တနင်္သာရီ အသေးစားငွေချေးလုပ်ငန်း ဥပဒေမူကြမ်း ရှင်းလင်းပွဲများ လုပ်မည်

0
409

တနင်္သာရီတိုင်းဒေသကြီး အသေး စားငွေချေးလုပ်ငန်းဆိုင်ရာ ဥပဒေမူ ကြမ်းကို အများပြည်သူ လေ့လာအကြံပြု နိုင်ရန် ဇွန်လအတွင်း ရှင်းလင်းပွဲများ လုပ်ရန် ရည်မှန်းထားကြောင်း တနင်္သာ ရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောသည်။

လက်ရှိတွင် လွှတ်တော်ကော်မတီ များက ဆွေးနွေးနေဆဲဖြစ်ပြီး လာမည့် ဇွန်လတွင် ခရိုင်အလိုက် ရှင်းလင်းမည် ဖြစ်ကြောင်း တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌက ဆိုသည်။
“ပြည်သူတွေနဲ့ ပတ်သက်ပြီး ဘယ်လိုသဘောတရားရှိလဲဆိုတာကို သူတို့ဆန္ဒကို တစ်ချက်မေးရမယ်”ဟု ဦးခင်မောင်အေးက ပြောသည်။

အဆိုပါ ဥပဒေထွက်ပေါ်လာပါက လက်ရှိတိုင်းအတွင်း ဖြစ်နေသည့် ငွေစု/ ငွေချေးကိစ္စရပ်များကြောင့် ဖြစ်နေသည့် ပြဿနာများကို အဓိက ကာကွယ်နိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
တိုင်းဒေသကြီး အသေးစားငွေချေး လုပ်ငန်းဆိုင်ရာ ဥပဒေ(မူကြမ်း)ကို ပြီးခဲ့ သည့် ဧပြီလက စတင်ရေးဆွဲခဲ့ပြီး ယခု နှစ်အတွင်း အတည်ပြုနိုင်မည်ဖြစ်ကြောင်း တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောသည်။

ဒုတိယအကြိမ် တနင်္သာရီတိုင်း လွှတ်တော်သက်တမ်း ၂ နှစ်ကျော်အတွင်း ယစ်မျိုးခွန်ဥပဒေ၊ တိုင်းဒေသကြီး စည် ပင်သာယာရေး ဥပဒေ၊ တိုင်းဒေသကြီး ပြတိုက်နှင့် စာကြည့်တိုက်များဥပဒေ စ သဖြင့် ဥပဒေပေါင်း ၁၂ ခုကို အတည် ပြုပြဋ္ဌာန်းခဲ့ပြီးဖြစ်ကြောင်း တိုင်းဒေသ ကြီးလွှတ်တော်ထံမှ သိရသည်။