ဓာတ်ကြိုးမြင်တိုင်း မကြောက်ချင်ပါ

0
517

“ဓာတ်လိုက်ရင် ပရုပ်ဆီလိမ်း၍ မရတော့ပါ”
ဖေ့စ်ဘွတ်(ခ်)မှာ မိတ်ဆွေတစ် ယောက်က ရေးထားသည်။ လျှပ်စစ်မီးကို ပေါ့ပေါ့တန်တန် သဘောမထားကြဖို့ သတိပေးလိုသောကြောင့် ရေးထားခြင်း ဖြစ်မည်။

ဒီနှစ်ထဲ ရန်ကုန်မြို့တွင် ဆေး တက္ကသိုလ်ကျောင်းသားတစ်ဦးနှင့် အခြေ ခံပညာကျောင်းသားတစ်ဦးတို့ ဓာတ်လိုက် သေဆုံးခဲ့ကြသည်။ တစ်ဦးက လျှပ်စီး ဝင်နေသော ဘုရားကျောင်းနံရံကို မှီမိရာ မှ ဓာတ်လိုက်သေဆုံးသည်။ နောက် တစ်ယောက်က လမ်းမပေါ်ပြတ်ကျနေ သည့် ဓာတ်ကြိုးကို ရေလွှမ်းနေသဖြင့် မမြင်ရသောကြောင့် တက်နင်းမိရာမှ ဓာတ်လိုက်သေဆုံးခဲ့ကြသည်။ ယခုအ ပတ်တွင်းတွင်လည်း ပြင်ဦးလွင်တွင် ဆေးရုံတက်နေရသည့် ဖခင်ကို လိုက်လံ စောင့်ရှောက်ပေးနေသည့် လူနာစောင့် သားဖြစ်သူမှာ ရေချိုးခန်းထဲတွင် ဓာတ် လိုက်ပြီး သေဆုံးခဲ့ရသည်။ ရေပူရေ အေးစက် ရှော့ခ်ဖြစ်နေသောကြောင့် ဟု ဆိုသည်။

ကျွန်တော်တို့ ထားဝယ်တွင်လည်း လွန်ခဲ့သည့် လပိုင်းက အုန်းပင်ခုတ်သမား တစ်ဦး ဓာတ်ကြိုးနှင့် အုန်းလက်ငြိပြီး ဓာတ်လိုက်သေဆုံးဖူးသည် မဟုတ်ပါ လား။ ဤသည်မှာ ကျွန်တော်တို့ လတ် တလော လက်လှမ်းမီသမျှသာ ရှိသေး သည်။ နောက်ထပ် ဓာတ်လိုက်ပြီး အ သက်ဆုံးရှုံးရသူပေါင်း မည်မျှရှိနေသည် ကိုမူ တိတိကျကျမသိ။ စာရင်းနှင့်တကွ ဖော်ပြပေးထားသည့် နေရာရှိလျှင်တော့ ပိုကောင်းပေမည်။

ပြီးခဲ့သည့် စနေနေ့ညက ထားဝယ် မြို့ အာဇာနည်လမ်းတွင် အိမ်တစ်အိမ် ရှေ့ရှိ ဓာတ်ကြိုးတစ်ချောင်းမှ အနီရောင် မီးပွားလေးတစ်ခုမှာ ကြီးလာလိုက် သေး သွားလိုက်ဖြစ်နေသည်။ ကျွန်တော် ထိုင် နေသည့် လက်ဖက်ရည်ဆိုင်၏ မျက်စောင်းထိုးနေရာတွင် ဖြစ်နေသော ကြောင့် ကျွန်တော်အပါအဝင် လက်ဖက် ရည်ဆိုင်ထဲရှိ လူအားလုံးလည်း ကောင်း ကောင်းမြင်နေရသည်။ ထိုကဲ့သို့ဖြစ်နေ သည်မှာ နာရီဝက်ကျော်နေပြီဟု ဆိုင် ပိုင်ရှင်က ပြောသည်။ တာဝန်ရှိသူများကို ဖုန်းဆက်သော်လည်း ကရိန်းကားများ တခြားနေရာသို့ရောက်နေသည်ဟုဆိုကာ မည်သူတစ်ဦးတစ်ယောက်မျှ ရောက်မလာ ကြ။ လက်ဖက်ရည်လာသောက်သော လူငယ် လေးတစ်စုက ဖုန်းထပ်ဆက်ပေးမှ ကုမ္ပဏီမှ လျှပ်စစ်ဝန်ထမ်းနှစ်ယောက် ရောက်လာသည်။ သို့သော်က ရိန်းကား တော့မပါ။ ဆိုင်ကယ်တစ်စီးနှင့် ရောက်လာ ခြင်းဖြစ်သည်။

