ထားဝယ်ရှိ မြေဆီလွှာဓာတ်ခွဲခန်း လာမည့်လ စစစ်နိုင်မည်

0
463

မြေဆီလွှာနှင့် ပတ်သက်သည့်အ ချက်အလက်များကို ထားဝယ်မြို့ရှိဓာတ် ခွဲခန်းတွင် လာမည့်ဇူလိုင်လမှစကာ စစ်ဆေးနိုင်တော့မည်ဖြစ်ကြောင်း စိုက် ပျိုးရေးဦးစီးဌာန တနင်္သာရီတိုင်းဒေသ ကြီး ဒုတိုင်းဦးစီးမှူး ဦးသန်းထိုက်က ပြောသည်။
မြေဆီလွှာဓာတ်ခွဲခန်းကို ထားဝယ် မြို့ရှိ ခရိုင်စိုက်ပျိုးရေးရုံးဝင်းအတွင်း တည်ဆောက်ထားပြီး လယ်ယာများနှင့် ဥယျာဉ်ခြံများရှိ မြေသားတွင် မြေချဉ်ငန် ဓာတ်၊ PH အဆင့်အစရှိသည့် မြေဆီ လွှာနှင့် ပတ်သက်သည့် အချက်အလက် များကို စစ်ဆေးနိုင်မည်ဖြစ်ပြီး ကနဦး တွင် အခမဲ့ စစ်ဆေးပေးမည်ဖြစ်ကြောင်း ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဦးသန်းထိုက်က ဆိုသည်။

ယခင်က မြေဆီလွှာစစ်ဆေးလိုပါ က ရန်ကုန်မြို့နှင့် မော်လမြိုင်ရှိ ဓာတ်ခွဲ ခန်းများသို့ ပို့ဆောင်စစ်ဆေးရပြီး လက် ရှိဖွင့်လှစ်မည့် ဓာတ်ခွဲခန်းသည် တနင်္သာရီတိုင်းတွင် ပထမဆုံး မြေဆီ လွှာဓာတ်ခွဲခန်း ဖြစ်သည်။
“မြေဆီလွှာမှာ ဘာဓာတ်တွေရှိ နေတယ်၊ ဘာထပ်ထည့်ဖို့လိုလဲ၊ ရှိနေ လျက်နဲ့ ထပ်ထည့်နေရင် မြေဩဇာဖိုး မကုန်သင့်တာ မကုန်အောင်”ဟု ဦးသန်းထိုက်က ပြောသည်။
တောင်သူများ စစ်ဆေးလိုက မြေ သားရယူနည်းကို ဌာနက သင်ကြားပေး မည်ဖြစ်ပြီး စစ်ဆေးမည့်အမျိုးအစားပေါ် မူတည်ကာ အချိန်ကာလအမျိုးမျိုး ကြာ မြင့်နိုင်ကြောင်း ၎င်းက ဆိုသည်။

လက်ရှိတွင် မြေဆီလွှာအခြေအနေ ကို မသိသည့်အတွက် မြေဩဇာကို ရမ်း သမ်းထည့်နေရပြီး ယခုကဲ့သို့ ဓာတ်ခွဲ စစ်ဆေးမည်ဆိုက အမှန်တကယ်လို အပ်သည့်ဓာတ်ကို သေသေချာချာသိ နိုင်မည်ဖြစ်ကြောင်း ရော်ဘာခြံဧက ၂၀ ခန့် စိုက်ပျိုးလုပ်ကိုင်နေသည့် ထားဝယ် မြို့ ကညုံရပ်ကွက်နေ အသက် ၃၃ နှစ် အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
“သူများဓာတ်ဆားကျွေးဆို ကျွေး နေရတာ၊ မှန်းပြီးထည့်နေရတယ်၊ အဓိ ကက စစ်ဆေးချက်တွေရရင် ပိုကောင်း တာပေါ့”ဟု အဆိုပါ အမျိုးသားက ဆို သည်။

ယင်းဓာတ်ခွဲခန်းကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးရန် ပုံငွေဖြင့် ဆောက်လုပ်ခဲ့ကြောင်း အထက် ပါဌာနထံမှ သိရသည်။
ဓာတ်ခွဲခန်းအဆောက်အအုံ အတွက် ငွေကျပ်၅၄သန်းကျော်နှင့် ဓာတ်ခွဲ ခန်းသုံးပစ္စည်းများအတွက် ကျပ် ၇၁ သန်း ကုန်ကျကြောင်း ယင်းဌာနထံ မှတ်တမ်း အရ သိရသည်။