အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးအဘိုးအဘွားများ လူမှုရေးပင်စင် အောက်တိုဘာ စရမည်

0
454

အသက် ၈၅ နှစ်နှင့်အထိ သက်ကြီး အဘိုးအဘွားများ လာမည့်အောက်တို ဘာလမှစတင်၍ လူမှုရေးပင်စင် စရ မည်ဖြစ်ကြောင်း ဇူလိုင်လ ၆ ရက်ထုတ် 7Day Daily နေ့စဉ်သတင်းစာ တွင် ဖော်ပြထားသည်။

အသက် ၉၀ နှစ်နှင့်အထက် သက်ကြီးအဖိုး၊ အဖွားများကို ထောက်ပံ့ ပေးလျက်ရှိသည့် လူမှုရေးပင်စင်ကို လာမည့် အောက်တိုဘာလမှစပြီး အသက် ၈၅ နှစ်နှင့်အထက်ကို ထောက် ပံ့ပေးရန် ဖြေလျော့လိုက်ခြင်း ဖြစ် ကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး၏ ပြောကြားချက်ကို ကိုးကား၍ အထက်ပါသတင်းစာတွင် ဖော်ပြထားခြင်းဖြစ်သည်။
သို့သော် ယင်းကိစ္စနှင့်ပတ်သက်ပြီး ဇူလိုင်လ ၆ ရက်အထိ ညွှန်ကြားချက် မရောက်လာသေးကြောင်း တနင်္သာရီ တိုင်း လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နီနီရွှေက ပြောသည်။

“သုံးလတစ်ကြိမ်ပေးတာဆိုတော့ ကိုးလပိုင်း၊ ဆယ်လပိုင်းလောက်မှာ ညွှန်ကြားလာနိုင်တယ်”ဟု ဒေါ်နီနီရွှေ က ဆိုသည်။
လက်ရှိတွင်မှု အသက် ၉၀ နှစ်နှင့် အထက် ဘိုးဘွားများကို ယခင်ထောက့်ပံ့ နေကျ ပုံစံအတိုင်း တစ်လလျှင် ကျပ်တစ် သောင်းနှုန်းဖြင့် သုံးလလျှင်တစ်ကြိမ် ထောက်ပံ့လျက်ရှိကြောင်း ၎င်းက ပြောသည်။
တိုင်းအတွင်း ပြီးခဲ့သည့် ဧပြီ၊ မေ၊ ဇွန် သုံးလတွင် ဘိုးဘွား ၁၄၉၀ ဦးကို လူမှုရေးပင်စင် ထောက်ပံ့ပေးခဲ့ကြောင်း လူမှုဝန်ထမ်းဦးစီးဌာနထံမှ သိရသည်။