ငါး၊ ခရု မွေးမြူရန် မြေဧက ၉၀ လျှောက်ထားမှု ကန့်ကွက်လိုက ကန့်ကွက်နိုင်

0
439

ကကတစ် ငါးအမျိုးအစား၊ ဂျင်း၊ ခရု မွေးမြူရန်အတွက် ကော့သောင်း မြို့နယ်၊ ဘန်းကချွန်ကျေးရွာအုပ်စု၊ ယမုံနာရွာနံဘေး၊ ပါချန်မြစ်၊ ဘန်းက ချွန်းချောင်းတို့နှင့် ထိစပ်နေသည့် နေရာတွင် မြေနေရာ လျှောက်ထားသည့် အပေါ် ကန့်ကွက်လိုက မြေစာရင်းဦးစီး ဌာနတွင် မည်သူမဆိုလာရောက် ကန့် ကွက်နိုင်ကြောင်း ကော့သောင်းမြို့နယ် မြေစာရင်းဦးစီးဌာနက ဆိုသည်။
မြေလွတ် မြေလပ်နှင့် မြေရိုင်း ဧက ၉၀ကို မွေးမြူရေး လုပ်ကိုင် ခွင့်ပြုရန် ပုဂ္ဂလိကလုပ်ငန်းရှင် တစ်ဦးက မြေစာရင်း ဦးစီးဌာနထံ လျှောက်ထားလာခြင်း ဖြစ် သည်ဟု အထက်ပါဌာနမှ သိရသည်။

အဆိုပါ မြေလျှောက်ထားမူနှင့် ပတ်သက်၍ မည်သူမဆို ကန့်ကွက်နိုင် ပြီး အများပြည်သူသိရှိနိုင်အတွက် သက် ဆိုင်ရာ ရပ်^ကျေးရုံး၊ မြို့နယ် ထွေအုပ်ရုံး နှင့် မြေစာရင်းဌာနရုံးများတွင် ဇွန်လ ၅ ရက်ကတည်းက ကြေညာစာကပ် အသိပေး နှိုးဆော်ပေးထားကြောင်း မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်မိုးက ဆိုသည်။
“ကန့်ကွက်မည့်သူက ဘာကြောင့် ကန့်ကွက်ချင်လဲဆိုတဲ့ အချက်အလက် နှင့်တကွ သတ်မှတ်ရက်မတိုင်မီ လာ ရောက် ကန့်ကွက်နိုင်တယ်” ဦးအောင် ကျော်မိုးက ဆိုသည်။

ထုတ်ပြန်စာအရ ကန့်ကွက်မည့်သူ သည် ဇူလိုင်လ ၄ ရက်နေ့ မတိုင်မီ နောက်ဆုံးထား ကန့်ကွက်ရမည်ဖြစ် သည်။
ကန့်ကွက်စာကို သတ်မှတ်နေ့ မတိုင်မီ ရုံးအရောက် လာရောက်ပေးပို့ ရမည်ဖြစ်ပြီး သတ်မှတ်ရက် ကျော်လွန် ပြီးမှ ရောက်လာသည့် ကန့်ကွက်စာ များကို လက်ခံမည်မဟုတ်ကြောင်း ၎င်းက ဆိုသည်။
အဆိုပါချောင်းတစ်လျှောက် ပင်လယ်ရွာများတွင်လည်း ခရုမွေးခြင်း လုပ်ငန်းကို အသက်မွေးဝမ်းကျောင်း လုပ်ငန်းအဖြစ် တစ်နိုင်တစ်ပိုင် မွေးမြူ လုပ်ကိုင်ကြသည်။