ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် တနင်္သာရီ ရှုံးထွက်အဆင့်က လှည့်ပြန်ခဲ့ရ

0
464

တိုင်းနှင့်ပြည်နယ် အသက် ၂၅ နှစ်အောက် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် တနင်္သာရီအသင်းက ဝင်ရောက်ယှဉ်ပြိုင် သည့် ပြိုင်ပွဲအားလုံး ရှုံးထွက်ပွဲစဉ်မှ လှည့်ပြန်ခဲ့ရကြောင်း ယင်းအသင်းအုပ် ချုပ်သူထံမှ သိရသည်။
တနင်္သာရီတိုင်းအသင်းက အမျိုး သားနှစ်ယောက်တွဲ၊ သုံးယောက်တွဲ၊ လေးယောက်တွဲနှင့် အမျိုးသမီးနှစ် ယောက်တွဲ၊ လေးယောက်တွဲစသည်ဖြင့် ပြိုင်ပွဲ အမျိုးအစား စုစုပေါင်း ၈ မျိုး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ကြောင်း ယင်း အသင်းအုပ်ချုပ်သူ ဦးနီက ပြောသည်။

ပြိုင်ပွဲ အတွေ့အကြုံမရှိသည့် က စားသမား အများစုဖြင့် ဝင်ရောက်ယှဉ် ပြိုင်ခြင်းကြောင့် ရှုံးထွက်အဆင့်မှ ထွက် ခဲ့ရခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
“အသင်းမှာ အတွေ့အကြုံရှိတဲ့ သူက တစ်ယောက်နှစ်ယောက်ပဲပါတယ် ဆိုတော့ အသင်းကြီးတွေကို မကျော်နိုင် ဘဲ ဖြစ်သွားတယ်။ ပြီးတော့ အုပ်စုကြပ် တာလဲပါတယ်”ဟု ၎င်းက ဆိုသည်။

ယမန်နှစ်က ပိုက်ကျော်ခြင်း အား ကစားတွင် ရွှေတံဆိပ်ဆွတ်ခူးပေးခဲ့သည့် ကစားသမားသုံးဦးအနက် တစ်ဦးမှာ နိုင်ငံလက်ရွေးစင်အဖြစ် ရွေးချယ်ခံလိုက် ရခြင်း၊ နောက်တစ်ဦးမှာ အသင်းနှင့် လာရောက် မပူးပေါင်းနိုင်ခြင်း၊ အခြား တစ်ဦးမှာ အသက်ကျော်သွားခြင်းတို့ ကြောင့် အသင်းအားနည်းသွားကြောင်း ၎င်းက ပြောသည်။
ယင်းပြိုင်ပွဲကို ဇူလိုင်လ ၄ ရက်မှ ၁၃ ရက်အထိ နေပြည်တော်တွင် ကျင်းပ ခဲ့ပြီး ပဲခူးတိုင်းအသင်းက စုပေါင်းတံ ခွန်စိုက်ဆု ရရှိခဲ့သည်။