ထိုင်းနယ်စပ် တစ်လျှောက် ယာဉ် တန်းခရီးစဉ် ထားဝယ်မှ ဖြတ်သန်း

0
407

ထီးခီးလမ်းမှတစ်ဆင့် ထိုင်းနိုင်ငံ နယ်စပ်တစ်လျှောက် ခရီးစဉ်ကို ထားဝယ် မြို့မှ ဖြတ်သန်းကာမော်တော် ယာဉ်နှစ် ဆယ်ကျော်ဖြင့် ပထမဆုံးအကြိမ် သွား ရောက်ခဲ့ကြောင်း ထားဝယ်ခရိုင် ဟိုတယ် နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။
ယာဉ်တန်းခရီးစဉ်ကို ရန်ကုန်မြို့မှ ထားဝယ်မြို့သို့ လာရောက်ပြီး ထီးခီး လမ်းအတိုင်း သွားရောက်ကာ ထိုင်းနိုင်ငံ အတွင်း နယ်စပ်မြို့တစ်လျှောက် ကန်ချ နာဘူရီ၊ ဆူကိုထိုင်း၊ မဲဆောက်မြို့များသို့ သွားရောက်ခဲ့သည်။
ယင်းနောက် မြ၀တီ၊ ဘားအံလမ်း အတိုင်းပြန်ကာ ရန်ကုန်မြို့တွင် ခရီးစဉ် ပြီးဆုံးမည်ဖြစ်ကြောင်း ခရိုင် ဟိုတယ်/ ခရီးဌာနထံမှ သိရသည်။

မြန်မာနိုင်ငံမှ ကား ၂၆ စီးတွင် လူ ၇၄ ဦးပါဝင်ကာ ဇွန်လ ၁၈ ရက်မှ ၂၃ ရက်အထိ သွားရောက်ခဲ့ကြောင်း အထက်ပါဌာနထံမှ သိရသည်။
အဆိုပါခရီးစဉ်ကို မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေး အသင်းက စီစဉ်ခြင်းဖြစ်ပြီး ဟိုတယ်/ခရီး ဌာနမှ ဒုညွှန်ချုပ်တစ်ဦးက ဦးဆောင် ကာ သွားရောက်ခဲ့ကြောင်း ခရိုင်ဟိုတယ် /ခရီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆို သည်။
“ခရီးသွားလုပ်ငန်းမြှင့်တင်ဖို့ အတွက် သွားတာပါ၊ ယာဉ်တန်းနဲ့သွား တာ ပထမဆုံး ခရီးစဉ်ပါပဲ”ဟု အထက် ပါ တာဝန်ရှိသူက ပြောသည်။

အဆိုပါ ခရီးစဉ်တွင် မြန်မာနိုင်ငံ သား ၇၁ ဦး၊ အမေရိကန်နိုင်ငံသား တစ်ဦး၊ ဩစတြေလျနိုင်ငံသား တစ်ဦး နှင့် မလေးရှားနိုင်ငံသား တစ်ဦး ပါဝင် ကြောင်း အထက်ပါဌာနထံမှ သိရသည်။