ကလေးအသုံးချ သူတောင်းစား လုပ်ငန်း အမြစ်စတွယ်လာပြီလား

0
541

ထားဝယ်မြို့အတွင်းရှိ စည်ပင် သာယာဈေးကြီးနှင့် အနီးပတ်ဝန်းကျင် နေရာများ၊ လူစည်ကားသည့် နေရာများ တွင် အသက် ၁၆ နှစ်အောက်ကလေး များ ငွေကြေးတောင်းရမ်းနေမှုများ ခပ် စိပ်စိပ် ရှိလာသည်။
တစ်ဦးချင်း တောင်းရမ်းနေခြင်းမျိုး မဟုတ်ဘဲ အစုအဖွဲ့ပုံစံဖြင့် ငွေကြေး တောင်းရမ်းနေပြီး မိုးရွာသွန်းနေသည့် အချိန်များတွင်ပင် ထီးကဲ့သို့ အမိုး အကာ ဆောင်းထားခြင်း မရှိပေ။

အဆိုပါအုပ်စုတွင် ယောင်္ကျားလေး နှင့် မိန်းကလေးအရေအတွက် အနည်း ဆုံး ဆယ်ဦးထက်မနည်းရှိပြီး အုပ်ထိန်း သူဟုယူဆရသည့် အသက် ၃၀ ဝန်းကျင် အမျိုးသမီးတစ်ဦးက ထားဝယ်စည်ပင် ဈေးအနောက်မြောက်ထောင့် တစ်နေရာ တွင် တစ်နေကုန်နီးပါး ထိုင်စောင့်နေ သည်။
ယင်းကလေးအုပ်စုသည် ၎င်းတို့ လုပ်ငန်းခွင်ဖြစ်သည့် စည်ပင်သာယာ ဈေးကြီးသို့ မနက်စောစောတွင် သုံးဘီး ဆိုင်ကယ်ဖြင့် လာရောက်ကြပြီးနောက် ပျမ်းမျှအားဖြင့် နှစ်ယောက်တစ်တွဲနှုန်း လူစုခွဲကာ လူစည်ကားသည့် နေရာအနှံ့ တွင် လိုက်လံ တောင်းရမ်းကြခြင်း ဖြစ်သည်။

အသက် ၁၄ နှစ်အထက် ရှိသည့် မိန်းကလေးအချို့ကမူ လသားအရွယ် ကလေးများကို ရင်ခွင်ပိုက်ကာ တောင်း ရမ်းကြသည်။
နေ့လယ်ထမင်းစားချိန်တွင် အုပ် ထိန်းသူဟု ယူဆရသည့် အမျိုးသမီးထိုင် စောင့်နေသည့် ဈေးကြီး အနောက်မြောက် ထောင့်သို့ အားလုံးသွားရောက်ကြသည်။
အဆိုပါ အမျိုးသမီးက အဆင်သင့်ပါ လာသည့် ထမင်းဘူးများကို ကလေးများ အား တစ်ချိုင့်စီ ထုတ်ပေးလိုက်သည်။ ထမင်းစားပြီးနောက် အလုပ်ဆက်လုပ် ရန် ဈေးအတွင်းသို့ အသီးသီး ပြန်ဝင် သွားကြပြန်သည်။
ယင်းမြင်ကွင်းသည်ကား နေ့တိုင်း နီးပါး မြင်နေရသည့် မြင်ကွင်းပင် ဖြစ်သည်။

“အဘွားကို တစ်နေ့ အနည်းဆုံး (ကျပ်) သုံးထောင်ပေးရတယ်”ဟု လိုက်လံ တောင်းရမ်းနေသည့် ကလေးများအနက် အသက် ၁၀ နှစ်ဝန်းကျင်ရှိ မိန်းကလေး ငယ်တစ်ဦးက ပြောသည်။
မည်သည့်နေရာတွင် နေထိုင်သည် ကို ဆက်မေးမြန်းချိန်တွင်မူ မီးရထားဘူ တာတွင် နေထိုင်သည်ဟုသာ ပြန်လည် ပြောဆိုပြီး အမည်၊ အသက်အရွယ်၊ ၎င်း တို့အုပ်စုတွင် လူဦးရေမည်မျှရှိ ကြောင်း တို့ကို မေးမြန်းချိန်တွင်မူ ဖြေကြားခြင်း မရှိဘဲ ပြေးထွက်သွားကြသည်။

