တနင်္သာရီတိုင်းတွင် ဩဂုတ် တစ်လလုံးနီးပါးမိုးဆက်ရွာနိုင်

0
468

တနင်္သာရီတိုင်းတွင် ဩဂုတ်လ တစ်လလုံးနီးပါး မိုးဆက်လက်ရွာသွန်း နိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ဇူလိုင်လ ၂၈ ရက်က ထုတ်ပြန်ထားသည်။
ဩဂုတ်လအတွင်း မိုးရွာမည့်ရက် ပေါင်း ၂၂ ရက်မှ ၂၉ ရက်အထိ ရှိနိုင်ပြီး ပုံမှန်ထက် မိုးပိုများလာနိုင်ကြောင်း ထုတ်ပြန်ထားသည်။

ဘင်္ဂလားပင်လယ်အော်တွင် မုတ် သုံလေ အသင့်အတင့်မှ အားကောင်း လာနိုင်ပြီး မုန်တိုင်းငယ်တစ်ခုဖြစ်လာနိုင်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
တနင်္သာရီတိုင်းတွင် ယခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ ပျမ်းမျှ မိုးရေချိန် ၁၂၁ ဒဿမ ၉၄ လက်မ ရွာသွန်းခဲ့ကြောင်း တိုင်းမိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန လက် ထောက်ညွှန်ကြားရေးမှူး ဦးစိုးပိုင်က ပြောသည်။

ယင်းပျမ်းမျှ မိုးရေချိန်သည် တနင်္သာရီတိုင်းအတွင်း လက်ရှိတပ်ဆင် ထားသော ထားဝယ်၊ လောင်းလုံး၊ မြိတ်၊ ကော့သောင်း စသည့် မိုးလေ၀သတိုင်း တာရေးစခန်း ၄ ခု၏ တိုင်းတာချက်ကို တွက်ချက်ထားခြင်းဖြစ်သည်။