ထားဝယ်ကမ်းနားလမ်း အဆင့်မြှင့်ရန် ငွေကျပ် သန်းတစ်ထောင် သုံးမည်

0
418

ထားဝယ်မြို့ရှိ ကမ်းနားလမ်း အဆင့်မြှင့်ရန် လာမည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် သန်းတစ် ထောင် အသုံးပြုမည်ဖြစ်ကြောင်း ထားဝယ် မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှု ဆောင်အရာရှိက ပြောသည်။
အသုံးပြုမည့် ငွေကျပ်သန်း ၁၀၀၀ ကို ကွန်ကရစ်လမ်း ပေ ၃၃၀၊ လမ်းဘေး ပလက်ဖောင်း (မြစ်ဘက်ခြမ်း) ၁၆၆၀ ပေ၊ လမ်းလယ်ကျွန်းပန်းခုံ ၂၈၀ ပေ၊ လျှပ်စစ်မီးတိုင် ၄ တိုင်၊ လမ်းဦးစီးဌာနက လုပ်မည့် မြေထိန်းနံရံ ၆၉၃ ပေနှင့် မြေယာရှင်းလင်းခြင်း လုပ်ငန်းများကို လုပ်ဆောင်မည်ဖြစ်ကြောင်း မြို့နယ် စည်ပင်ထံမှ သိရသည်။

လာမည့်နှစ်တွင် ကွန်ကရစ်လမ်း ပေ ၃၃၀ ခင်းမည်ဆိုပါက ကမ်းနားဈေး အနောက်ဘက်ရှိ တံတားထိပ်အထိ ရောက် ရှိမည် ဖြစ်သည်။
“အရှေ့ကို နှစ်အလိုက် ဖြည်းဖြည်း ချင်း လုပ်သွားမှရမယ်”ဟု မြို့နယ်စည် ပင် အမှုဆောင်အရာရှိက ပြောသည်။
ကမ်းနားလမ်းအဆင့်မြှင့်ရန် ပြီး ခဲ့သည့်နှစ်က စည်ပင်အဖွဲ့ ရန်ပုံငွေ ကျပ်သန်း ၆၀၀ အသုံးပြုခဲ့ပြီး လာမည့် နှစ်တွင် စည်ပင်၊ လမ်းဦးစီး၊ လျှပ်စစ် ဌာနတို့က ကျပ်သန်း ၁၀၀၀ အသုံးပြု မည်ဖြစ်ကြောင်း မြို့နယ်စည်ပင်အမှု ဆောင်အရာရှိက ဆိုသည်။

မြောင်းပုလဲတံတားမှ ကမ်းနားဈေး အနီးထိ ပေ ၁၄၀၀ အရှည်ကို လက်ရှိ သွားလာနေသည့် ကွန်ကရစ်လမ်းနှင့် အပြိုင် ၁၈ပေ အကျယ်ရှိ ကွန်ကရစ် လမ်းခင်းခြင်း၊ မြေထိန်းနံရံလုပ်ခြင်း၊ မြေပြင် ရှင်းလင်းခြင်းများကို စည်ပင်မှ ယမန်နှစ်က လုပ်ဆောင်ထားသည်။