ရေဖြူမြို့ အရှေ့ဘက်ကမ်းဈေး ယခုနှစ် ဆောက်မည်

0
767

ရေး-ထားဝယ် ကားလမ်းနံဘေး ရေဖြူမြို့ ကူးတို့အနီးရှိ အရှေ့ဘက်ကမ်း ဈေးအား ယခုနှစ်တွင် စတင်ဆောက် လုပ်ရန် ဘတ်ဂျက်ရေးဆွဲထားပြီး ဖြစ် ကြောင်း တိုင်းဒေသကြီး လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်က ပြောသည်။

၂၀၁၈ ခုနှစ်၊ ၆လတာ(ဧပြီလမှ စက်တင်ဘာလအထိ) လျာထားဘတ် ဂျက်တွင် ဈေးရုံ နှစ်ခန်းတွဲ၊ အိမ်သာ ၁ လုံးနှင့် ဈေး အဝင်လမ်း သစ်သား တံတားတို့ တည်ဆောက်ရန် ငွေကျပ် ၁၃ ဒသမ ၉၅ သန်းကို ထည့်သွင်း ရေး ဆွဲထားပြီးဖြစ်ကြောင်း ဝန်ကြီးက မတ် လ ၃၀ ရက်တွင် ကျင်းပသည့် တိုင်းဒေ သကြီးလွှတ်တော်အစည်းအဝေးတွင် ပြောကြားသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် လည်း ဈေးရုံ ၂ ရုံ အလျား ၆၀ ပေ၊ အနံ ၁၈ ပေ နှင့် အမြင့် ၁၂ ပေ ရှိသည့် ထပ်မံ တည်ဆောက်ရန်၊ ဈေးမြေနေရာ မြေဖို့ရန်နှင့် ဈေးအဝင် သစ်သားတံတား ငယ် ပြင်ဆင်ရန်အတွက် ငွေကျပ် ၆၁ ဒသမ ၅၂ သန်းကို ဘတ်ဂျက်တွင် လျာထားရေးဆွဲထားပြီးကြောင်း ဝန်ကြီး ဦးဟိုပင်က ပြောကြားသည်။

ဈေးရုံတည်ဆောက်မည့် မြေနေ ရာမှာ ချိုင့်ဝှမ်း ဖြစ်နေသဖြင့် ၎င်းမြေ နေရာတွင် ယခုအခါ အမှိုက်များ စွန့်ပစ် နေပြီး အမှိုက်များဖြင့် ဖို့ပြီးပါက ဈေးတည်ဆောက်ရန်အတွက် မြေသား ဖို့ခြင်းလုပ်ငန်းကို ဆောင်ရွက်သွားမည် ဟု ၎င်းက ဆိုသည်။
ယင်းဈေးသည် ရေဖြူအရှေ့ဘက် ကမ်းနဖူးတွင် ၁၉၉၄ ခုနှစ် မတိုင်မီ ကတည်းက ရှိခဲ့ရာမှ နောက်ပိုင်းတွင် လမ်းနယ်နမိတ်ထဲ ကျရောက်ကာ လမ်း နှင့် အလွန်နီးကပ်နေသဖြင့် ဖျက်လိုက် ရသည်။

ဈေးဟောင်းကိုဖျက်ကာ လမ်းနှင့် လွတ်သည့်နေရာသို့ ပြောင်းရွှေ့ ပြန် လည် ဆောက်လုပ်သော်လည်း ရန်ပုံငွေ အခက်အခဲအရ သင့်တော်သလို ဆောက် လုပ်ခဲ့ရသဖြင့် မြို့အင်္ဂါရပ်နှင့် မညီ ဖြစ်နေကြောင်း ရေဖြူမဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဦးလှထွေးက ပြောသည်။
လက်ရှိတွင် ဈေးအဝင်အထွက် လမ်းကောင်းမွန်မှု မရှိခြင်း၊ ဈေးအဆောက် အအုံ ဟောင်းနွမ်းခြင်း၊ အမှိုက်ပုံ ရှုပ်ပွ နေခြင်းတို့ကြောင့် ရောင်းသူဝယ်သူ နည်းပါးကာ ဈေးရောင်းသူများက ကား လမ်းမကြီးနံဘေးတွင် ရောင်းချကြခြင်း၊ ရပ်ကွက်အတွင်း လှည့်လည်ရောင်းချခြင်း များ ပြုလုပ် နေရကြောင်း ဦးလှထွေးက ပြောသည်။