ပုလော အနံ့ဆိုးထွက် ရော်ဘာစက်ရုံအား စစ်ဆေးမည်

0
473

တနင်္သာရီတိုင်း ပုလောမြို့နယ်ရှိ အနံဆိုးထွက်နေသည်ဆိုသည့် Myan-mar Thai Joint Cooperation ကုမ္ပဏီ ၏ ရော်ဘာအစေးဝယ်၊ စေးခံစက်ရုံအား တိုင်းအစိုးရမှ စစ်ဆေးမည် ဖြစ်ကြောင်း သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်း ရေးဝန်ကြီး ဦးမြင့်မောင်က ပြောသည်။
ဇွန်လ ၁၈ ရက်က ပြုလုပ်သည့် တိုင်းလွှတ်တော် ပုံမှန်အစည်းအဝေးတွင် ပုလောမဲဆန္ဒနယ်အမှတ်(၁)မှ တိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်း (ခ) ဦးဖိုးမင်း မေးမြန်းသည့်Myanmar Thai Joint Cooperation ကုမ္ပဏီကို တရားဝင်ခွင့်ပြုထားခြင်း ရှိမရှိနှင့် အနံ ဆိုးများကို တားဆီးကာကွယ်ရန် ရှိ မရှိ မေးခွန်းကို ဝန်းကြီးဦးမြင့်မောင်က အထက် ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါစက်ရုံကို မြေပြင်ကွင်းဆင်း စစ်ဆေးပြီး ဥပဒေနှင့် မညီသည်ကို တွေ့ရှိပါက အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဦးမြင့်မောင်က ပြောသည်။
သို့သော် မည်သည့်အချိန်တွင် စစ် ဆေးမည်ဆိုသည်ကိုမူ ထည့်သွင်းပြော ဆိုခဲ့ခြင်း မရှိပေ။
ယင်းစက်ရုံမှထွက်သည့် အနံ့ဆိုး များကြောင့် ပတ်ဝန်းကျင်ရှိ စာသင် ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ နှင့် ကျေးရွာသူ၊ ကျေးရွာသားများ မနေ နိုင်အောင် ခံစားနေရကြောင်း ဦးကျော် မင်းက လွှတ်တော်တွင် ပြောသည်။
“မနှစ်တုန်းကဆိုရင် အ.မ.က ဘုတ်ချောင်းမှာရှိတဲ့ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူတွေ အော့အန်၊ မူးလဲတဲ့အထိ ဖြစ်ကြရတယ်”ဟု ဦးကျော်မင်းက ဆိုသည်။

ယင်းစက်ရုံမှ ရော်ဘာချေး သိမ်း သည့်အချိန်၊ စွန့်ပစ်ရေဆိုးများကို ဒလက်ပန်ကာများဖြင့် အနံ့ထုတ်သည့် အချိန်များတွင် အနံ့ဆိုးဒဏ်ကို မနေနိုင် အောင် ပိုခံစားရလေ့ရှိသဖြင့် ရွာသားများ နှင့် ကျောင်းသူ၊ ကျောင်းသား၊ ဆရာ၊ ဆရာမများ ကျန်းမာရေးထိခိုက်မည်ကို စိုးရိမ်နေရကြောင်း ၎င်းက ပြောသည်။
ရော်ဘာစက်ရုံမှ အနံ့ဆိုးထွက်နေ သည့် ကိစ္စနှင့်ပတ်သတ်ပြီး ကနဦး ပတ်ဝန်း ကျင် ဆန်းစစ်ခြင်း၊ ပတ်ဝန်းကျင် စီမံ ခန့်ခွဲမှုအစီစဉ်များ တရားဝင် မှတ်ပုံတင် ထားသည့် အဖွဲ့အစည်းက လုပ်ဆောင် နေပြီး ရေးဆွဲမှုပြီးစီးပါက ပတ်ဝန်းကျင် ထိခိုက်မှုများကို ကာကွယ်နိုင်မည်ဖြစ် ကြောင်း ဦးမြင့်မောင်က ပြောသည်။

ယင်းကုမ္ပဏီမှ မြေလွတ်၊ မြေလပ် နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟို ကော်မတီမှ ရော်ဘာစိုက်ပျိုးလုပ်ကိုင်ရန် ခွင့်ပြုချက်ရရှိထားသည့် စိုက်ပျိုးမြေ ၇၈၆.၅၈ ဧကအနက် ၈.၅ ဧကကို ရာဘာစက်ရုံ ဆောက်လုပ်ထားကြောင်း ဦးမြင့်မောင်က ပြောသည်။
သို့သော် ယင်းသို့ စက်ရုံဆောက် ထားသည့် မြေနေရာသည် ၂၀၁၂ လယ်ယာမြေဥပဒေနှင့်အညီ သော်လည်း ကောင်း၊ ပုဂ္ဂလိက စက်မှုလုပ်ငန်းဥပဒေ များနှင့်အညီ စက်ရုံဆောက်လုပ်ရန် ခွင့် ပြုချက်မရသေးဘဲ လျှောက်ထားဆဲသာ ရှိကြောင်း ၎င်းက ဆိုသည်။
ယင်း ရော်ဘာစက်ရုံဆောက်ထား သည့် ကြဲကျေးရွာအုပ်စု၊ ဘုတ်ချောင်း ကျေးရွာတွင် အိမ်ခြေ ၁၀၀ ခန့်နှင့် လူဦးရေ ၄၀၀ ခန့်နေထိုင်ကြောင်း သိရ သည်။