တနင်္သာရီဂျာနယ်အမှုချေဖျက် လျှောက်ထားမှု ဇွန်လ ၁၂ ရက်တွင် ကြားနာမည်

0
401

တနင်္သာရီတိုင်းအစိုးရက တရားစွဲ ဆိုထားသည့်အမှုအား ချေဖျက်ပေးရန် တနင်္သာရီဂျာနယ်၏လျှောက်ထားမှုကို ဇွန်လ ၁၂ ရက်၊ နံနက် ၁၀ နာရီတွင် ကြားနာမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး တရားလွှတ်တော်ထံမှ သိရ သည်။
တရားစွဲဆိုထားမှုကို တနင်္သာရီ ဂျာနယ်ဘက်က အမှုချေဖျက်ပေးရန် တင်ပြလာမှုအပေါ် တိုင်းတရားလွှတ် တော်က ရာဇဝတ်အထွေထွေမှု အမှတ် ၂/၂၀၁၈ ဖြင့် မေလ ၂၁ ရက်က လက်ခံခဲ့သည်။

အမှုကို ချေဖျက်ပေးရန် လျှောက် ထားလာမှုကို လက်ခံခဲ့ပြီးနောက် ယင်း နေ့တွင်ပင် မြို့နယ်တရားရုံးထံမှ စစ် ဆေးဆဲ အမှုတွဲကို တောင်းယူ(အမှုတွဲ ခေါ်)ခဲ့ပြီး တိုင်းအစိုးရထံသို့ အကြောင်း ကြားစာထုတ်လိုက်ကြောင်း တိုင်းတရား လွှတ်တော် ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်နှင်းထွဋ်က ဆိုသည်။
“ကြားနာမယ့်ရက်မှာ စိတ်ဝင် စားသူတွေ လေ့လာသူတွေပါ တက်နိုင် တယ်”ဟု ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်နှင်းထွဋ်က ပြောသည်။

တိုင်းတရားလွှတ်တော်က ယင်း အမှုကို ချေဖျက်ရန် ဆုံးဖြတ်အမိန့်ချပါက မြို့နယ်တရားရုံးတွင် စွဲဆိုထားသည့် အမှုကို ပိတ်သိမ်းရမည်ဖြစ်ပြီး ချေဖျက် ခြင်းမပြုရန် အမိန့်ချပါက အမှုကို မြို့ နယ်တရာရုံးက ဆက်လက်စစ်ဆေးရမည် ဖြစ်ကြောင်း တိုင်းတရားလွှတ်တော်ထံမှ သိရသည်။

မြို့နယ်တရားရုံးတွင် ၁၅ ချိန်း မြောက် ရုံးချိန်းစစ်ဆေးပြီးချိန်တွင် စွပ်စွဲခံရသည့် တနင်္သာရီဂျာနယ်ဘက်က အမှုချေဖျက် (ပယ်ဖျက်)ပေးရန် တိုင်း တရားလွှတ်တော်ထံ လျှောက်ထားခဲ့ခြင်း ဖြစ်သည်။
တနင်္သာရီဂျာနယ်ပါ မဲဆွယ်အပြုံး သရော်စာက တနင်္သာရီတိုင်းဝန်ကြီးချုပ် နှင့် အစိုးရအဖွဲ့၏ ဂုဏ်သိက္ခာကျဆင်းစေ သည်ဟုဆိုကာ တနင်္သာရီဂျာနယ်ကို တိုင်းအစိုးရက တရားစွဲဆိုခဲ့ခြင်း ဖြစ် သည်။