ကေတီဗွီဆိုင်များ စည်းကမ်းလိုက်နာမှု အားနည်းဆဲဟု ဝန်ကြီးချုပ်ပြော

0
380

တနင်္သာရီတိုင်းတွင်းရှိ ကေတီဗွီ ဆိုင်များအတွက် လိုက်နာရမည့် စည်း ကမ်းချက်များ ထုတ်ပြန်ထားပြီးဖြစ် သော်လည်း စည်းကမ်းချက်များအား လိုက်နာမှု အားနည်းနေဆဲဖြစ်ကြောင်း ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ပြောသည်။
ဇူလိုင်လ ၁၇ ရက်တွင် ကျင်းပ သည့် တိုင်းအစိုးရအဖွဲ့ သတင်းစာ ရှင်းလင်းတွင် ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“စည်းမျဉ်းစည်းကမ်း ဥပဒေနဲ့ အညီ မလုပ်တဲ့KTV  တွေကို အချိန် မရွေး အဖွဲ့စုံနဲ့စစ်ပြီး အရေးယူပိတ်သိမ်းပါ ဆိုပြီး ကျွန်မတို့တော့ စာထုတ်ထားပြီး တော့ ဆောင်ရွက်လျက်ရှိပါတယ်။ ဒါပေမယ့် မြေပြင်မှာ လိုက်နာမှုအားနည်း သေးတယ်လို့ ကျွန်မလည်း ပြန်ကြားရ ပါတယ်။ ဒါတွေကိုလည်း အခုရှေ့ဆက် ပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်”ဟု ဝန်ကြီးချုပ်က ပြောသည်။
ကေတီဗွီဆိုင်အချို့မှာ အမျိုးသမီး အဖော်ခေါ်နိုင်ပြီး အလုံပိတ်ခန်းဖြစ်နေ ပါက အခန်းထဲ မူးယစ်ဆေးသုံးစွဲခြင်းမှ အစ အခြား မလိုလားအပ်သောကိစ္စများ ဖြစ်ပေါ်နိုင်ကြောင်း ကေတီဗွီဆိုင်သို့ သွားရောက်ဖူးသူအချို့က ပြောသည်။
စည်းကမ်းပျက်ဆိုင်များအား ပိတ်သိမ်းသည်အထိ အရေးယူနိုင်ရေး ကြပ်မတ်စစ်ဆေးရန် သက်ဆိုင်ရာ ရဲတပ်ဖွဲ့များကိုလည်း ညွှန်ကြားချက် ထုတ်ထားပြီး ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။

ကေတီဗွီဆိုင်များ စည်းကမ်းလိုက် နာလာရေးအတွက် အစိုးရအနေဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ တာဝန်ကျရဲ၊ အထွေထွေအုပ်ချုပ်ရေး စသူတို့နှင့် ယခင်ထက် ပိုမို ပူးပေါင်း ဆောင်ရွက်သင့်ကြောင်း ကေတီဗွီ များနှင့် ပတ်သက်၍ တိုင်းလွှတ်တော်တွင် မေးခွန်းထုတ်ဖူးသည့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေ က ပြောသည်။
“စည်းကမ်းမလိုက်နာဘူးဆိုတာ ပူးပေါင်းဆောင်ရွက်မှု အားနည်းလို့ပဲလို့ သုံးသပ်ချင်တယ်။ ပူးပေါင်းဆောင်ရွက်မှု အားကောင်းဖို့ လိုတယ်၊ (စစ်ဆေးသူ တွေကို) တာဝန်ခံခိုင်းဖို့လည်း လိုတယ်”ဟု ဦးရဲမြင့်ဆွေက ပြောသည်။

နာမည်ကျော် မောင်းမကန်ကမ်းခြေ တွင်လည်း ကေတီဗွီဆိုင်များ ရှိနေပြီး ဆိုင်အချို့မှာ မူးယစ်ဆေးသုံးစွဲခြင်းနှင့် ညအချိန်မတော်ထိ ဖွင့်လှစ်ခြင်းတို့ရှိနေ ကြောင်း ဒေသခံအချို့က ပြောကြသည်။
ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် သည် ၂၀၁၆ ဧပြီလ ဝန်ကြီးချုပ်တာဝန် စတင်ထမ်းဆောင်သည့် ပထမအပတ် တွင်း မောင်းမကန်ကေတီဗွီဆိုင်များကို ဝင်စစ်ကာ စည်းကမ်းပျက်ဆိုင်များ တစ်တိုင်းလုံးပိတ်သိမ်းရန် ညွှန်ကြားခဲ့ ဖူးသည်။