မြိတ်ရှိ တက္ကသိုလ်များတွင် စာပေဟောပြောပွဲပြုလုပ်မည်

0
449

မြိတ်မြို့ရှိ မြိတ်တက္ကသိုလ်၊ နည်း ပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ် တို့တွင် စာပေဟောပြောပွဲများ ပြုလုပ် သွားမည်ဖြစ်ကြောင်း ယင်းကျောင်းတို့ရှိ ကျောင်းသားများသမဂ္ဂများထံမှ သိရ သည်။
မြိတ်နည်းပညာတက္ကသိုလ်၌ ဇွန်လ ၂၆ ရက်နေ့တွင် ဆရာမ ဂျူး၊ ဆရာမ မသီတာ(စမ်းချောင်း)၊ ဆရာဂျင် မီတို့မှ ဟောပြောမည်ဖြစ်သည်။

မြိတ်ကွန်ပျူတာတက္ကသိုလ်၌ ဆရာမဂျူးနှင့် ဆရာလင်းသိုက်ညွန့်တို့ က ဇွန်လ ၂၇ ရက်နေ့တွင် ဟောပြောမည် ဖြစ်ပြီး ဇွန်လ ၂၈ ရက်နေ့တွင် မြိတ် တက္ကသိုလ်၌ ဆရာလင်းသိုက်ညွန့်နှင့် ဆရာမ မစန္ဒာတို့က ဟောပြောမည်ဖြစ်သည်။
“ကျောင်းသား/သူတွေကို အသိ ဥာဏ်တွေပွင့်လင်းစေချင်တယ် ဗဟုသု တရစေချင်တာပါ”ဟု မြိတ်နည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုဖြိုးသီဟအောင်က ပြောသည်။

နည်းပညာတက္ကသိုလ်တွင် ပြုလုပ် မည့် စာပေဟောပြောပွဲသည် ကျောင်း သားများသမဂ္ဂမှ ဦးစီးပြုလုပ်ခြင်းဖြစ်ပြီး ကွန်ပျူတာတက္ကသိုလ်တွင် ပြုလုပ်မည့် စာပေဟောပြောပွဲမှာမူ ယင်းတက္ကသိုလ် ၏ အစီအစဉ်ဖြင့် ပြုလုပ်ခြင်း ဖြစ်သည်။
မြိတ်နည်းပညာတက္ကသိုလ်တွင် ယခင်က စာပေဟောပြောပွဲ နှစ်ကြိမ်ပြု လုပ်ခဲ့ဖူးပြီး လက်ရှိပြုလုပ်မည့် ပွဲသည် သမဂ္ဂမှဦးစီး၍ ပထမဦးဆုံးအကြိမ် ပြု လုပ်ခြင်းဖြစ်သည်။