ပစ္စည်းကောင်းကြောင်း အလွန် အကြူး ကြော်ငြာ ရောင်းက တိုင်ပါ ၊ အစိုးရက တရားစွဲမည်

0
505

ဓာတ်စာ၊ စားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများ ကောင်းမွန် ကြောင်း အလွန်အကျွံ ကြော်ငြာရောင်းချ နေက တိုင်ကြားနိုင်ပြီး တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကြီးကြပ် ကွပ်ကဲရေး ကော်မတီက တရားလိုလုပ် ကာ တရားစွဲဆိုတော့မည် ဖြစ်သည်။
ကင်ဆာရောဂါ၊ ၉၆ ပါးရောဂါများ ပျောက်ကင်းသည်ဟုဆိုကာ ရောင်းချနေ သည့်ဆေးများ အစရှိသည့် အလွန်အကျွံ ပြောဆိုကာ ရောင်းချနေခြင်းများကို ဆိုလိုခြင်း ဖြစ်သည်။

ဥပမာအနေဖြင့် သွားတိုက်ဆေးကို သုံးစွဲပါက သွားဖုံးကင်ဆာပျောက်ကင်း သည်ဟု ကြော်ငြာထားသော်လည်း သုံးစွဲချိန်တွင် မပျောက်ကင်းခြင်း(သို့) မဖြစ်နိုင်ကြောင်း ယူဆပါက စားသုံးသူ ရေးရာဦးစီးဌာနနှင့် FDA ထံ တိုင်ကြား နိုင်ကြောင်း အစားအသောက်နှင့် ဆေး ဝါးကွပ်ကဲရေးဦးစီးဌာန(FDA) တနင်္သာရီ တိုင်းဒေသကြီး တာဝန်ခံက ပြောသည်။
တိုင်ကြားလာပါက တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကြီးကြပ် ကွပ်ကဲရေး ကော်မတီထံ တင်ပြကာ ခွင့်ပြုချက် ရရှိပါက သက်ဆိုင်ရာဥပဒေ ဖြင့် တရားစွဲဆိုမည်ဖြစ်ကြောင်း FDA တိုင်းဒေသကြီးတာဝန်ခံ ဒေါက်တာ ဟိန်းမင်းထက်အောင်က ဆိုသည်။
ယင်းအပြင် နေပြည်တော်ရုံးချုပ် ကိုပါ တင်ပြမည်ဖြစ်ပြီး အမျိုးသား အစားအသောက်ဥပဒေ သို့မဟုတ် အမျိုးသားဆေးဝါးဥပဒေဖြင့် တရားစွဲ ဆိုမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

တိုင်ကြားသူများအနေနှင့် ပြော ဆိုစည်းရုံးကာ ကြော်ငြာသည့် အသံဖိုင်၊ လက်ကမ်းစာစောင် အစရှိသည့် ခိုင်မာ သည့် သက်သေများရှိရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။
“တိုင်မယ်ဆိုရင် တိုင်တဲ့သူက ပူး ပေါင်းပါဝင်ဖို့ လိုမယ်၊ သက်သေအဖြစ် နဲ့ လိုက်ကူပေးရမယ်”ဟု ဒေါက်တာ ဟိန်းမင်းထက်အောင်က ပြောသည်။

ကုန်ပစ္စည်းများကို ပွင့်လင်းစွာ ကြော်ငြာခြင်းမရှိဘဲ တစ်အိမ်တက်ဆင်း လည်းကောင်း၊ တစ်ဦးချင်းလည်းကောင်း လက်သိပ်ထိုးကာ ဖြည့်စွက်အစာ၊ အားဆေး၊ တစ်ကိုယ်ရည်သုံးပစ္စည်း၊ ကော်ဖီနှင့် ရေသန့်ကဲ့သို့ ပစ္စည်းရောင်း ချနေသည့် လုပ်ငန်းများက အလွန် အကြူးကြော်ငြာကာ ရောင်းချနေမှုများ ရှိကြောင်း ၎င်းက ဆိုသည်။
ပြည်သူအချို့ကမူ တိုင်ကြားမှ အရေးယူခြင်းထက် သက်ဆိုင်ရာဌာနများ ကိုယ်တိုင် စုံစမ်းထောက်လှမ်းကာ အရေးယူ ခြင်းကို မျှော်လင့်နေကြသည်။

