တနင်္သာရီတိုင်းတွင် ခုနစ်နှစ်တာ ကာလအတွင်း သွေးလွန်တုပ်ကွေး ကြောင့် သေဆုံးသူအရေအတွက် စံချိန် တင် မြင့်တက်လာခဲ့သည်။
ယခုနှစ် ဇန်ဝါရီလမှ ဇူလိုင်လ အထိ တိုင်းအတွင်း သွေးလွန်တုပ်ကွေး ကြောင့် သေဆုံးသူ ၉ ဦးရှိလာခဲ့ပြီး ၇ နှစ် တာကာလတွင် အများဆုံး ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန မှတ်တမ်းအရ သိရသည်။
ယင်းကာလတွင် သွေးလွန်တုပ် ကွေးဖြစ်ပွားသူ ၁၁၉၉ ဦးရှိပြီး ၉ ဦး သေဆုံးခဲ့ခြင်း ဖြစ်သည်။
သွေးလွန်တုပ်ကွေးကြောင့် သေ ဆုံးရသည့် အကြောင်းနှစ်ရပ်ရှိပြီး ရော ဂါအခြေအနေဆိုးရွားသည့် အချိန်ရောက် မှ ဆေးကုသမှု ခံယူခြင်းနှင့် ဆေးကုသမှု အချိန်စောသော်လည်း ရောဂါပြင်း ထန်ပြီး ဦးနှောက် ထိခိုက်ခြင်းကဲ့သို့ အခြား နောက်ဆက်တွဲရောဂါ များကြောင့် သေဆုံးရကြောင်း တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန ငှက်ဖျားတိုက် ဖျက်ရေးအဖွဲ့ ခေါင်းဆောင် ဆရာဝန် ဒေါက်တာ ဇေယျာကျော်က ရှင်းပြသည်။
“သွေးလန့်တဲ့အဆင့်ဖြစ်လာလို့ သေတာက များတယ်”ဟု ၎င်းက ပြောသည်။
သွေးလွန်တုပ်ကွေးကြောင့် နှစ်အလိုက် သေဆုံးသူဦးရေစာရင်း
ခုနှစ် သေဆုံးသူ
၂၀၁၂ ဝ
၂၀၁၃ ၂
၂၀၁၄ ၁
၂၀၁၅ ၈
၂၀၁၆ ၎
၂၀၁၇ ၂
၂၀၁၈ ဇူလိုင်လအထိ ၉