ကော့သောင်းဈေးအကွက် မိသားစုစီး သုံးဘီးဆိုင်ကယ်

0
403

အမိုးအကာနှင့် ဘီး၃ဘီး ပါသည့် မိသားစုတစ်စု စီးနိုင်သည့် ဆိုင်ကယ်များ ကော့သောင်းဈေးအကွက်အတွင်း ဇူလိုင်လ ပထမအပတ်မှစတင်ပြီး ဝင် ရောက်လာခဲ့သည်။

Bajaj အမှတ်တံပါသည့် အဆိုပါ ဆိုင်များကို အေးမြကန်သာရပ်ကွက်တွင် အရောင်းပြခန်းတစ်ခုဖွင့်ကာ (ယ)လိုင် စင်နှင့်အပြီး တစ်စီးလျှင် ကျပ် ၃၉ သိန်း ဖြင့် စတင်ရောင်းချပေးလျက် ရှိသည်ဟု ကော့သောင်းအရောင်း ကိုယ်စားလှယ် ဦးမင်းအောင် ကဆိုသည်။
မောင်းသူ အပါအဝင် ၅ ဦးခန့် တင်ဆောင်မောင်နှင်သွားလာနိုင်ပြီး စတင်ရောင်းချနေဆဲ ကာလဖြစ်သည့် အတွက် ဈေးကွက်အနေအထား မသိရ သေးကြောင်း ၎င်းက ပြောသည်။

အဆိုပါ သုံးဘီးဆိုင်ကယ်များသည် မြိတ်ဈေးကွက်တွင် လူကြိုက်များနေပြီး ကော့သောင်းဈေးကွက်သို့ ဒုတိယ အကြိမ် စတင်ထိုးဖောက်လာခြင်းဖြစ် သည်။