ကလေးအားလုံးက ထားဝယ်စကား မပြောတတ်ဘဲ မြန်မာစကားကို ပြောဆို ကြသည်။
၎င်းတို့နေထိုင်ရာ နေရာကို တနင်္သာရီအပတ်စဉ်က ဆက်လက်စုံစမ်း ရာ ဇလွန်းရွာတွင် အိမ်ငှားနေထိုင်ပြီး ယင်းအိမ်တွင်ပင် လူဦးရေ နှစ်ဆယ်ဝန်း ကျင်အထိ စုပေါင်းနေထိုင်ကြကြောင်း အဆိုပါအိမ်အနီးရှိ အိမ်နီးချင်း တစ်ဦး ဖြစ်သည့် အသက် ၂၈ နှစ်ခန့် အရွယ်ရှိ အမျိုးသမီးတစ်ဦးက ဆိုသည်။
အဆိုပါအိမ်ကို တစ်လလျှင် ကျပ် ငါးသောင်းနှုန်းဖြင့် ငှားရမ်းနေထိုင်ပြီး လိုက်လံတောင်းရမ်းနေသည့် ကလေး များ အပါအဝင် ၊ အမျိုးသမီးများ၊ အမျိုး သားများ စုပေါင်းနေထိုင်ကြကြောင်း အထက်ပါ အမျိုးသမီးက တနင်္သာရီ အပတ်စဉ်ကို ပြောပြသည်။

“အိမ်နားက လူတွေကိုတော့ သူတို့ က ဈေးပွဲတော်မှာ ရောင်းတယ်၊ စည်ပင် မှာ အလုပ်လုပ်တယ်ဆိုပြီး ပြောတယ်”ဟု အထက်ပါ အမျိုးသမီးက ပြောသည်။
ယင်းအိမ်တွင် အုပ်စု ၅ စုခန့် စုပေါင်း နေထိုင်သည်ဟု ယူဆရပြီး ကလေးများ နှင့်အတူ အသက် ၃၀ နှစ် အထက် အမျိုးသား အမျိုးသမီးများ ၁၀ ဦးထက် မနည်းရှိကာ ကလေးဦးရေ မည်မျှ နေ ထိုင်သည်ကိုမူ မသိကြောင်း ၎င်းက ဆို သည်။
၎င်းတို့နေထိုင်သည့်အိမ်ရှေ့တွင် ကုန်စုံဆိုင်တစ်ဆိုင်ကို ဖွင့်လှစ်ထားပြီး ယင်းအိမ်တွင် နေထိုင်သူများက ရောင်း ချနေသည်။

ညနေပိုင်းတွင် တောင်းရမ်းနေ သည့် ကလေးများ အပါအဝင် အုပ်ထိန်း သူဟု ယူဆရသည့် အမျိုးသမီးတို့ကို သုံးဘီး တစ်စီးက ထားဝယ်မြို့အတွင်း နေရာ တစ်ခုသို့ချိန်းဆိုကာ ပုံမှန်လာကြို လေ့ရှိ သည်။
“ခေါင်းလို့ ထင်ရတဲ့ အမျိုးသမီး ကြီးကလည်း ဈေးသွားတာကအစ ဒီသုံး ဘီးကိုပဲ ခေါ်ပြီး သွားလေ့ရှိတယ်၊ ကလေးတွေ သွားရင်လည်း ဒီသုံးဘီးပဲ”ဟု အထက်ပါအိမ်အနီး နေထိုင်သည့် အသက် ၅၀ နှစ်ခန့်အရွယ်ရှိ အမျိုးသမီး တစ်ဦးက ပြောသည်။
ယင်းသို့ အစုအဖွဲ့ဖြင့်နေထိုင်ပြီး ကလေးငယ်များကို တောင်းရမ်းရန် ခိုင်း စေသည့်လုပ်ငန်းမှာ ပြီးခဲ့သည့် ၂ နှစ်ခန့် မှစကာ ထားဝယ်မြို့တွင် တွေ့လာ ကြောင်း ထားဝယ်စည်ပင်ဈေးကြီးတွင် ၁၃ နှစ်ကြာ ဈေးရောင်းချနေသည့် အသက် ၅၀ကျော် အရွယ်ရှိ ဈေးသည် တစ်ဦးက ဆိုသည်။