“ပြည်သူတွေ ဒီသက်သေတွေရဖို့ ဆိုရင် တော်တော်ခက်ခဲလိမ့်မယ်၊ ထောက်လှမ်းရေး အဖွဲ့အစည်းတွေက လုပ်သင့်တယ်လို့ မြင်တယ်”ဟု ထားဝယ် မြို့နေ ဦးသိုက်ထွန်းက ထောက်ပြသည်။
ပစ္စည်းအရည်အသွေး၊ အကျိုးအာနိ သင် ကောင်းမွန်သည်ဟု အလွန်အကြူး ဖော်ညွှန်းပြောဆိုကာ ရောင်းချမှုများတွင်Multi Level Marketing (ဆင့်ပွား ကွန်ရက်ချိတ်ဆက် ရောင်းဝယ်သည့် စနစ်) ကုမ္ပဏီများက အများစုဖြစ်ကြောင်း ပြည်သူများအကြား ပြောဆိုမှုများရှိ သည်။

MLM ကုမ္ပဏီအများစုက အယုံ လွယ်သူများကို ပစ်မှတ်ထားရောင်းချ လေ့ရှိပြီး ဗဟုသုတနည်းပါးသူနှင့် ရောဂါခံစားနေရသည့်အတွက် ဒုက္ခ ရောက်နေသူများကိုလည်း ဦးစားပေး ရောင်းလေ့ရှိကြောင်း MLM လုပ်ငန်း များကို ဆန့်ကျင် အသိပညာပေးနေသူ တစ်ဦးဖြစ်သည့် ရန်ကုန်မြို့နေ ကိုဇင်ဇေ က ဆိုသည်။
“သူတို့ဓာတ်စာတွေသောက်လို့ ပျောက်ပါတယ်ဆိုတဲ့ဟာမျိုးကို မှန်တာ ပြောတာလည်းရှိမယ်၊ တချို့ကလုပ်ကြံ ပြောတာလည်း ရှိမယ်၊ ပြီးတော့ အယုံ သွင်းတာမျိုး သွားနေတယ်ပေါ့နော်”ဟု ကိုဇင်ဇေက ပြောသည်။
ဦးလေးဖြစ်သူ အသည်းကင်ဆာ ခံစားနေရချိန်တွင် တရုတ်ကုမ္ပဏီတစ်ခု က သုံးလအတွင်း ကင်ဆာပျောက်ကင်း သည်ဟုဆိုကာ ဆေးတစ်ဘူးလျှင် ကျပ် ခုနှစ်သောင်းတန်ဖိုးရှိ ဆေးများ လာ ရောင်းခဲ့ဖူးပြီး ငွေသိန်းဆယ်ချီကုန်ကျ ပြီးနောက် သေဆုံးသွားခဲ့ကြောင်း မြိတ် မြို့ ဇေယျသီရိရပ်ကွက်နေ ဒေါ်ကြူက ဆိုသည်။

“ခုလိုအရေးယူပြီး တရားစွဲပေးမယ် ဆိုရင်တော့ ဝမ်းသာတယ်၊ မြိတ်မှာ လိမ်နေတဲ့သူတွေ အများကြီးပဲ”ဟု ဒေါ်ကြူက ပြောသည်။
သွားတိုက်ဆေး၊ ဂျိုင်းလိမ်းဆီ၊ ကော်ဖီ၊ အဝတ်လျော်ဆေးများကို သာမန်ဈေးနှုန်းထက် ၅ ဆခန့်မြှင့်တင် ရောင်းချပြီး ယင်းပစ္စည်းများ သုံးစွဲပါက ရောဂါအများစုပျောက်ကင်းသည်ဟု ပြောဆိုရောင်းချမှုများရှိကြောင်း မြိတ်မြို့၊ မြို့သစ်ရပ်ကွက်နေ ဒေါ်မာမာစန်းက ဆိုသည်။
MLM ကုမ္ပဏီများ၏ ပစ္စည်းများ တွင် ကောင်းသည့်ပစ္စည်းများ ရှိသကဲ့သို့ မထူးခြားသည့် ပစ္စည်းများလည်း ရှိ ကြောင်း MLM ကုမ္ပဏီတစ်ခုတွင် အဖွဲ့ဝင်အဖြစ် လုပ်ကိုင်ခဲ့ဖူးသည့် ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ်ကွက်နေ အသက် ၅၀ နှစ်အရွယ်ရှိ အမျိုးသား တစ်ဦးက ဆိုသည်။

