အိမ်သာကန် အရစ်ကျ ဝယ်ခွင့်ပေးပါ

0
648

ထားဝယ်မြို့ ဘုမ္မော်ချောင်းတစ် လျှောက်တွင်နေထိုင်သည့် အိမ်များတွင် အိမ်သာကန်(ဖိုင်ဘာပုံး)များကို အရစ် ကျစနစ်ဖြင့် ရောင်းချပေးရန် ချောင်းနံ ဘေးနေထိုင်သူအချို့က လိုလားနေကြ သည်။

ဘုမ္မော်ချောင်းတစ်လျှောက်နေထိုင် သည့် အိမ်များတွင်Bio နည်းစနစ်(High Efficiency System) သုံး သည့် ဖိုင်ဘာပုံးများကိုတပ်ဆင်အသုံး ပြုကြရန်ပြောဆိုထားကြောင်း ထားဝယ် မြို့နယ်စည်ပင်သယာရေးကော်မတီထံ မှ သိရသည်။
မိသားစုလေးဦးအထိရှိသည့် အိမ် များက လီတာတစ်ထောင်ဆန့် ကျပ် သုံးသိန်းတန် ဖိုင်ဘာပုံး တပ်ဆပ်ရမည် ဖြစ်ကြောင်း မြို့နယ်စည်ပင်ကော်မတီ အတွင်းရေးမှူးက ပြောသည်။
မိသားစု ၅ ဦးနှင့် အထက်ရှိသည့် အိမ်များတွင် ကျပ်လေးသိန်းတန် ၁၆၀၀ လီတာ ဖိုင်ဘာပုံးများကို ဝယ်ယူတပ် ဆင်ရမည်ဖြစ်ကြောင်း အထက်ပါ ကော် မတီထံမှ သိရသည်။

ငွေကြေးတတ်နိုင်သူများကို အပြေ အကျေပေးချေသည့်စနစ်ဖြင့် ရောင်းချ ပေးရန်နှင့် ငွေကြေးမတတ်နိုင်သူများ အတွက် ၅၀ ရာခိုင်နှုန်းပေးသွင်းပြီး ကျန်သည့်ငွေကို တစ်လဆိုင်းငံ့သတ် မှတ် ရောင်းချပေးရန် ရောင်းချသည့် ကုမ္ပဏီနှင့် ညှိနှိုင်းထားကြောင်း မြို့ နယ်စည်ပင်ကော်မတီအတွင်းရေးမှူးကဆိုသည်။
ချောင်းတစ်လျှောက် နေထိုင်သူ အများစုက ဆင်းရဲသားများနေသည့် အတွက် ငွေကြေးပမာဏအရ အရစ်ကျ စနစ်ဖြင့်ဝယ်ယူခွင့်ရလိုကြောင်း ဘုမ္မော် ချောင်းနံဘေးနေထိုင်သည့် ဦးသန်းထွန်း က ဆိုသည်။
“တစ်လငါးသောင်းနိုင်တဲ့အိမ် ငါး သောင်း၊ နှစ်သောင်းနိုင်တဲ့အိမ် နှစ် သောင်းပေါ့၊ အဲဒီလိုမျိုးဆိုအဆင်ပြေ တယ်”ဟု ဦးသန်းထွန်းက ပြောသည်။

အိမ်သာကန်ကို ဖိုင်ဘာပုံးများတပ် ဆင်ရမည်ဆိုပါက သန့်ရှင်းပြီးကျန်းမာ ရေးအတွက် ကောင်းမွန်သော်လည်း ငွေကြေးလိုအပ်ချက်ကို ပြင်ပတွင် ချေး ငှားရမည်ဆိုက အခက်အခဲရှိကြောင်း ဘုမ္မော်ချောင်းနံဘေးတွင် နေထိုင်သည့် အသက် ၂၈ နှစ်အရွယ်ရှိ အမျိုးသားတစ် ဦးက ဆိုသည်။

 

“ချေးငှားပြီးလုပ်ပါဦး၊ အတိုးပေး ရတော့မယ်ဆိုတော့ ဟိုဘက်လည်း ပေးရ ဒီဘက်လည်းပေးရတော့မယ်၊ ဒါကိုလည်း စဉ်းစားနေရသေးတယ်”ဟု ၎င်းက ဆိုသည်။
နွမ်းပါးပြီး ငွေကြေးမတတ်နိုင်သူ များအတွက် ထည့်သွင်းစဉ်းစားနေကြောင်း မြို့နယ်စည်ပင်ကော်မတီ အတွင်းရေးမှူး ကဆိုသည်။
အိမ်သာကန်ဖိုင်ဘာပုံးများကို စက်တင်ဘာလ ၁၅ ရက်နေ့ နောက် ဆုံးထား တပ်ဆင်ရမည်ဖြစ်ပြီး သတ် မှတ်ရက်ကျော်လွန်သည့်အတိုင် မတပ် ဆင်ပါက ဒဏ်ငွေတစ်ရက်လျှင် ကျပ် တစ်သောင်းနှင့် ကျပ်သုံးသောင်းကြား ဆောင်စေမည်ဟု စည်ပင်သာယာရေး တာဝန်ရှိသူများက လာရောက်ပြောဆို ထားကြောင်း ဘုမ္မော်ချောင်းတစ်လျှောက် နေထိုင်သူများက ပြောသည်။

၎င်းအပြင် စက်တင်ဘာလကုန် အထိ တပ်ဆင်ခြင်းမပြုပါက အောက် တိုဘာလ ၁ ရက်မှစ၍ တစ်ရက်လျှင် ဒဏ်ငွေ ကျပ်တစ်သိန်း ပေးဆောင်စေ မည်ဟု စည်ပင်သာယာရေးက လာ ရောက်ပြောဆိုထားကြောင်း ၎င်းတို့က ဆိုသည်။
“ဘယ်လိုကြိုးစားကြိုးစား ဝယ်နိုင် မှာ မဟုတ်ဘူး။ ကျွန်မကတော့ ဖမ်း ချင်ရင်တော့ ဖမ်းပါစေတော့ဖြစ်နေပြီ။ စားဖို့က အဓိကဦးစားပေးနေရတယ်”ဟု ဘုမ္မော်ချောင်းနံဘေးနေထိုင်သည့် ဒေါ်စန်းဝင်းက ပြောသည်။

ချောင်းတစ်လျှောက်တွင် နေထိုင် သူအချို့က တစ်လလျှင် ကျပ်ငါးသောင်း နှုန်းဖြင့် ဝယ်ယူခွင့်ရရန် လိုလားနေကြ သည်။
ငြသ နည်းစနစ်သုံး ဖိုင်ဘာအိမ် သာကန်များတွင် ဓာတုဗေဒပိုးမွှားများ ပါဝင်ပြီး အဆိုပါပိုးများက အိမ်သာ အညစ်အကြေးများကို စားသုံးစေသည့် စနစ်ဖြစ်ပြီး အင်းလေးကန်တွင်လည်း အဆိုပါစနစ်ကို တပ်ဆင်ထားကြောင်း စည်ပင်ကော်မတီအတွင်းရေးမှူးက ရှင်း ပြသည်။
ဘုမ္မော်ချောင်းအတွင်း အိမ်သာ ပိုက်လွှတ်ချထားမှုကို ယခုလ ၁၅ ရက် နောက်ဆုံးထားဖယ်ရှားရန် စာပို့ အကြောင်းကြားထားသည်။