လောင်းလုံး ကျေးရွာနှစ်ဆယ်ကျော်တွင် လျှပ်စစ်မီတာများ တပ်ဆင်တော့မည်

0
402

လောင်းလုံးမြို့နယ်အတွင်း လျှပ် စစ်မီးကြိုးသွယ်တန်းထားပြီးသည့် ကျေးရွာနှစ်ဆယ်ကျော်ကို ကျေးလက် မီတာများ တပ်ဆင်တော့မည်ဖြစ်ကြောင်း လောင်းလုံးမြို့နယ် လျှပ်စစ်အင်ဂျင်နီ ယာရုံးထံမှ သိရသည်။
လောင်းလုံးမြို့မှ သပြေရှောင် ကျေးရွာအထိ လမ်းတစ်လျှောက်နှင့် အတွင်းဘက်ကျေးရွာများ စုစုပေါင်း နှစ်ဆယ်ကျော်တွင် တပ်ဆင်မည်ဖြစ်သည်။

ယင်းကျေးရွာအားလုံးတွင် တစ် ပြိုင်တည်း တပ်ဆင်ပေးမည်မဟုတ်ဘဲ တပ်ဆင်မည့် ဝန်ထမ်းအင်အား အခြေ အနေအရ တစ်ရွာပြီးမှတစ်ရွာ တပ်ဆင် မည်ဖြစ်ကြောင်း လောင်းလုံးမြို့နယ် လျှပ်စစ်မှူး ဦးဇော်မြင့်ထွန်းက ပြောသည်။
ယင်းလျှပ်စစ်မီတာများကို ပြီးခဲ့ သည့် မေလကတည်း စတင်တပ်ဆင် လျက်ရှိပြီး လက်ရှိကျေးရွာနှစ်ရွာတွင် တပ်ဆင်လျက်ရှိကြောင်း ၎င်းက ပြော သည်။

“အခုကနေပြီး တစ်ရွာပြီးတစ်ရွာ ဆက်တိုက်လုပ်တော့မှာ၊ မီတာပုံးတွေ လည်း ရှိနေပြီ”ဟု ၎င်းက ဆိုသည်။
လျှပ်စစ်မီတာတစ်လုံးအတွက် ငွေကျပ် ၇၅၀၀၀ ကျသင့်မည်ဖြစ်ပြီး တပ်ဆင်ခပေးစရာမလိုကြောင်း ၎င်းက ပြောသည်။
လောင်းလုံးမြို့နယ်ရှိ အစိုးရလျှပ် စစ်မီးမရသေးသည့် ကျေးရွာများသည် ပုဂ္ဂလိက မီးစက်များကိုသာ အားကိုးနေရ ပြီး မီတာခတစ်ယူနစ်လျှင် ကျပ် ၆၀၀ ဝန်းကျင်နှုန်းဖြင့် အသုံးပြု နေရသည်။
“ကိုယ့်ရွာက မီးစက်နဲ့ကိုယ်ရနေ တုန်းကလိုမျိုး မီးမှန်မှန်လာဖို့တော့ အရေးကြီးတယ်”ဟု လောင်းလုံးမြို့နယ် ရေဖြူကျေးရွာမှ ဦးကျော်သိန်းက ပြော သည်။

လောင်းလုံးမြို့နယ်တွင် လျှပ်စစ်မီး တိုင်၊ မီးကြိုးများ မသွယ်တန်းရသေး သည့် ကျေးရွာနှစ်ဆယ်ကျော်ခန့် ကျန်ရှိ နေသေးကြောင်း မြို့နယ်လျှပ်စစ်ရုံးထံမှ သိရသည်။