ရဲမှုခင်းလူနာတွေ ကုသရတဲ့အခါ

0
454

အရေးပေါ်ဌာနဆိုတာမျိုးက အစဉ် အမြဲ လူနာတွေနဲ့ ရှုပ်ယှက်ခတ်နေတတ် တာမျိုး။ သို့ပေမဲ့ တစ်ခါတလေ အရေး ပေါ်လူနာတွေတင်မကပါဘဲ အရေးမပေါ် ပေမဲ့ လာလာရှုပ်ထွေးနေတတ်တာမျိုး လည်း ရှိတတ်တယ်။
ဆေးရုံရဲ့ဥပစာအဖြစ် တင်စားလို့ ရတဲ့ အရေးပေါ်ဌာနကပဲ ဖြတ်ပြီး အရာ ရာ လာရောက်မေးမြန်းစုံစမ်းကြတာမျိုး ဆိုလေတော့ အဲသည် အလုပ်ဖိအားကို လျှော့ချနိုင်ဖို့ရာ လက်ခံကြိုဆိုရေးဌာန(Reception) ကို အရေးပေါ်ဌာနအနား မှာ ဖွင့်ထားပြီး ပြည်သူတွေ လိုအပ်နေတဲ့ ကွက်လပ်ကို ဖြည့်စွမ်းဖို့ ကြိုးစားခဲ့ကြ တာပဲ ဖြစ်တယ်။

သို့ပေမဲ့ ဆေးဘက်ဆိုင်ရာပညာ ရှင်တွေ မဟုတ်လေတော့ ဆေးဘက်ဆိုင် ရာပြဿနာတွေကျတော့ သူတို့လေးတွေ မဖြေရှင်းနိုင်စွမ်းကြပေဘူး။
အဲသည်အခါ အရေးပေါ်မှာ လာ ပတ်သက်ပေါ့လေ။

(၁)
ခါတိုင်းနေ့တွေလိုပဲ ရှုပ်ထွေးနေ တတ်တဲ့ ရုံးဖွင့်ရက်ပေါ့။ အသည်းအသန် လူနာပြုစုကုသတဲ့ အခန်း(Resuscitat ion room)  မှာ ထိခိုက်ဒဏ်ရာရ လူနာ က နှစ်ယောက်၊ နှလုံးဖောက်နေတဲ့ လူနာ က တစ်ယောက်၊ နောက် ခွဲစိတ်ကုသခံ ဖို့ရာ ဆေးရုံတက်လာတဲ့ လူနာကတစ် ယောက်ဆိုတော့ လေးကုတင်လုံး ပြည့် နေချိန် အထူးကု ပြင်ပလူနာ ပြသရက် မဟုတ်ပါဘဲ လာပြလို့ အရေးပေါ်ဌာနကပဲ ကြည့်ပေးရမယ့် ပြင်ပလူနာတွေက စောင့် နေတယ်။ ဆိုင်ကယ်တိုက်မိလို့ ရလာ ကြတဲ့ ဒဏ်ရာတွေကို ဆေးကြောသုတ် သင်၊ ချုပ်နေတဲ့သူက ချုပ်၊ ဃ့မေအ ထဲ ဖြည့် သူကဖြည့်နဲ့ နှလုံးလူနာအတွက် လည်း လိုအပ်တာတွေ ပါးစပ်က ဆက် တိုက်ပြောဆိုညွှန်ကြားနေချိန် လူတစ်စု အရေး ပေါ်ဌာနထဲ ဝင်လာတယ်။

“အရေးပေါ် တာဝန်ကျ ဆရာဝန်နဲ့ တွေ့ချင်လို့ပါခင်ဗျ”
အသက်ကြီးကြီး တစ်ယောက်က ဆိုတယ်။
အလုပ်တွေမအားတဲ့ကြားက တာ ဝန်ကျ ဆရာဝန်က
“ဘာများ ကူညီပေးရပါမလဲ ခင်ဗျာ”
သွေးထွက်လွန်ပြီး ကွဲပြဲနေတဲ့ ဒဏ်ရာ ကို ချုပ်နေရင်း တစ်ဖက်က နှလုံးထိန်း ချုပ်စက် (Monitoring mechine) ကို မျက်ခြည် မပြတ်ကြည့်ရင်း ဖြေတယ်။

“ဟိုဗျာ။ ခညားသိလား။ ဟိုးနေ့က လူနာဗျာ”
“လူနာတွေက လာလိုက်သွားလိုက်မို့ နေ့ရက်နဲ့ လူနာအမည် တိတိကျကျ ပြောပါခင်ဗျ”
“ဟိုဗျာ၊ ခွဲစိတ်ဆောင်မှာ ပြီးခဲ့တဲ့ အပတ် ဗုဒ္ဒဟူးနေ့က တက်နေတဲ့ လူနာ ရယ်လေ”
“ငင်၊ အဲသည် အတွင်းလူနာအဖြစ် ကုသနေပြီးဖြစ်တဲ့ လူနာအတွက် အရေး ပေါ်ဌာနနဲ့ မသက်ဆိုင်တော့ပါဘူး ခင်ဗျ။ အဲသည် လူနာဆောင် တာဝန်ခံဆရာဝန် ကြီးတွေနဲ့ ဆက်ဆွေးနွေး တိုင်ပင်ပါ”
“ဟုတ်ဘူး ဆရာ၊ အဲသည်လူနာကိစ္စ ရဲမှု ဖွင့်ချင်လို့ရယ်”လို့ အဲသည်လူက ထပ်ပြောတယ်။
“အဲဒါနဲ့ အဲနေ့က ခင်ဗျားတို့ပဲ ကျေ အေးကြတယ်ဆို”

