ကန်ဖျားကုန်စိမ်းဈေး လာမည့်သုံးလအတွင်း ပြောင်းရွှေ့မည်

0
459

မြိတ်မြို့ ကန်ဖျားရပ်ကွက်၌ရှိ သော ကုန်စိမ်းဈေးကို လာမည့်သုံးလအတွင်း ပြောင်းရွှေ့သွားနိုင်ရန် စီစဉ်လျက်ရှိ ကြောင်း မြိတ်မြို့နယ်စည်ပင်သာယာ ရေးကော်မတီဥက္ကဋ္ဌ ဦးမြတ်ကိုကိုက ပြောသည်။
ရှမ်းချောင်းရပ်ကွက်တွင် ဆောက် လုပ်နေသည့် ကုန်စိမ်း ပျံကျဈေးမှာ ၈၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း ဦးမြတ် ကိုကိုက ဆိုသည်။

“ရေမီး တပ်ဆင်ပြီးရင်တော့ မကြာ ခင်ပြောင်းတော့မှာပါ”ဟု ၎င်းက ပြော သည်။
ဆောက်လုပ်နေဆဲ ကုန်စိမ်းပျံကျ ဈေးမှာ တစ်ထပ်ဈေးဖြစ်ပြီး ဆိုင်ခန်း ပေါင်း နှစ်ရာနီးပါး ပါဝင်မည်ဟု မြိတ် မြို့နယ် စည်ပင်သာယာရေး ကော်မတီ ထံမှ သိရသည်။

လက်ရှိ ကုန်စိမ်းဈေးမှာ မြို့တွင်း ဖြစ်နေပြီး ယင်းဈေးမှထွက်ရှိသော အနံ့ အသက်ကြောင့် အနီးအနားနေထိုင်သူ များ ကျန်းမာရေးထိခိုက်မှုတချို့ရှိနေ ခြင်း၊ ကုန်စိမ်းတင်ချသည့် ကားကြီးများ ကြောင့် မကြာခဏ လမ်းပိတ်ဆို့မှုဖြစ်နေ ခြင်း အပေါ်အများပြည်သူကလိုလားမှု မရှိခြင်းကြောင့် သင့်တော်သော နေရာ တစ်ခုကို စီစဉ်ခဲ့ကြောင်း ကော်မတီဥက္ကဋ္ဌ က ပြောသည်။

“အားလုံးတော့ မပြောင်းဘူး။ အသီး အရွက် ကုန်စိမ်းသီးသန့်ကိုပဲ ပြောင်းရွှေ့ သွားမယ်”ဟု ၎င်းက ပြောသည်။
လက်ရှိကုန်စိမ်းဈေး၌(တစ်နပ် ဈေး)နေ့တစ်ဝက်ဈေးအဖြစ် ကုန်ခြောက် များနှင့် သားငါးရောင်းချခြင်းကိုမူ ဆက် လက်ခွင့်ပြုသွားမည် ဖြစ်ကြောင်း ဦးမြတ်ကိုကိုက ဆိုသည်။

ကုန်စိမ်းဈေး ပြောင်းရွှေ့မည်ဆို သည်ကို မိမိတို့ဈေးသူ ဈေးသားများ ထံသို့ နှုတ်ဖြင့်သော်လည်းကောင်း စာ ဖြင့်သော်လည်းကောင်း တရားဝင်အသိ ပေး အကြောင်းကြားမှု တစ်စုံတစ်ရာ မရှိသေးကြောင်း ယင်းဈေးသူ^သား တချို့ထံမှ သိရသည်။
“အခြေကျနေပြီးမှ နေရာသစ်ကို ဘယ်သူမှ မပြောင်းချင်ကြဘူး”ဟု ဈေး ရောင်းသက် အနှစ် ၂၀ ခန့်ရှိသူ ဦးအောင်ဝင်း က ပြောသည်။

လက်ရှိကုန်စိမ်းဈေးသည် လှေ ဆိပ်များ သွားလာရလွယ်ကူပြီး ယခု ပြောင်းရွှေ့မည့်နေရာက ဝေးလွန်းသဖြင့် ဝယ်သူ ရောင်းသူ နှစ်ဦးစလုံး အခက်အခဲ အများကြီးရှိသည်ဟု ကုန်စိမ်းရောင်းသူ အချို့က ပြောသည်။