ပြီးခဲ့သည့် ၃ နှစ်ခန့်က ကလေး ၅ ဦးခန့်ကို ငွေတောင်းခိုင်းစေသည့် အမျိုးသမီးတစ်ဦး ရောက်လာခဲ့ဖူးသော် လည်း ကလေး အားလုံးနီးပါးက ၎င်း၏ သားသမီးများဖြစ်သည်ဟု သိရကြောင်း အထက်ပါ ဈေးသည်အမျိုးသမီးက ပြော သည်။
“အခုက အရင်အဖွဲ့ပုံစံနဲ့ မတူဘူး၊ ကလေးတွေလည်း များတယ်၊ အားလုံး က သူ့ကလေးတွေ မဖြစ်နိုင်ဘူး”ဟု ၎င်းက ဆိုသည်။
ကလေးများကို မေးမြန်းရာတွင် အသက်အရွယ်အလိုက် တစ်ရက်လျှင် ကျပ်သုံးထောင်မှ ခုနှစ်ထောင်အထိ တောင်းပေးရပြီး ငွေပမာဏမပြည့်ပါက ရိုက်နှက်ခံရသည်ဟု ပြောကြောင်း အဆို ပါ ဈေးသည်အမျိုးသမီးက ပြောသည်။

ပြီးခဲ့သည့် ၁၀ နှစ်တာကာလ အတွင်းက ကလေးများကို ယင်းကဲ့သို့ ငွေကြေးတောင်းခံစေခြင်းမျိုး မတွေ့ရဘဲ အသက်အရွယ် ကြီးရင့်သည့် အဘိုး၊ အဘွားတစ်ချို့သာရှိကြောင်း ၎င်းက ပြောပြသည်။
“ကလေးတွေက ဘယ်လို ပတ်သက် ပြီး သူတို့လက်ထဲကလေးတွေ ရောက်နေ လဲ၊ သူတို့သားသမီးလား၊ ဒါမှ မဟုတ် တစ်ခြား ကလေးတွေခိုးပြီး ခိုင်းနေတာ လား၊ ခုကလည်း ကလေးပျောက်မှုက များလှတာကိုး”ဟု ထားဝယ်မြို့ ဇရစ် ရပ်ကွက်နေ ဦးမောင်တူးက ပြောသည်။
ကလေးများ ငွေကြေးတောင်းရမ်း နေမှုများက ထားဝယ်မြို့တွင် သာမက မြိတ်နှင့် ကော့သောင်းမြို့များတွင်လည်း ရှိနေသည်။

မြိတ်တွင်လည်း တောင်းရမ်းနေ သည့် ကလေးများရှိနေပြီး နောက်ကွယ်မှ ကြိုးကိုင်ကာ တောင်းရမ်းစေသူများကို ကလေးသူငယ် အခွင့်အရေးအတွက် တိတိကျကျ အရေးယူစေချင်ကြောင်း မြိတ်မြို့ မြို့သစ်ရပ်ကွက်နေ ကိုနေလင်း က ဆိုသည်။
“ဒါမျိုး မြင်နေရက်နဲ့ လွှတ်ထား မယ်ဆိုရင်တော့ ကလေးအတွက် နောင် ရေးမကောင်းသလို မြို့ပုံရိပ်လည်း ထိခိုက် တယ်”ဟု ကိုနေလင်းက ပြောသည်။
ကော့သောင်းမြို့တွင် ယင်းကဲ့သို့ တောင်းရမ်းနေသည့် ကလေးများရှိနေပြီး ကလေးများကို အသိပညာပေးခြင်း၊ ကျောင်းထားပေးခြင်း၊ မိဘထံ ပြန်အပ် ပေးခြင်းများ လုပ်ပေးသင့်ကြောင်း ကော့သောင်းမြို့ မြို့မဈေးရှိ အထည် ဆိုင်လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

“သူတို့တွေက လူများတဲ့ ပဲ့ချိတ် ဆိပ်တွေ ဈေးတွေမှာ တောင်းကြတယ်၊ အုပ်စုလိုက်သွားနေတော့ နောက်ကွယ်က ဂိုဏ်းချုပ် သဘောမျိုးတော့ ရှိလိမ့်မယ် ထင်တယ်၊ ဒါကလဲသေချာ မပြောနိုင် ဘူး”ဟု ၎င်းက ပြောသည်။
ယင်းကဲ့သို့ ကလေးများအား တောင်း ရမ်းနေစေသည့်အပေါ် သက်ဆိုင်ရာ အစိုးရဌာနများက ကြပ်ကြပ် မတ်မတ် ကိုင်တွယ်သင့်သည်ဟု ပြည် သူအချို့က ပြောဆိုဝေဖန်နေမှုများ ရှိသည်။
ကလေးများကို တောင်းရမ်းစေခြင်း နှင့် ပတ်သက်၍ အရေးယူမှုများလုပ် ဆောင်ရန် ကလေးသူငယ်အခွင့်အရေး ဆိုင်ရာ ကော်မတီများကို မြို့နယ်/ခရိုင်/ တိုင်းအဆင့်များကို ဖွဲ့စည်းထား ကြောင်း လူမှုဝန်ထမ်းဦးစီးဌာန တနင်္သာ ရီတိုင်းဒေသကြီးဦးစီးမှူး ဒေါ်ခင်စန်းရီ က ဆိုသည်။