သူတို့ရောက်လာပြီး ဓာတ်မီးနှင့်ထိုး ကြည့်တော့ ထိုနေရာတွင် ဓာတ်ကြိုးနှစ် ချောင်းငြိနေသည်ဟု ဆိုသည်။ ကရိန်း ကားအလာကိုစောင့်ရင်း လက်ဖက်ရည် သောက်ရန် အနီးအနားရှိ အိမ်ရှင်တစ်ဦးမှ ထိုဝန်ထမ်းနှစ်ဦးကို လက်ဖက်ရည်ဆိုင် ခေါ်လာသည်။ သူတို့လက်ဖက်ရည်ဆိုင် ရောက်ပြီး ဆယ်မိနစ်တောင်မကြာလိုက် မီးပွားမြင်နေရသော ထိုဓာတ်ကြိုးမှာ ပြတ်ကျသွားပြီး ဓာတ်ကြိုးတစ်လျှောက် မီးရှူးမီးပန်းဖောက်သကဲ့သို့ ဖြစ်သွားပြီး တဖောင်းဖောင်းမည်သံများလည်း ထွက် ပေါ်လာသဖြင့် ထိုနားတစ်ဝိုက် ရုတ်ရုတ် သဲသဲ ဖြစ်သွားတော့သည်။ ထိုအချိန်တွင် အမျိုးသမီးငယ်နှစ်ဦးမှာ လမ်းဖြတ်ကူးဖို့ လုပ်နေသည်။ သို့သော်လည်း မီးကြိုး ပြတ်ကျသည့် ဘက်ခြမ်းတွင်မဟုတ်ဘဲ လမ်း၏အခြားတစ်ဘက်တွင် ရှိနေခြင်း က သူတို့အတွက် ကံကောင်းသွားစေ သည်။ အကယ်၍များ သူတို့နှစ်ယောက် သာ မီးကြိုးပြတ်ကျသည့်ဘက်တွင် ရှိ နေခဲ့ပါလျှင်မူ မတွေးဝံ့စရာပင်။ ထိုနေ့က အဖြစ်အပျက်ကို သုံးသပ်ရလျှင် မီးသုံးစွဲသူ ဘက်က အချိန်နှင့်တပြေးညီအကြောင်း ကြားပေးခဲ့သော်လည်း ဝန်ဆောင်မှုပေး သည့်ကုမ္ပဏီဘက်က အ ချိန်မီရောက် မလာခဲ့။ တာဝန်ပေါ့လျော့ခဲ့သည်။ ကြီး ကြီးမားမားပြဿနာမဖြစ်လိုက်၍သာ တော်တော့သည်။

