မြိတ်တွင် မွေးရာပါ နှုတ်ခမ်းကွဲ အာခေါင်ကွဲ ဝေဒနာရှင်များအား အခမဲ့ ခွဲစိတ်ပေးမည်

0
385

လာမည့် နှစ်ဆန်းပိုင်းတွင် မွေးရာ ပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲဝေဒနာရှင် များကို အခမဲ့ ခွဲစိတ်ကုသပေးမည် ဖြစ် ကြောင်း မြိတ်မြို့ ကန်ဖျားရပ်ကွက်ရှိ ဒက္ခိဏဒီပါဆေးရုံထံမှ သိရသည်။

လာမည့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်မှ ၂၄ ရက်အထိ အမေရိ ကန်နိုင်ငံရှိ Alliance for Smile အဖွဲ့ မှ ဆရာဝန်ကြီးက လာရောက်ခွဲစိတ်ကု သပေးမည်ဖြစ်ကြောင်း ယင်းဆေးရုံထံမှ သိရသည်။
နယ်မှ လာရောက်ကုသမည့် ဝေဒ နာရှင်များနှင့် လူနာစောင့်တစ်ဦး အတွက် နေထိုင်စားသောက်ရေးကိုလည်း စီစဉ် ပေးမည်ဖြစ်ကြောင်း ယင်းဆေးရုံထံမှ သိရသည်။

ခွဲစိတ်ကုသမှုခံယူကြမည့် ရောဂါ ဝေဒနာရှင်များအနေဖြင့် ယခုလမှ စတင် စာရင်းပေးနိုင်ပြီဖြစ်ပြီး နောက်ဆုံးစာ ရင်းသွင်းရမည့်နေ့ကိုမူ အတိအကျမ သတ်မှတ်ရသေးကြောင်း ယင်းဆေးရုံ၏ တာဝန်ကျ ကျန်းမာရေးဝန်ထမ်းအမျိုး သမီးတစ်ဦးက ပြောသည်။

ဒက္ခိဏဒီပါဆေးရုံတွင် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် မေလက ပထမအကြိမ်အဖြစ် အသက် ၂ လကျော်ရှိ မွေးရာပါနှုတ်ခမ်း ကွဲကလေးငယ်များနှင့် အသက်တစ်နှစ် နှင့်အထက် အာခေါင်ကွဲကလေးငယ် စုစုပေါင်း ၁၀၀ ဦးကျော်တို့အား ခွဲစိတ် ကုသမှုပေးခဲ့ဖူးသည်။