အဆိုပါ ကော်မတီတွင် ထွေအုပ်၊ ကျန်းမာရေး၊ ရဲတပ်ဖွဲ့ အစရှိသည့် ဌာန များပါဝင်ကြောင်း ၎င်းက ပြောသည်။
ကလေးများကို ငွေတောင်းခိုင်း စေခြင်းနှင့် ပတ်သက်၍ ပြည်သူများ အနေဖြင့် တွေ့ရှိပါက တိုင်ကြားနိုင်ပြီး ကလေးသူငယ် ဥပဒေဖြင့် အရေးယူ သွားမည်ဖြစ်ကြောင်း ဒေါ်ခင်စန်းရီက ဆိုသည်။
“တောင်းခိုင်းတဲ့သူက အမေအဘွား ဖြစ်ရင်လည်း တရားစွဲလို့ရတယ်”ဟု ၎င်းက ပြောသည်။
မိမိကိုယ်ကျိုးစီးပွားအတွက် ကလေး သူငယ်အား တောင်းရမ်းခိုင်းခြင်း၊ မိမိ အုပ်ထိန်းမှုအောက်ရှိ ကလေးသူငယ် တောင်းရမ်း စားသောက်နေသည်ကို တားမြစ်ရန် ပျက်ကွက်ခြင်း၊ မိမိက တောင်းရမ်းစားသောက်ရာတွင် ကလေး သူငယ်ကို တစ်နည်းနည်းဖြင့် အသုံး ပြုခြင်းကို ကလေးသူငယ် ဥပဒေတွင် တားမြစ်ထားသည်။
ယင်းအချက်များကို ဖောက်ဖျက် ကျူးလွန်ပါက ထောင်ဒဏ် ၂ နှစ်အထိ ဖြစ်စေ၊ ငွေဒဏ်ကျပ်တစ်သောင်းအထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ် ရမည်ဟု ယင်းဥပဒေတွင် ဖော်ပြထားသည်။

 

ကလေးများအပေါ် ခေါင်းပုံဖြတ် ခြင်း၊ အနိုင်ကျင့်ခြင်းစသည့် ကလေးသူငယ်အခွင့်အရေးချိုးဖောက်မှုများကို ပြည်သူတစ်ဦးချင်းစီ ပူးပေါင်းကာကွယ် နိုင်မည်ဆိုပါက ယင်းကဲ့သို့ဖြစ်စဉ်များ လျော့ကျသွားမည်ဖြစ်ကြောင်း ကလေး သူငယ်အခွင့်အရေးနှင့် HIဠ ဝေဒနာရှင် များကို ကူညီပံ့ပိုးပေးနေသည့် အနာဂတ် အလင်းရောင်အဖွဲ့ ဥက္ကဋ္ဌ ဦးဇော်ထွန်းက ဆိုသည်။

]]ဒီလိုဖြစ်ရပ်တွေကို နိုင်ငံရေး အလုပ်တစ်ခုအနေနဲ့ ကိုယ်နိုင်တဲ့ဘက် ကနေ ပူးပေါင်းပါဝင်ပေးဖို့ လိုလိမ့်မယ် ထင်တယ်}}ဟု ဦးဇော်ထွန်းက ပြောသည်။
ကလေးများကိုတောင်းရမ်းစေခြင်း နှင့် အခြားထူးခြားသတင်းများရရှိစေရန် သက်ဆိုင်ရာနယ်မြေအလိုက် နယ်ထိန်း တပ်ဖွဲ့ဝင်များကို တာဝန်ပေးထားပြီး သတင်းစုဆောင်းမှုများ လုပ်ဆောင် လျက်ရှိကြောင်း ထားဝယ်မြို့မ ရဲစခန်း မှူး ဒုရဲမှူး အောင်နိုင်မိုးက ဆိုသည်။
]]ဒီလိုမခိုင်းသင့်ဘူး၊ ကလေးတွေ က ကျောင်းလည်းမနေရဘူး၊ ကလေး တွေက သက်သက် ဓားစာခံဖြစ်နေကြ တ}}ဟု ထားဝယ်စည်ပင်သာယာဈေးကြီး တွင် ဈေးရောင်းနေသည့် အသက် ၅၀ ကျော်အရွယ်ရှိ အမျိုးသမီးတစ်ဦးက ပြောသည်။