ကျွန်တော်တို့ အနီးမှုန်နေကြသလား

0
512

ကျွန်တော်တို့သည် နေ့စဉ်ဘ၀ကို ကြိုးစားရုန်းကန်ဖြတ်သန်းနေကြရင်း ကိုယ်ကိုကိုယ် ပြန်လည်သုံးသပ်ဖို့ မေ့လျော့ နေလေ့ရှိသည်။
ကိုယ်လုပ်သမျှ အရာရာကို အမှန် ထင်နေခြင်းကလည်း ထိုသို့ ပြန်လည် သုံးသပ်ဖို့ရန် အားနည်းစေသည်။ တစ်ခါ တစ်ရံ အကြောင်းတိုက်ဆိုင်မှုရှိ၍ မိမိ၏အတိတ်က အဖြစ်အပျက်များ၊ လုပ်ရပ် များကို ပြန်လည်သုံးသပ်မိချိန်တွင် တော့ ကိုယ့်ရဲ့အမှား၊ ကိုယ့်ရဲ့အားနည်းချက် များမှာ ဗရပွဖြစ်နေသည်ကို အံ့အား သင့်ဖွယ်ရာ ပြန်လည်တွေ့ရှိရပါတော့ သည်။

ထိုအားနည်းချက်များ၊ အမှားများ ကို ပြန်လည်ပြင်ဆင်ခွင့် မရှိတော့ပေ။ သို့သော် နောက်ထပ်မကျူးလွန်မိရန် ဆင်ခြင်ခွင့်တော့ ရသေးသည်။ လူတိုင်း သည် အမှားနဲ့မကင်းနိုင်သည်မှာ မှန် သော်လည်း ကျွန်တော်တို့အနေဖြင့် အမှားနည်းဖို့ကို ပို၍အာရုံစိုက်ကြရပေ လိမ့်မည်။
ယင်းအတွက် ကိုယ့်ကိုကိုယ် ပြန် လည်ဆင်ခြင်ခြင်းသည် အင်မတန် အရေးပါပါသည်။
ကိုယ်ကိုကိုယ် ပြန်လည်ဆင်ခြင် ရင်း အခုတလော ပြန်တွေးမိတာတစ်ခုက “ကျွန်တော်တို့ အနီးမှုန်ခဲ့သလား”
ကျွန်တော်တို့၏ အနီးဆုံးတွင် ရှိနေသူများနှင့် ကျွန်တော်တို့၏ဆက်ဆံ ရေးသည် သူငယ်ချင်း မိတ်ဆွေ၊ သူစိမ်း တစ်ရံဆံများနှင့် ဆက်ဆံရေးလောက် အားရဖွယ်မရှိဆိုသည်ကို သတိပြုမိပါ လိမ့်မည်။

တစ်ခြားသူများနှင့် ဆက်ဆံသည့် အခါ တတ်နိုင်သလောက် အမှားကင်း အောင် သတိကြီးကြီးထားပြီး ဆက်ဆံ တတ်ကြ သော်လည်း၊ မိမိ၏ မိသားစုဝင် များနှင့် ဆက်ဆံသည့်အခါ ပြောင်းပြန် အချိုးကျနေသလား အောက်မေ့ရသည်။
တခြားသူများနှင့် ဆက်ဆံပြော ဆိုသည့် အခါ စိတ်ရှည်သလောက် မိဘ၊ ညီအစ်ကို မောင်နှမများ၊ ဇနီးသားသမီး များနှင့် ပြောဆိုဆက်ဆံရာတွင်မူ စိတ်တို စိတ်ဆတ်လွယ်နေတတ်သည်။

တစ်ပါးသူများနှင့် ပြောဆိုဆက်ဆံ သည့်အခါ လေသံကို ပျော့သထက် ပျော့ အောင် ဂရုစိုက်တတ်ကြသော်လည်း မိမိ ၏မိသားစုဝင်များနှင့် ပြောဆိုသည့်အခါ လေသံမှာ မာထန်နေတတ်ပြန်သည်။
မိမိ၏ဇနီးသားသမီးများ၏ တောင်း ဆိုမှုများကို လျစ်လျူရှုတတ်သလောက် မိတ်ဆွေသူငယ်ချင်းများ၏ အရေးကိစ္စ များဆိုလျှင်တော့ မဖြစ်မနေ ကြိုးစား လုပ်ဆောင်ပေးတတ်သည်ကို တွေ့ရ ပေမည်။

