ရေလုပ်ငန်းထိခိုက်နစ်နာမှု ရေနံကုမ္ပဏီများ မစဉ်းစားဟု မြိတ်ငါးအဖွဲ့ ချုပ် စွပ်စွဲ

0
607

ကမ်းလွန်ရေနံလုပ်ကွက်များ တူး ဖော်ခြင်းလုပ်ငန်းတို့ ဆောင်ရွက်ရာတွင် ရေလုပ်ငန်းများ ထိခိုက်နှစ်နာမည်ကို ရေနံကုမ္ပဏီများဘက်က ထည့်သွင်းစဉ်း စားထားခြင်းမရှိကြောင်း မြိတ်ခရိုင်ငါး လုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးစန်းမောင်က ပြောကြားသည်။
မြိတ်မြို့တွင် ဇွန်လ ၁၁ ရက်က ပြုလုပ်သည့် မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်း (MOGE) နှင့် PCML ကုမ္ပဏီမှ ကမ်းလွန်ရေနံလုပ် ကွက် M-12 M-13 M14 တို့တွင် တွင်းတူးဖော်ခြင်းလုပ်ငန်းများ မဆောင် ရွက်မီ ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ် ခြင်းဆိုင်ရာ ပထမအကြိမ် လူထုတွေ့ဆုံ ရှင်းလင်းပွဲတွင် ယင်းကဲ့သို့ ပြောကြား ခဲ့ခြင်းဖြစ်သည်။

“ရေလုပ်ငန်းဘက်က စီးပွားရေး ကျတာတွေကို ရေနံကုမ္ပဏီတွေဘက်က ထည့်သွင်းစဉ်းစားပြီး ရေးသားထားတာ ဘာတစ်ခုမှမတွေ့ရဘူး”ဟု မြိတ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးစန်းမောင် က ပြောသည်။
ကမ်းလွန်ရေလုပ်ကွက်များတွင် ရေနံတူးဖော်ရာ၌ သက်ဆိုင်ရာ ရေနံ ကုမ္ပဏီတို့က ငါးမဖမ်းရနယ်မြေများ၊ ကန့်သတ်နယ်မြေများနှင့် ရေယာဉ်များ ဖြတ်သန်းသွားလာခွင့်မပြုသည့် နေရာ များ တားမြစ်သည့်အတွက် ငါးဖမ်းလုပ် ငန်းရှင်များနှင့် ရေလုပ်သားတို့တွင် ထိ ခိုက်နစ်နာကြောင်း ခရိုင်ငါးလုပ်ငန်း အဖွဲ့ချုပ်ထံမှ သိရသည်။

နောက်ထပ်နှစ်ကြိမ် လူထုတွေ့ဆုံ ပွဲပြုလုပ်ရန်ရှိပြီး ယခုတွေ့ဆုံပွဲက တင်ပြသည့် အကြံဥာဏ်များကို ပတ်ဝန်း ကျင်ဆန်းစစ်ခြင်း ဆိုင်ရာ လုပ်ငန်းများ အစီအစဉ်ရေးဆွဲရာတွင် ထည့်သွင်းမည် ဖြစ်ကြောင်း PCML ကုမ္ပဏီ တာဝန်ရှိ သူတစ်ဦးက ပြောသည်။
မြိတ်မြို့တွင် ယင်းကဲ့သို့ ရေနံ လုပ်ကွက်များအတွက် သက်ဆိုင်ရာ ကုမ္ပဏီတို့မှ လူထုတွေ့ဆုံရှင်းလင်းပွဲများ ကို မကြာခဏ လာရောက်ပြုလုပ်လေ့ရှိခဲ့ သော်လည်း လက်တွေ့တွင် ဒေသခံ ငါးဖမ်းလုပ်ငန်းရှင်များ၏ အကြံပြုဆွေး နွေးချက်တစ်ခုမျှ ပါမလာခဲ့ကြောင်း ဦးစန်းမောင်က ပြောသည်။

“ရေနံတွင်းတွေ တူး တူးသွားတယ် ဘာမှမခံစားရဘူး” ဟု မြိတ်မြို့ခံတစ်ဦး ဖြစ်သူ ဦးအောင်သန်းက ပြောသည်။