ထားဝယ်မြစ်ကူးတံတားအသစ်ဆောက်ရန် သုံးလအတွင်း မြေစမ်းသပ်မည်

0
539

ထားဝယ်မြစ်ကူး တံတားအသစ် ဆောက်ရန်အတွက် မြေသား စမ်းသပ်မှု များကို သုံးလအတွင်း လုပ်ဆောင်မည် ဖြစ်ကြောင်း လမ်းဦးစီးဌာန တနင်္သာရီ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းမင်းထွဋ် က ပြောသည်။
လက်ရှိတွင် ကနဦးတိုင်းတာမှုများ လုပ်ဆောင်ထားပြီး မြေကြီးအနေအထား စမ်းသပ်မှုများလုပ်ရန် ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ စမ်းသပ်ရေးအဖွဲ့သို့ အကြောင်းကြားထားပြီးဖြစ်ကြောင်း ဦးဝင်းမင်းထွဋ်က ဆိုသည်။
မြေသားစမ်းသပ်မှုလုပ်ဆောင်ပြီးမှသာ တံတား၏ ဒီဇိုင်းဖွဲ့စည်းပုံကို ရေးဆွဲ ရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ထားဝယ်မြစ်ကူးတံတားအသစ်ကို ထားဝယ်မြို့၏ တောင်ဘက်ပိုင်းနှင့် မြောက်ဘက်ပိုင်းတို့တွင် ဆောက်သင့် ကြောင်း ဒေသခံများက ပြောဆိုအကြံပြုမှု များရှိသည်။

“လောလောဆယ် အခြေအနေအရ ဒီကမြောကင်းတံတားကို ကုစားတာဖြစ် တဲ့အတွက် ဒီဘေးကို ပြန်ပြီးတော့ တည် ဆောက်တာ ဖြစ်ပါတယ်”ဟု ဦးဝင်းမင်း ထွဋ်က ပြောသည်။
ထားဝယ်မြစ်ကူးတံတားအသစ်ကို လက်ရှိတံတားနှင့် ကပ်လျက် (DDPC ဈေးဝယ်စင်တာအနီး) တည်ဆောက်မည် ဖြစ်ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် စတင်ဆောက်လုပ်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
လက်ရှိကမြောကင်းတံတား၏ ကြံ့ ခိုင်မှုအနေအထားမှာ လက်ရှိတွင် ကောင်း မွန်နေသေးသည်ဟုထင်ပြီး တံတား အသစ် ဆောက်မည်ဆိုပါက ရေရှည် အကျိုးကို ရှေ့ရှုကာ မင်းရပ်ကူးတို့အနီး တွင် ဆောက်လုပ်သင့်ကြောင်း ထားဝယ် မြို့နေ ဦးဌေးကိုက ပြောသည်။

“ဒီနေရာမှာ ဆောက်လိုက်ရင် ယာဉ်ကြောရှုပ်ထွေးမှုတွေပါ လျော့နည်း လာနိုင်တယ်”ဟု ဦးဌေးကိုက ဆိုသည်။
ထားဝယ်မြစ်စီးဆင်းရာတစ် လျှောက်ရှိ ရေဖြူမြို့နယ်တွင် တံတား တစ်စီးနှင့် ကမြောကင်းတံတားတို့ ရှိပြီး ဖြစ်သည့်အတွက် ထားဝယ်မြို့တောင် ဘက်အပိုင်းရှိ မင်းရပ်ကူးတို့တွင်သာ ဆောက်လုပ်သင့်ကြောင်း ၎င်းက အကြံ ပြုသည်။
လက်ရှိအသုံးပြုနေသည့် ကမြော ကင်းတံတားကို ၁၉၇၅ ခုနှစ်က စတင် အသုံးပြုခဲ့ပြီး တံတားအရှည် ပေ ၁၁၀၀ ရှိသည်။