မိသားစုဝင်များအတွက် ဆိုလျှင် များသောအားဖြင့် အချိန်သိပ်မပေး နိုင်ကြ သော်လည်း သူငယ်ချင်း မိတ်ဆွေ များအတွက် အချိန်တွေပိုလျှံနေတတ် ပြန်သည်။
ကျွန်တော်တို့အနေဖြင့် တခြားအရာ ပေါင်း များစွာတွင်လည်း ထိုနည်းနှင်နှင် ပင်။
ဤကဲ့သို့ဖြစ်နေသော မိသားစုနှင့် ဆက်ဆံရေးမျိုးသည် ရေရှည်အတွက် ဆိုလျှင်တော့ ကောင်းနိုင်လိမ့်မည်မဟုတ်။ အမြန်ဆုံး ပြုပြင်သင့်သည့် အချက်ဖြစ် သည်။ သို့မဟုတ်လျှင် မိမိနှင့် အနီးဆုံး တွင် ရှိနေသူများအပေါ် မတရားရာကျ ပေသည်။
ဤကဲ့သို့ ပြောခြင်းကြောင့် သူငယ် ချင်း မိတ်ဆွေများကို ဥပေက္ခာပြုရမည်ဟု မကောက်ယူစေလိုပါ။ မိသားစုအတွက် ကျွန်တော်တို့၏ လစ်ဟာနေသော ကွက်လပ်ကို သတိပြုမိစေချင်ရုံသာ ဖြစ် သည်။

အပေါ်တွင် ဖော်ပြခဲ့သည့်အကြောင်း အရာများသည် ကျွန်တော့် မိသားစု အပေါ်တွင် ကျွန်တော့်အနေဖြင့် လတ် တလော ပြုမူနေမိသည့် အခြေအနေမျှ သာဖြစ်သောကြောင့် စာဖတ်သူများ အနေနှင့်မူ တိုက်ဆိုင်မှုရှိချင်မှ ရှိပေလိမ့် မည်။
ကျွန်တော်စဉ်းစားမိသည်မှာ မိမိ၏မိသားစုဝင်များအပေါ်တွင် ဤကဲ့သို့ ဆက်ဆံမိနေခြင်းမှာ မိမိနှင့် မိသားစု ဝင်များကြားက ဆက်ဆံရေးသည် ဤမျှ လောက်နှင့် မပျက်စီးနိုင်၊ မပြတ်တောက် သွားနိုင်ဟု ထင်မြင်မိနေခြင်းကြောင့်ဟု ဆိုချင်သည်။

သို့မဟုတ် ကိုယ့်ကို နားလည်ပေး သူများဖြစ်သည်ဟု မှတ်ယူထားသည့် အတွက် ဆိုးခြင်း ဖြစ်နိုင်သည်။
တခြားသူများနှင့်မိမိကြားက ချည် နှောင်ထားသောကြိုးသည် မိမိနှင့် မိသားစုဝင် များကြားက ချည်နှောင်ထား သည့်ကြိုးလောက် ခိုင်မြဲမှုမရှိဟု ထင်မြင် မိနေသောကြောင့် မိတ်ဆွေသူငယ်ချင်း များ၊ သူစိမ်း တစ်ရံဆံများနှင့် ဆက်ဆံ ရေးကို ပိုသတိထားနေခြင်းလည်း ဖြစ် သည်။
ငြင်းချက်များ ရှိနိုင်ပါသည်။ သို့သော် မိမိနှင့်မိသားစုဝင်များကြားက ဆက်ဆံရေးသည် တခြားသူများနှင့် ဆက်ဆံရေးထက် ပိုကောင်း သို့မဟုတ် တန်းတူ ဖြစ်သင့်သည်မှာ သေချာပါ သည်။
လျော့တော့ မလျော့သင့်ပေ။

စာဖတ်သူများအနေဖြင့် မိမိ၏မိသားစု၊ မိမိ၏ဌာန၊ မိမိ၏ရုံး၊ မိမိ၏ကုမ္ပဏီ၊ မိမိ၏လုပ်ငန်းခွင် အစရှိသည့် နေရာများမှ မိမိ၏အနီးဆုံးတွင် ရှိနေသူများနှင့် ဆက်ဆံရာတွင် အနီး မှုန်နေသလားဆိုသည်ကို ပြန်လည် သုံးသပ်ကြည့်စေချင်ပါသည်။
မိမိသည် အနီးမှုန်သူတစ်ယောက် ဖြစ်နေပါက ပြန်လည်ဆင်ခြင် ပြင်ဆင် ခြင်းက မိမိ၏အောင်မြင်မှု၊ ပျော်ရွှင်မှု အတွက် အထောက်အကူဖြစ်လိမ့်မည်ဟု ယုံကြည်မိပေသည်။
စာဖတ်သူများအနေဖြင့် အနီးမှုန် နေသူ ဟုတ်မဟုတ်မသိသော်လည်း ကျွန်တော်ကတော့ . . . . .။