ဤသည်မှာ လျှပ်စစ်မီးကိုနှစ်ပေါင်း များစွာကြာအောင် သုံးစွဲခွင့်ရနေသည့် မြို့ပေါ်တစ်နေရာမှ အဖြစ်အပျက်တစ်ခု မျှသာ။
ကျွန်တော် အဓိကထားပြောချင် သည်က ယခုမှ လျှပ်စစ်မီးကို စတင်သုံးစွဲ ကြမည့် ကျေးလက်ဒေသမှ ပြည်သူများ အတွက် စိုးရိမ်သောကြောင့် ဖြစ်သည်။ ယခင်က ကိုယ်ထူကိုယ်ထ ပေးကြသည့် ရွာမီးစက်မီးကို အသုံးပြုဖူးသော်လည်း ဓာတ်အားဖြန့်ဖြူးပေးသည့် အချိန်တို တောင်းသဖြင့် ဓာတ်လိုက်ဖို့ပင် အချိန်မ ရ။ လျှပ်စစ်ပစ္စည်း အသုံးပြုမှုကလည်း ထူးထွေများပြားခြင်း မရှိသေးသည့်အ တွက် လျှပ်စစ်နှင့်ပတ်သက်ပြီး ပြဿနာ ကြီးကြီးမားမားဖြစ်သည်ကို မကြုံဖူးကြ။ အများစုသုံးသည်မှာ မီးချောင်း၊ တီဗွီသာ ဖြစ်သည်။ အခုတော့ ထိုမျှမကတော့ လျှပ်စစ်မီးပူ၊ ထမင်းပေါင်းအိုး၊ ရေခဲ သေတ္တာ စသဖြင့် ပိုပြီး စုံစီနဖာ သုံးလာ ကြသည်။ ထို့ကြောင့်ပင်လျှင် လျှပ်စစ်နှင့် ပတ်သက်ပြီး ပေါ့ပေါ့တန်တန် သဘော ထားကြမည်ကို စိုးရိမ်မိသည်။

လျှပ်စစ်ပစ္စည်းများ တပ်ဆင်ခြင်း ကိုလည်း ကျွမ်းကျင်မှုရှိသည့် သူများကို သာ တပ်ဆင်စေသင့်ပါသည်။ သို့တည်း မဟုတ်လျှင်တော့ လျှပ်စစ်အန္တရာယ်ကို ကျိန်းသေကြုံရဖို့ ရှိသည်။ ဤသည်ကို တာဝန်ရှိသူများအနေဖြင့် အလေးထား ကြပ်မတ် ဆောင်ရွက်ပေးသင့်သည်။
နောက်တစ်ပိုင်းက လျှပ်စစ်ဖြန့်ဖြူး မှုအပိုင်းတွင် တွေ့ရနိုင်သည့် ပြဿနာ။ လျှပ်စစ်ကြိုးသွယ်တန်းထားသည့် မီး တိုင်များ၏ အရည်အသွေးကိုရော သွယ် တန်းထားသည့် ကြိုး၏အရည်အသွေးကို ပါ စိတ်မချရဲကြ။ ကိုယ့်အိမ်ခေါင်မိုးပေါ် ကဖြတ်သွားသည်ကိုပင် မလိုချင်။ ဘယ် အချိန် ဓာတ်ကြိုးပြတ်ကျမလဲဆိုသည့် စိုးရိမ်စိတ်ကြောင့် စိတ်ချလက်ချ အိပ် ၍မပျော်နိုင်။

နိုင်ငံနှင့်အဝှမ်း ဓာတ်ကြိုးပြတ် ကြောင့် လူသေဆုံးရသည့် သတင်းများကို အမြဲလိုလို ကြားနေရသောကြောင့်လည်း ဖြစ်သည်။
လောလောလတ်လတ် မြင်ရကြား ရသည်ကလည်း ရှိသည်။ ပြီးခဲ့သည့်အ ပတ်က ရေဖြူမြို့နယ်၊ ကျောက္ကညာရွာ တွင် ဓာတ်ကြိုးပြတ်ကျ၍ ဆိုင်ကယ်တစ် စီးမီးလောင်သွားခဲ့သည်။
တဖြည်းဖြည်းဖြင့် စိတ်ထဲ ကြောက် စိတ်ကိန်းလာသည်မှာ သွားရင်းလာရင်း လမ်းတစ်လျှောက် ဓာတ်ကြိုးတွေဆီ စိတ်က ရောက်သွားတိုင်း အခုနေ ပြတ် ကျသွားရင်တော့ဖြင့်ဟူသည့် အတွေးနှင့် မလုံခြုံမှုက အမြဲလိုလို ဖိစီးလာသည်။
ဓာတ်တိုင်နှင့် ဓာတ်ကြိုးများ၏ အရည်အသွေးအပေါ် မယုံကြည်မှုက လူထု၏ နေ့စဉ်ဘဝတွင် မလုံခြုံသည့် ခံစားချက်များ ပိုပိုဖိစီးလာသည်ကို ကြုံ နေရသည်။