သူတို့အကြောင်းကို လူနာမှတ်ပုံ တင်စာအုပ်ထဲကနေ ပြန်ကြည့်ပြီး အချင်း ချင်း ပြေလည်ကြလို့ မိမိဘာသာ မတော် တဆထိခိုက်မိခြင်းဖြစ်ပါသည်လို့ လက် မှတ်ထိုးထားတာကို လှမ်းကြည့်ရင်း ပြန် ပြောတော့
“ဟုတ်တယ်လေ ဆရာရဲ့။ အဲတုန်း က တိုက်တဲ့ငနဲက လူနာ အကောင်းအ တိုင်းဖြစ်အောင် တာဝန်ယူကုသပေးပါ့ မယ်။ သူတာဝန်ယူပါတယ်ပြောလို့ လက်မှတ်ထိုးပေးလိုက်တာ”လို့ ဖာဖာ ထေးထေး လူကြီးက ဖြေတယ်။
“ခုတော့ သူ့ဘက်က တာဝန်မယူ လိုလို့ . . . .”
ပြောမဆုံးခင် သူတို့နဲ့ ပါလာတဲ့ ခပ်နွမ်းနွမ်းလူက ဝင်ပြောတယ်။

“ကျွန်တော် တာဝန်ယူပေးပါတယ် ဆရာရယ်။ ခု သူတို့ဆေးရုံတက်တဲ့ တစ်ပတ် အတွင်းမှာပဲ ကျွန်တော့်အိမ်ဂရမ် အပေါင် ဆိုင်ရောက်သွားပြီ။ သူတို့ လူနာ ဆေးဖိုးတင်မကဘူး။ သူတို့ စားစရိတ်၊ သောက်စရိတ်၊ တိုင်စီ စရိတ်၊ ဘာစရိတ်၊ ညာစရိတ် အစစအရာရာ ကျွန်တော် တာ ဝန်ယူရတဲ့ပြင် လူနာရော လူနာစောင့် အတွက်ပါ ထမင်းချိုင့် နေ့တိုင်းပို့ရတဲ့ အပြင် ဘာတဲ့ ဘန်ကောက်အထိ သွားကု ချင်တယ် ပြောနေလို့”
“ဟေ့ကောင်၊ အဲသာ မင်းကတိအ တိုင်း လုပ်ပေးမလား မလုပ်ပေးဘူးလား ဆိုတာပဲ ဖြေ”
ပြောပြောဆိုဆို ဗလ တောင့်တောင့် တစ်ယောက်က ခပ်နွမ်းနွမ်းလူကို ပြော လည်းပြော လည်ပင်းကိုပါ ဆောင့်ဆွဲရင်း မေးတော့ အရေးပေါ်ဌာနထဲမှာ ရုတ်ရုတ် သဲသဲ။

“ဟင်း၊ မလုပ်ပေးလို့ကတော့ မင်း ကို တရားစွဲမယ်၊ ထောင်ချမယ်”
ပြောလည်းပြော ထိုးမည့်ဟန်လည်း ပြင်နေတော့ အရေးပေါ်ဆရာဝန် မဝင်မ ဖြစ် ဝင်ပါရတော့သည်။
“တော်ကြပါတော့ဗျာ။ လာပါဦး ဝေလင်းဟန်ရေ”

တာဝန်ကျရဲတပ်ကြပ်လေးကို လှမ်း လည်းခေါ်၊ သည်လူအုပ်စုကိုလည်း ရဲ လက်အပ်ရင်း ဆက်ပြောရသည်။
“ခင်ဗျားတို့ ဆေးကုသပေးတဲ့ ကိစ္စကိုပဲ ဆေးရုံက တာဝန်ယူနိုင်တယ် ခင်ဗျ။ ဈေးညှိတာတို့ ဈေးဆစ်တာတို့ အရှုပ်အထွေးတွေကြား ကျွန်တော်တို့ တာဝန်မယူပါရစေနဲ့ခင်ဗျာ။ ဝေလင်း ဟန်ရေ . . . မင်းပဲ အဲလူတွေကို ဖြေရှင်း ပေးလိုက်ပါကွဲ”လို့ အော်ဟစ်ရင်း မောင်း ထုတ်ယူရသည်။
အဖြစ်တွေက တစ်ခါတလေ အဲသ လိုပါဆိုနေ။

