဲကြသောအခါ မဖြစ်သင့် သည်များ ဖြစ်သွားကြပါတော့သည်။ သတိပြုရန်မှာ မိမိတို့သည်လည်း တချိန် ခါတုန်းက မိဘရင်ခွင် စုံကန်ခွဲခွာသူ များ ဖြစ်သည်ကို သတိချပ်သင့်ပါသည်။
အိမ်ထောင်ရေးပြိုကွဲလျင် မြေစာ ပင်ဖြစ်ရသူများမှာ လူမမယ် သားသမီး များပင်ဖြစ်သည်။ မိမစုံ ဖမစုံဖြင့်ကြီး ပြင်းလာသည့် ကလေးငယ်များသည် တသက်လုံး စိတ်ဒဏ်ရာ ရသွားတတ်ပါ သည်။ အမြဲတမ်းအားငယ်နေတတ်ပြီး အရာရာကိုလည်း သံသယဖြစ်နေတတ် ပါသည်။ ထိုကလေးငယ်များသည် အရွယ်ရောက်၍ အိမ်ထောင်ပြုလျှင် လည်း ကိုယ့်အိမ်ထောင်ဖက်အပေါ် အမြဲသံသယ ဖြစ်နေတတ်ပါသည်။

ကျွန်တော့်အသိ အိမ်ထောင်တစ်ခု တွင် မိန်းမဖြစ်သူက သူမယောက်ျm; အပေါ် အမြဲတမ်းစိတ်မချ ဖြစ်နေတတ် သည်ကို မြင်ဖူးခဲ့ပါသည်။ သူမ ယောက်ျားကို ချစ်လည်း အရမ်းချစ်ပြီး အလိုလည်း လိုက်ပါသည်။ သို့ရာတွင် စိတ်မချသဖြင့် ကျွန်တော်တို့က သူငယ် ချင်းဖြစ်သူကို လက်ဘက်ရည်ဆိုင် ခေါ်တိုင်း သူမပါအမြဲလိုက်လာသည်။ နောက်ဆုံး ဘီယာဆိုင်ထိုင်သည်ကအစ အနောက်က တကောက်ကောက် လိုက် လာတတ်ပါသည်။ ကျွန်တော်တို့က ဘီယာသောက်လျှင် သူမက အမြည်းစား ပြီး ထိုင်နေပါသည်။ တခါတရံ ညနက် သွားသော်လည်း သူမတစ်ခွန်းမှ မညီးငြူပဲ ထိုင်စောင့်နေတတ်သဖြင့် နောက်ဆို ကျွန်တော်တို့ သူငယ်ချင်းဖြစ် သူကို မခေါ်ရဲတော့ပေ။

ကျွန်တော်တို့ သူငယ်ချင်းဖြစ်သူ၏ လွတ်လပ်မှုမရှိသည့်ဘ၀ကို ကိုယ်ချင်း စာပြီးသနားမိပါသည်။ သူ၏အမျိုး သမီးလည်း သူမငယ်ငယ်က ခံစားခဲ့ရ သည့် စိတ်ဒဏ်ရာကြောင့် ယောက်ျm; အပေါ် အမြဲတမ်းစိတ်မချသဖြင့် တစ် သက်လုံး မည်မျှလောက် စိတ်ပင်ပန်း လိုက်မည်နည်းဟု တွေးမိပါသည်။ မိဘ မစုံဘဲကြီးပြင်းလာသည့် တချို့သော ကလေးငယ်များမှာမူကား မူးယစ်ဆေးသံ သရာတောထဲ ကျွံဝင်နှစ်မြုပ်သွားပြီး ဘ၀ပျက်ခဲ့ရသည့် သာဓကများစွာလည်း ရှိပါသေးသည်။

ထိုကြောင့် အိမ်ထောင်ရေးပြိုကွဲ ခြင်း၏ဂယက်သည် သားစဉ်မြေးဆက် မည်မျှလောက် ဆိုးကျိုးများစွာ ဖြစ်ပေါ် လာတတ်သည်ကို သိရှိနားလည်ပြီး တစ်ခုခုဆုံးဖြတ်မည်ကြံတိုင်း သူတို့ဘ၀ နောင်ရေးကို စဉ်းစားသင့်ပါသည်။နိဂုံးချုပ်အနေဖြင့် ပြောရလျှင်အိမ်ထောင် တစ်ခုတည်ဆောက်ခြင်းသည် စုတ်ချက် အဖိအဖော့ အရောင်အနုအရင့်ဖြင့် အနုပညာမြောက်စွာ ရေးဆွဲထားသည့် ပန်းချီကားတစ်ချပ်နှင့် နှိုင်းယှဉ်မိသည်။ အိမ်ထောင်တစ်ခုတည်ဆောက်ရာတွင်လည်း ပန်းချီဆွဲသကဲ့သို့ပင် အချို့နေရာ များတွင် စုတ်ချက်ကြမ်းကြမ်းရေးဆွဲရ သလို အချိုနေရာများတွင်းလည်း စုတ် ချက်ညှင်သာ စွာဖြင့် ခပ်ဖွဖွ ရေးဆွဲသင့် သည်။ ပန်းချီရုပ်လုံးကြွလာစေရန် အလင်းအမှောင် အရောင်အနုအရင့်သုံး ရသလို အိမ်ထောင်ရေးတွင်လည်း တချို့ နေရာများတွင် ရဲရဲတောက် နီပြရသလို အချို့နေရာများတွင်လည်း နူးညံ့သည့်အချစ်ကိုကိုယ်စားပြုသည့် ပန်းရောင် ဖျော့ဖျော့ဖြင့် ရေးဆွဲသင့်ကြောင်း အကြံပြုရင်း နိဂုံးချုပ်အပ်ပါသည်။