တာဝန်ရှိသူများအနေဖြင့် သည်ကိစ္စ အား မပေါ့စေချင်ပါ။
နောက်တစ်ခုမှာ လျှပ်စစ်အန္တရာယ် နှင့်ကြုံလာပါက မည်သူ့ကို ဖုန်းဆက် အကူအညီတောင်းခံရမည့်ကိစ္စ ဖြစ်သည်။
ဓာတ်ကြိုးပြတ်ကျလျှင်သော်လည်း ကောင်း၊ ဓာတ်တိုင်တွင် တပ်ဆင်ထား သည့် ဘောက်စ်ထဲတွင် မီးထလောင်လျှင် သော်လည်းကောင်း မည်သူ့ကို ဆက် သွယ်အကူအညီ တောင်းရမည်ကို မီးသုံး စွဲသူများ အလွယ်တကူသိရှိနိုင်အောင် ဆောင်ရွက်ပေးထားသင့်သည်။ အထူးသ ဖြင့် ကျေးရွာများတွင် ပိုဂရုစိုက်ရပါမည်။

ရေဖြူမြို့နယ်အတွင်းရှိ ရွာတစ်ရွာ တွင်တော့ မီးသုံးစွဲသူ ရပ်မိရပ်ဖများကို ခေါ်ယူကာ လျှပ်စစ်အန္တရာယ်အကြောင်း အသိပညာပေး ဟောပြောပွဲတစ်ခု ပြုလုပ် နေသည့် ဗီဒီယိုဖိုင်တစ်ခု ဖေ့စ်ဘွတ်(ခ်)ပေါ်တွင် တွေ့ရသည်။ ထိုဗီဒီယိုဖိုင်ကို တွေ့မိသဖြင့် တာဝန်ရှိသူများကို ကျေးဇူး တင်နေမိသည်။ ထိုထက်ပိုပြီး ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်ပေးစေချင်သည့် ဆန္ဒဖြစ်မိသည်ကတော့ အမှန်။ လျှပ်စစ်မီး အသုံးပြုကြမည့်၊ အသုံးပြုလျက်ရှိသည့် ကျေးရွာများအားလုံးတွင် ကွင်းဆင်းဆောင် ရွက်ပေးနိုင်လျှင်တော့ အကောင်းဆုံးဖြစ် ပေလိမ့်မည်။

ဤနေရာတွင် ကျွန်တော်စိုးရိမ်မိ သည်က ကလေးငယ်များ လျှပ်စစ်အန္တ ရာယ်ကင်းရှင်းရေးဖြစ်သည်။ လူကြီးများ သည် ကလေးငယ်များထက် အသိပိုကြ သည်။ သူတို့၏ ပေါ့ဆမှုကြောင့်သာ လျှပ်စစ်အန္တရာယ်ကို သူတို့ကြုံရနိုင် သည်။ သို့သော် ကလေးငယ်များတွင်မူ စူးစမ်းလိုစိတ်၊ စမ်းသပ်လိုစိတ် အခံရှိ သည်။ သူတို့ကို လျှပ်စစ်အန္တရာယ်နှင့် ပတ်သက်သည့် အသိပညာများ ပေးထား ရပေမည်။ သို့တည်းမဟုတ်လျှင်တော့ ကလေးငယ်များအနေဖြင့် လျှပ်စစ်
အန္တရာယ်ကို တစ်နေ့မဟုတ်တစ်နေ့ ကြုံရနိုင်သည်။ ထို့ကြောင့် တာဝန်ရှိသူများ အနေဖြင့် လူကြီးတွေလောက်ကိုသာ အသိပညာမပေးဘဲ ကလေးများအတွက်ပါ လျှပ်စစ်အန္တရာယ်အသိပညာပေးမှုများ ဆောင်ရွက်ပေးစေလိုပါသည်။ စာသင် ကျောင်းများသို့ သွားရောက်ကာ လျှပ် စစ်အန္တရာယ် အသိပညာပေးမှုများ ဆောင်ရွက်ပေးကြစေလိုပါသည်။ အနာဂတ်သားကောင်း ရတနာလေးများကို အလွယ်တကူ အဆုံးရှုံးမခံချင်လိုတော့ပါ။