ငါးဖမ်းလှေများ VMS တပ်ဆင်ရန် အချိန်တစ်နှစ် ဖြေလျှော့

0
335

ကမ်းဝေးငါးဖမ်းလှေများတွင်Vessel Monitoring System   စက်များ တပ်ဆင်ရမည့်အချိန်ကို တစ်နှစ်ဖြေ လျှော့ ပေးလိုက်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန တာဝန် ရှိသူတစ်ဦးက ပြောသည်။
ယခင်က ၂၀၁၈-၂၀၁၉ ခုနှစ် ငါး ဖမ်းရာသီတွင် တပ်ဆင်ရမည်ဟု ထုတ် ပြန်ထားသော်လည်း ငါးဖမ်းလှေများ အဆင်သင့်မဖြစ်သေးသဖြင့် ၂၀၁၉-၂၀၂၀ ခုနှစ်တွင် နောက်ဆုံးထား တပ်ဆင်ရန် ဖြေလျှော့လိုက်ခြင်းဖြစ်ကြောင်း အထက် ပါ တာဝန်ရှိသူက ပြောသည်။

“ဒါတွေက ဖြေလျှော့ပေးထားတဲ့ သဘောရှိတယ် အဆင်သင့်လည်း မဖြစ် နိုင်သေးဘူး”ဟု မြိတ်ခရိုင် ငါးလုပ်ငန်း အဖွဲ့အချုပ် အတွင်းရေးမှူး ဦးသောင်း မြင့်က ပြောသည်။
လက်ရှိတွင်VMS ကိရိယာ တပ် ဆင်နိုင်ရေးကို အမြန်ဆုံးအကောင် အထည်ဖေါ်ဆောင်ရွက်နိုင်ရန် စိုက်ပျိုး ရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာနမှ တာဝန်ရှိသူများနှင့် VMS ကိရိ ယာတပ်ဆင်ပေးမည့် ပြင်သစ်နိုင်ငံမှ ကုမ္ပဏီတစ်ခု ဆွေးနွေးလျက်ရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်း အဖွဲ့ချုပ်ထံမှ သိရသည်။

VMS ကိရိယာများတပ်ဆင်ခြင်း ဖြင့် ငါးဖမ်းလှေများ၏ သွားလာရာလမ်း ကြောင်း၊ ငါးဖမ်းဆီးသည့် ဧရိယာ၊ ငါးဖမ်းဆီးနှုန်း စသည်တို့ကို ငါးလုပ် ငန်းဦးစီးဌာနက သိရှိနိုင်မည်ဖြစ်ကြောင်း မြိတ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရ သည်။
မြိတ်ခရိုင်အတွင်းရှိ ပင်လယ်ငါး လှေ အစီးရေ ၈၀၀ နီးပါးအနက် ငါးဖမ်း ရာသီစတင်သည့် ဩဂုတ်လ ၁၆ ရက် နေ့တွင် ပင်လယ်ငါးဖမ်းလှေအစီးရေ ၄၀၀ ကျော်မှာ လုပ်ငန်းခွင်များသို့ ထွက် ခွာသွားပြီဖြစ်ကြောင်း ကမ်းနီးကမ်းဝေး ငါးဖမ်းလှေများစစ်ဆေးရေးစခန်း (Check Point)  ထံမှ သိရသည်။