Double Crane (Myanmar) ကုမ္ပဏီတွင် လုပ်ကိုင်နေသည့် ကော့သောင်း ဒေသခံ အသက် ၄၂ နှစ်အရွယ် အမျိုး သမီးကမူ ကုန်ပစ္စည်းများကို အတင်း ရောင်းချခြင်းမျိုးမလုပ်ဟု ဆိုသည်။
“ကောင်းတာကိုပဲ မျှဝေတာ။ အတင်းမရောင်းပါဘူး။ ပရဟိတသဘော ပါ။ မဝယ်နိုင်တဲ့သူဆို တတ်နိုင်သ လောက် အလကားပေးလိုက်တယ်။ ထုတ်ကုန် ကောင်းတာကိုယ်ကသိနေလို့ လေ၊ ကိုယ်ကိုတိုင် သုံးဖူးတဲ့ ပစ္စည်းကိုပဲ ရောင်းတယ် ကိုယ်သုံးလို့ ကောင်းတဲ့ ပစ္စည်းကိုပဲ ရောင်းတယ်”ဟု ၎င်းက ပြောသည်။

တရားမဝင် ကြော်ငြာအားကောင်း ပြီး အရည်အသွေးမရှိသည့် ဆေးများစား သုံးမိပါက ဘေးထွက်ဆိုးကျိုး မမျှော် မှန်းနိုင်အောင်ရှိကြောင်း ဒေါက်တာ ဟိန်းမင်းထက်အောင်က ရှင်းပြသည်။
ယင်းကဲ့သို့ ရောင်းချခြင်းများ ကြောင့် ပစ္စည်းအရည်အသွေးမကောင်း သည့်အတွက် ငွေကြေးဆုံရှုံးမှုများ ရှိ သည့်အပြင် ကျန်းမာရေး ထိခိုက်မှုများ လည်းရှိကြောင်း MLM လုပ်ငန်းများကို ဆန့်ကျင် အသိပညာပေးနေသူ ကိုဇင်ဇေ က ဆိုသည်။
ယင်းကဲ့သို့ အလွန်အကျွံကြော်ငြာ ပြီး ရောင်းချနေသည့် ကုမ္ပဏီများကြောင့် ပြည်သူများ ထိခိုက်နစ်နာခဲ့ပါက အသိ ပညာပေးသည့်အနေဖြင့် တစ်ဦးနှင့် တစ်ဦး ပြန်လည် မျှဝေသင့်ကြောင်း ၎င်းက ပြောသည်။

ရန်ကုန်တိုင်းတွင် နာမည်ကြီး MLM ကုမ္ပဏီတစ်ခုဖြစ်သည့် Aim Star Network (MNR) Co., Ltd ကို FDA ထောက်ခံချက် မရှိသည့် ဖြည့်စွက်စာ ၁၇ မျိုးကို ဈေးကွက် အတွင်းရောင်းချခြင်းကြောင့် စုံစမ်းစစ် ဆေးရေးအဖွဲ့က အမျိုးသားအစား အသောက် ဥပဒေဖြင့် ဇွန်လအတွင်းက အမှုဖွင့်လိုက်သည်။
ယင်းကုမ္ပဏီအပြင် Entry Trading Co., Ltd J&C Center Import Export Co., Ltd ESihf Gift for Life Co., Ltd ကုမ္ပဏီများမှ စားသောက်ကုန်၊ ဖြည့်စွက်စာ၊ အလှကုန်ပစ္စည်းများကို FDA ထောက်ခံချက်မရှိဘဲ ဖြန့်ဖြူး ရောင်းချသည်ဟုဆိုကာ ဇွန်လအတွင်း အမှုဖွင့်ထားသည်။

တနင်္သာရီတိုင်းအတွင်းတွင်မူ ယင်းကဲ့သို့ အမှုဖွင့် တရားစွဲဆိုထားခြင်း မရှိသေးပေ။
ထားဝယ်မြို့ရှိ နာမည်ကြီး MLM ကုမ္ပဏီတစ်ခုက ကလေးမွေးပြီး အမျိုး သမီးများ အပျိုကဲ့သို့ ပြန်ဖြစ်စေသည်ဆို သည့် ငွေကျပ် သောင်းချီပေးရသည့် သောက်ဆေးတစ်မျိုးကို ရောင်းချလျက် ရှိသည်။
“ဈေးကြီးတော့ ကျွန်မက မဝယ် သောက်ဖြစ်ဘူး၊ မယုံရဲတာလည်း ပါ တယ်”ဟု ထားဝယ်မြို့ ပိန္နဲတောရပ်ကွက် နေ အသက် ၃၈ နှစ်အရွယ်ရှိ အမျိုးသမီး တစ်ဦးက ပြောသည်။