(၂)
ရုံးဖွင့်ရက် ပြင်ပလူနာလေးတွေ ကြည့် နေတုန်း လူအုပ်စုနှစ်စုဝင်လာသည်။
ပထမအုပ်စုမှာ လူနာက အမျိုးသမီး တစ်ယောက်။ လွန်ခဲ့တဲ့လေးရက်က ယာဉ်မတော်တဆဖြစ်လို့ ခေါင်းဒဏ်ရာ ရထားသူ။ သူတို့ ယာဉ်မတော်တဆဖြစ် တာက ရုံးပိတ်ရက်၊ စနေနေ့က ဖြစ်သည်။

အဲသည်နေ့က ရုံးပိတ်ရက်မို့ အရေး ပေါ်ဓာတ်မှန်ရိုက်ပြီး ဓာတ်မှန်အထူးကု ဆရာဝန်ကြီး မှတ်ချက်ကျတော့ ရုံးဖွင့် ရက်တွေမှ ပေးနိုင်တာမျိုးဆိုတော့ သူတို့ တွေပိတ်ရက်က ရဲမှုတွေသည် ရုံးဖွင့် ရက်တွေမှာ လာလာပတ်တတ်တာမျိုး။ ရိုက်စဉ်ကတည်းကိုက ဦးခွံရိုး မကျိုးတာ သိသာလေတော့ မကျိုးဘူးလို့ အရေးပေါ် တာဝန်ကျ လက်ထောက်ဆရာဝန်လေးက ပြောပြထားသည်။

အဲသလို မကျိုးဘူးဆိုတာ သိလို့ တိုက်တဲ့တစ်ဘက်က သိပ်ဂရုမစိုက်လေ တော့ သည်မှာဘက် အတိုက်ခံရသူက အမှုကို လေးနက်အောင် မူးတယ်၊ အန် တယ်၊ နေမကောင်းဘူး စသဖြင့် အ ကြောင်းပြကာ လာပြတာမျိုး။ သိပ်တော့ ခေါင်းအရှုပ်မခံ ကိုယ့်အထက် တာဝန်ခံ ဆရာဝန်ကြီးတွေရဲ့ ပြင်ပလူနာဌာနကို လွှဲပေးတန်လွှဲပေး၊ ဆေးရုံတက်ခိုင်းတန် တက်ခိုင်းပြီး ဖြေရှင်းလိုက်ရုံ။
နောက်တစ်စုက လက်ချောင်းလေး အက်သွားသည့် လူနာအုပ်စု။ အရိုးကျိုး အက်တာ သိပ်မသေချာသဖြင့် အဲသည် ရုံးပိတ်ရက် တာဝန်ကျဆရာဝန်က ရုံး ဖွင့်ရက် အထူးကု ပြင်ပလူနာဌာနကို ပြန် ချိန်းထားတာမျိုး။ သည်တော့ တာဝန်ကျ ဆရာဝန်က ဓာတ်မှန်အထူးကုဆရာဝန် ကြီးရဲ့ မှတ်ချက်ကို ကြည့်ပြီး အရိုး အထူးကုပြင်ပလူနာဌာနသို့ လွှဲပို့ပေးဖို့ ပြင် ရသည်။
“အဟမ်း၊ ပွင့်ပွင့်လင်းလင်းပြောရ ရင် အရိုးလေး ကျိုးအက်၊….”

စကားမဆုံးသေး၊
“ပွင့်ပွင့်လင်းလင်း ကျိုး၊ မကျိုးပဲ ပြောပါ ဆရာဝန်ခင်ဗျား။ အက်သလား၊ ကျိုးသလားပဲပြော’
“ငင့်”
အောင့်သီးအောင့်သက်တော့ ဖြစ် သွားရသည်။ မပြောမပြီးမို့ ဆက်ပြောရ သည်။
“ကျုပ်စကားကို ဆုံးအောင် နား ထောင်စမ်းဘာဗျ။ ကျိုး…”
စကားမဆုံးသေး။

“ရပြီ ဆရာရဲ့၊ အဲသာပဲ ပြတ်ပြတ် သားသား သိချင်တာ”လို့ ပြောလည်းပြော လှည့်ပြီးလည်း ထွက်သွားကြတယ်။
“ဟေ့လူတွေ၊ ကျုပ်စကားမဆုံးသေး ဘူး။ ကျိုးနေတော့ အရိုးအထူးကု ပြင်ပ လူနာဌာနကိုဆက်ပြ ပြ……”

“တော်ပြီ ဆရာရဲ့၊ ကျေအေးကြတဲ့ အခါ ကျိုးရင်ကျိုးတဲ့အလျောက် လျော် ကြေး ညှိဖို့ကိစ္စနဲ့ လာမေးတာ။ ကျိုးနေ တာ ပုလောကုန်းဖြစ်ဖြစ်၊ မော်တုန်းမှာ ဖြစ်ဖြစ် ကြပ်စည်းလိုက်မယ်”လို့ ပြော လည်းပြော ထွက်လည်းထွက်သွားလို့ အရေးပေါ်ဆရာဝန်ခမျာ အောင့်သီး အောင့်သက်နဲ့ ကျန်ခဲ့တော့တယ်။
အဖြစ်တွေက အဲလိုပါဆိုနေ။ ဆက် ပါဦးမယ်။